ရန်ကုန်ကွန်ပြူတာ တက္ကသိုလ်ကျောင်းသား သမဂ္ဂ ဖွဲ့စည်း

ရန်ကုန်ကွန်ပြူတာ တက္ကသိုလ်ကျောင်းသားတွေရဲ့ ပထမဆုံး သမဂ္ဂအဖွဲ့ကို ကျောင်းသူကျောင်းသား (၅၀) ကျော်နဲ့ မနေ့က စတင်ဖွဲ့စည်းလိုက်တယ်လို့ RFA က စုံစမ်း သိရပါတယ်။

2012.08.18
uscy-campus-b305 ရန်ကုန် ကွန်ပြူတာတက္ကသိုလ် ပင်မ အဆောက်အဦ ဖြစ်ပါသည်။
Wikipedia

ရန်ကုန် ကွန်ပြူတာ တက္ကသိုလ် ဖွဲ့စည်းခြင်းနဲ့ သမဂ္ဂခွတ်ဒေါင်းအလံ ပေးအပ်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်က အိမ်တစ်အိမ်မှာ မနေ့ မနက်ပိုင်းက ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဲဒီ အခမ်းအနားကို ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားပေါင်း (၅၀) လောက် အပါအဝင် တခြားတက္ကသိုလ် အသီးသီးက ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့တယ်လို့ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီက ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုစည်သူမောင်က RFA ကို အခုလို ပြောပါတယ်။

"မနေ့က ၁၇ ရက်နေ့မှာ ရန်ကုန် ကွန်ပြူတာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို စတင် ဖွဲ့စည်းဖြစ်တယ်။ ဖွဲ့စည်းပြီး ဖြစ်တဲ့ တခြား တက္ကသိုလ် ကျောင်းသားသမဂ္ဂ အမှုဆောင်တွေလည်း လာတက်ကြတယ်။ ရန်ကုန်စီးပွားရေး တက္ကသိုလ် သမဂ္ဂ၊ ဒဂုံ တက္ကသိုလ် သမဂ္ဂက အမှုဆောင်တွေလည်း လာတက်ကြတယ်။"

မကြာသေးမီ ရက်ပိုင်း အတွင်းကလည်း တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီကနေ ဦးဆောင်ပြီး ထားဝယ်ခရိုင်လုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂကို ထားဝယ်နည်းပညာ တက္ကသိုလ်၊ ထားဝယ် ဝိဇ္ဖာသိပ္ပံတက္ကသိုလ်နဲ့ ထားဝယ် ကွန်ပျူတာ တက္ကသိုလ် စတဲ့ တက္ကသိုလ်(၃) ခု ပေါင်းပြီး ကျောင်းသူကျောင်းသား (၈၀) ကျော်နဲ့ ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။