သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-12-13
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ကော့မှုးမြို့နယ် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီဇင်ဘာလ ၁၃ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန် ဝိဇ္ဇာ-သိပ္ပံတက္ကသိုလ် မှာ ကျင်းပပြုလုပ်ခဲ့တဲ့ "ရန်ကုန်တက္ကသိုလ်ဆိုင်ရာ အချက်အလက်များတင်ပြခြင်း အစည်းအဝေးပွဲ" ကို တက်ရောက်ဆွေးနွေးခဲ့ပါတယ်။
2012-12-13
လက်ပန်းတောင်းတောင်အရေးနဲ့ ပတ်သတ်ပြီး ငွေကြာယံကျောင်းတိုက် က သံဃာတော်နှစ်ပါးနဲ့အတူ မကြာသေးခင်ကမှ အင်းစိန် အကျဉ်းထောင်ကနေ အာမခံနဲ့ ပြန်လွတ် လာတဲ့ နော်အုန်းလှ၊ ဒေါ်ရှမ်းမ အပါအဝင် လူဆယ်ဦးဟာ ဒီဇင်ဘာလ ၁၃ ရက်နေ့ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့မှာ စီတန်းလမ်းလျှောက် ဆန္ဒပြခဲ့ပါတယ်။
2012-12-13
မန္တလေး၊ ချမ်းမြ သာစည်မြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး တောင်ဘက် မှာရှိတဲ့ ဦးပွား ဘုရားမှာ ဒုတိယနေ့ အဖြစ် သံဃာတော်တွေနဲ့ လူထု ၁ဝဝ ကျော်ဟာ ဒီဇင်ဘာလ ၁၃ ရက် ဒီကနေ့ နေ့လည် ၁ နာရီက ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ ကြပါတယ်။
2012-12-12
ရန်ကုန်မြို့က စာသင်သံဃာတော် အပါး ၃ဝဝ ဝန်းကျင် ပါဝင်တဲ့ "ဗုဒ္ဓသာဝက ရဟန်းပျိုများအဖွဲ့" ဟာ လက်ပန်းတောင်းတောင် သပိတ်စခန်းဖြိုခွဲမှုနဲ့ ပတ်သတ်ပြီး တောင်းဆိုထားတဲ့အချက်တွေကို အစိုးရဖက်က အကောင်အထည် မဖော်ပေးတဲ့ အတွက် ဒီကနေ့ မွန်းလွဲပိုင်းက ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၊ ကြေးသွန်းဘုရားကြီးကနေ ရန်ကုန်မြို့လယ် ဆူးလေဘုရားအထိ စီတန်း လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
2012-12-12
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း သပိတ်စခန်းတွေ ဖြိုခွင်းရာမှာ ဒဏ်ရာရခဲ့တဲ့ သံဃာတော်တွေ အတွက် ဆုတောင်းပွဲတစ်ရပ်ကို ရခိုင်ပြည်နယ် စစ်တွေမြို့၊ အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီး ရင်ပြင်တော်မှာ ဒီကနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ နေ့လည် ၁ နာရီက ကျင်းပပြုလုပ်ခဲ့ပါတယ်။
2012-12-12
လက်ပန်းတောင်းတောင် အရေးကိစ္စ အပေါ် တောင်းဆိုထားတဲ့ တောင်းဆို ချက် ၃ ချက် ကို အစိုးရဖက်က လိုက်လျောမှုမရှိတဲ့အတွက် မန္တလေးမြို့က သံဃာထုနဲ့ ထောက်ခံသူ နှစ်ထောင်နီးပါးလောက် ဟာ မန္တလေး၊ ချမ်းမြ သာစည်မြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး တောင်ဘက်မှာရှိတဲ့ ဦးပွားဘုရားကနေ ဒီဇင်ဘာလ ၁၂ ရက်နေ့ ဒီနေ့နေ့လည် ၁ နာရီမှာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
2012-12-12
မြန်မာနိုင်ငံကို ၇ နှစ်ကြာ မလာရောက်ခဲ့တဲ့ ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် နိုင်ငံတကာကြက်ခြေနီ အဖွဲ့ ICRC ဟာ မြန်မာနိုင်ငံ က အကျဉ်းထောင်တွေရဲ့ အခြေအနေကို မကြာခင် ပြန်လည်လာရောက် ကြည့်ရှုဖို့ စီစဉ်နေပြီလို့ သိရပါတယ်။
2012-12-11
အစိုးရအနေနဲ့ သံဃာထုတောင်းဆို ထားတဲ့ အချက်တွေကို လိုက်နာဖို့ ဒီဇင်ဘာလ ၁၂ ရက်နေ့ နေ့လည် ၁၂ နာရီဟာ နောက်ဆုံး သတ်မှတ်တဲ့ အချိန်ဖြစ်ကြောင်း မန္တလေးသံဃာထုက သတိပေး မိန့်ကြားလိုက်ပါတယ်။
2012-12-11
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဟာ ကော့မှူးမြို့နယ်တွင်းက ဒေသခံတွေနဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ သွားရောက်တွေ့ဆုံ ခဲ့ပါတယ်။
2012-12-11
နိုဝင်ဘာ ၂၆ ရက်နေ့က ရန်ကုန်မြို့လယ်မှာ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းပစ်ရေး ဆန္ဒပြ ခဲ့ကြတဲ့အတွက် ဖမ်းဆီးတရားစွဲခံရပြီး အင်းစိန် အကျဉ်းထောင်မှာ အကျဉ်းကျခံထားရ တဲ့ နော်အုန်းလှ အပါအဝင် ၆ ဦးဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ အာမခံနဲ့ ပြန်လည်လွတ်မြောက် လာပြီ ဖြစ်ပါတယ်။
2012-12-11
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ဈာပနအရေးအခင်း နှစ်ပေါင်း ၃၈ နှစ်ပြည့် အထိမ်းအမှတ် အခမ်း အနားကို ရန်ကုန်မြို့၊ မရမ်းကုန်း မြို့နယ်မှာရှိတဲ့ ပေါက်စေတီကျောင်းတိုက်မှာ ဒီကနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့ပါ တယ်။
2012-12-11
မကြာခင်ရက်ပိုင်းက ရန်ကုန်မြို့မှာ တကြော့ပြန် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး၊ တနင်္လာနေ့က အာမခံနဲ့ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ဦးဂမ္ဘီရ(ခေါ်)ဦးညီညီလွင် ကို RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2012-12-10
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်မှာ ဒီကနေ့ ကျင်းပရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာ အစိုးရ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တက်ရောက်ခဲ့ပါတယ်။
2012-12-10
မျိုးဆက်သစ်လူငယ်များ (Generation Wave) အဖွဲ့ဝင် ၁ဝဝ ခန့်ဟာ ဒီကနေ့ ဒီဇင်ဘာလ ၁ဝ ရက်နေ့ မနက်ပိုင်းက လက်ပန်းတောင်းတောင်အရေးနဲ့ ပတ်သက်ပြီး ဒီကနေ့မနက်ပိုင်းမှာ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2012-12-10
လွှတ်တော်ကဖွဲ့စည်းခဲ့တဲ့ “လယ်ယာမြေနဲ့အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်အဖွဲ့” ဟာ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်းမှာ စစ်တပ်က သိမ်းဆည်းထားတဲ့ လယ်မြေတွေနဲ့ ပတ်သက်ပြီး မနေ့က ဒီဇင်ဘာလ ၉ ရက်နေ့မှာ စတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။