KNU ဆက်ဆံရေးရုံး မြဝတီမှာ ဖွင့်လှစ်
2012.08.18

မြန်မာအစိုးရနဲ့ KNU တို့အကြား အပစ်အခတ် ရပ်ပြီးတဲ့နောက် နှစ်ဘက် ဆက်ဆံရေးရုံးတွေ ဖွင့်နေရာမှာ ဒီရုံးက စတုတ္ထမြောက်ရုံး ဖြစ်ပါတယ်။ ဒီအခြေအနေဟာ အပစ်အခတ် ရပ်စဲရေး တိုးတက်လာတယ်လို့ ပြောလို့ရပေမယ့် တပြည်လုံး အတိုင်းအတာနဲ့ အပစ်ရပ်ရေး ဆက်လက် ဆောင်ရွက်ရဦးမယ်လို့ KNU ဒု-ဥက္ကဋ္ဌ ဖဒိုစောဒေးဗစ်တာကပေါ ကပြောပါတယ်။
"အပစ်အခတ် ရပ်စဲရေး ဆွေးနွေးတာ နဲနဲ တိုးတက်လာတဲ့ သဘောပေါ့ဗျာ။ လိုရင်းက ကျွန်တော်တို့ ချထားတဲ့မူ ရှိတယ်မဟုတ်လား။ တပြည်လုံး အတိုင်းအတာနဲ့ ရပ်ဖို့။ အခုဟာက ကချင်ဘက်မှာ မရပ်တဲ့ အခါကျတော့ ရှေ့ဆက်သွားဖို့က ဒီ အပစ်အခတ်ရပ်စဲရေး ကိစ္စတောင် နောက်ဆန်တင်းနေရတဲ့ အခြေအနေမှာ ရှိပါတယ်။ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး ကြိုးစားမယ်လေ။ ဆက်ပြီးတော့။"
ဒီနေ့ရုံးဖွင့်ပွဲကို အစိုးရဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု ကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းနဲ့ KNU ဘက်က ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖေါတို့ တက်ရောက် ဖွင့်လှစ် ပေးတာပါ။
အဲဒီပွဲမှာ နှစ်ဘက် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေအပြင် မဟာမိတ်တွေ အဖြစ် DKBA၊ BGF ခေါ် နယ်ခြားစောင့်တပ်၊ KNU-KNLA ငြိမ်းချမ်းရေး ကော်မတီက ကိုယ်စားလှယ်တွေနဲ့ NLD ဒေသဆိုင်ရာ ကိုယ်စားလှယ်တွေ၊ ကရင်နဲ့မွန်ပါတီက ပုဂ္ဂိုလ်တွေ၊ ဒေသခံ ပြည်သူတွေ စုစုပေါင်း ၅ ရာကျော်လောက် တက်ရောက်ကြ ပါတယ်။
ဒီရုံးဖွင့်ပွဲနဲ့ ပတ်သက်လို့ အပြည့်အစုံကို ဦးနေရိန်ကျော်က တင်ပြထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |