သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-08-19
မြန်မာနိုင်ငံနဲ့အိန္ဒိယအရှေ့မြောက်ဒေသ အာသံပြည်နယ်မှာ မူဆလင်တွေကို နှိပ်စက် သတ်ဖြတ်နေပါတယ် ဆိုပြီး အင်တာနက် စာမျက်နှာတွေပေါ်မှာ လုပ်ကြံဖေါ်ပြထားတဲ့ ဗွီဒီယို နဲ့ ဓာတ်ပုံတွေကို ပါကစ္စတန်နိုင်ငံထဲ ကနေ ပြုလုပ် ဖြန့်ချိနေတာ ဖြစ်တယ်လို့ အိန္ဒိယ အစိုးရက ပြောဆိုလိုက် ပါတယ်။
2012-08-19
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးနေတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်း တစ်ချို့ရဲ့ လုပ်ရပ်တွေအပေါ် မကျေနပ်တဲ့ ရခိုင်တိုင်းရင်းသား အယောက် (၁၀၀) ကျော်ဟာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး အနီးမှာ ဒီကနေ့ မနက်ပိုင်းက အာဏာပိုင်တွေထံက တရားဝင် ခွင့်ပြုချက်နဲ့ ဆန္ဒပြခဲ့ကြပါတယ်။
2012-08-19
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေဆဲဖြစ်တဲ့ ပဋိပက္ခ ပြဿနာတွေရဲ့ အဖြေကို ဖော်ထုတ်နိုင်ဖို့ သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ် အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ပထမဆုံးအကြိမ် လုပ်ငန်းဖော်ဆောင်ရေး အစည်းအဝေးကို ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။
2012-08-18
မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်း ကောင်စီ ဖွဲ့စည်းခဲ့တဲ့အပေါ် ကန့်ကွက်ပွဲတစ်ရပ်ကို မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂက မနေ့နေ့လည်ပိုင်းက ရန်ကုန်မြို့ Home Media ရုံးခန်းမှာ ကျင်းပခဲ့ပါတယ်။
2012-08-18
ဒီကနေ့ ညနေအချိန်က လဂျားယန်အနီးရှိ တောင်ကုန်းမှာ တပ်စွဲထားတဲ့ အစိုးရတပ်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး မြန်မာပြည်မြောက်ပိုင်း တပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
2012-08-18
ပြည်သူ့လွှတ်တော်က တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီသစ်ကို သြဂုတ်လ ၇ ရက်နေ့က ဖွဲ့စည်းလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရှေ့အလားအလာတွေကို အခြေပြု ဆွေးနွေးထားကြပါတယ်။
2012-08-18
ရန်ကုန်ကွန်ပြူတာ တက္ကသိုလ်ကျောင်းသားတွေရဲ့ ပထမဆုံး သမဂ္ဂအဖွဲ့ကို ကျောင်းသူကျောင်းသား (၅၀) ကျော်နဲ့ မနေ့က စတင်ဖွဲ့စည်းလိုက်တယ်လို့ RFA က စုံစမ်း သိရပါတယ်။
2012-08-18
ပဲခူးတိုင်း အနောက်ခြမ်း သဲကုန်းမြို့နယ်မှာ လယ်သမားသမဂ္ဂ ပေါ်ပေါက်ရေး ကြိုးပမ်းမှု အဖြစ် ဒေသတွင်း လယ်သမားများ အထောက်အကူပြု ကွန်ယက်တခုကို ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။
2012-08-18
ပဲခူးတိုင်း ဥဿာမြို့သစ်အတွင်း အစိုးရပိုင်မြေပေါ်မှာ ဆောက်လုပ်ထားတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ သီလရှင် ကျောင်း (၂၀၀) ကျော်ကို ဖယ်ရှားမယ့် အစီအစဉ်အရ ဒီကနေ့ မနက်ပိုင်းမှာ ကျောင်းတွေကို အဓမ္မ အင်အား သုံးပြီး ဆက်လက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
2012-08-18
ဧရာဝတီတိုင်း မြို့တော် ပုသိမ်မြို့မှာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီး ငဝန်မြစ် ရေတက်လို့ ရပ်ကွက် ၁၀ ခု ကျော်မှာ ရေလွှမ်းမိုးနေတဲ့ အတွက် ဒုက္ခသည်ပေါင်း ၂ သောင်းကျော် ကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေကြရတယ်လို့ သိရပါတယ်။
2012-08-18
လက်ပန်းတောင်းတောင် ကြေးနီ ထုတ်လုပ်ရေး စီမံကိန်းကြောင့် ပြောင်းရွှေ့ဖို့ အမိန့်ထုတ်ခံထားရတဲ့ ကျေးရွာတွေက ဒေသခံ (၅၀) ကျော်လောက်ဟာ မုံရွာမြို့လယ်က အချက်အချာနေရာတွေမှာ အသနားခံစာပေါင်း (၂) ထောင်ခန့်ကို ဒီကနေ့ ဖြန့်ဝေခဲ့ကြတယ်လို့ သိရပါတယ်။
2012-08-18
KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ တပ်မဟာ ၆ နဲ့ ၇ နယ်မြေအတွက် မြန်မာအစိုးရနဲ့ ဆက်ဆံရေးရုံး ကို ကရင်ပြည်နယ် မြဝတီမြို့မှာ ဒီနေ့မနက်က ဖွင့်လှစ်လိုက်ပါတယ်။
2012-08-18
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားမှာ ဗိုလ်ချုပ် အဖြစ် သရုပ်ဆောင်ဖို့ ရွေးချယ်ထားတဲ့ အဓိက သရုပ်ဆောင် ကိုကျောက်ခဲဟာ မိမိဆန္ဒအရ နုတ်ထွက်သွားပြီလို့ သိရပါတယ်။
2012-08-18
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင် ရပ်ကွက်မှာ ဒေသခံ ပြည်သူလူထုနဲ့ တွေ့ဆုံပြီး အလုပ်အကိုင်သစ်တွေ ဖန်တီးပေးဖို့ ပြောကြားခဲ့ပါတယ်။
2012-08-17
ဝါဝါဝင်းကုမ္ပဏီနဲ့ လှိုင်သာယာမြို့နယ်အတွင်း လယ်ယာမြေတွေ သိမ်းယူခံထားရတဲ့ အတွင်းပဒံ၊ အပြင်ပဒံကျေးရွာတွေက လယ်သမား ၆၁ ဦးတို့ဟာ လျော်ကြေးငွေ ရရှိရေးနဲ့ ပတ်သက်လို့ ဒုတိယ အကြိမ်မြောက်အဖြစ် လှိုင်သာယာမြို့နယ် ကျွန်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ မနေ့က တွေ့ဆုံ ညှိနှိုင်းခဲ့ကြပါတယ်။