ကြေးနီတောင်စီမံကိန်း ဆန့်ကျင်ဆန္ဒပြသူတွေ လွတ်မြောက်လာပြီ

နိုဝင်ဘာ ၂၆ ရက်နေ့က ရန်ကုန်မြို့လယ်မှာ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းပစ်ရေး ဆန္ဒပြ ခဲ့ကြတဲ့အတွက် ဖမ်းဆီးတရားစွဲခံရပြီး အင်းစိန် အကျဉ်းထောင်မှာ အကျဉ်းကျခံထားရ တဲ့ နော်အုန်းလှ အပါအဝင် ၆ ဦးဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ အာမခံနဲ့ ပြန်လည်လွတ်မြောက် လာပြီ ဖြစ်ပါတယ်။

2012.12.11
latpadaung-ygn-305 လက်ပန်းတောင်းတောင်အရေး ရန်ကုန်မှာ ဆန္ဒပြခဲ့သူတွေကို ဒီဇင်ဘာ ၃ ရက်နေ့က တရားရုံးတင် စစ်ဆေးစဉ်
Photo: RFA

အကျဉ်းထောင်ကနေ ဒီကနေ့ ပြန်လည်လွတ်မြောက်လာပြီးနောက်မှာ ပုဒ်မ ၅ဝ၅ (ခ) အတွက် ပြင်ပကနေ အမှုရင်ဆိုင်ရမှာ ဖြစ်တယ်လို့ နော်အုန်းလှက RFA ကိုပြောပါတယ်။

ကျောက်တံတားမြို့နယ် တရားရုံးနဲ့ ဗဟန်းမြို့နယ် တရားရုံးတို့ကနေ ပုဒ်မ ၅ဝ၅ (ခ)နဲ့ တရားစွဲခံထားရတဲ့ နော်အုန်းလှ အပါအဝင် ဦးမျိုးချစ်၊ ဒေါ်ရှမ်းမနဲ့ ကိုဝေလု တို့လည်း အာမခံနဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

အလားတူ ဒီဇင်ဘာလ ၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ Generation Wave အဖွဲ့က ကိုမိုးသွေးနဲ့ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုအောင်စိုးတို့လည်း အာမခံနဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ကိုမိုးသွေးက သူ့ကို ဖမ်းဆီးတာဟာ ပုဒ်မ ၅ဝ၅ (ခ) နဲ့ မညီညွတ်ဘူးလို့ ပြောပါတယ်။ ပြန်လည်လွတ်မြောက်လာသူတွေထဲက ကိုအောင်စိုး၊ ကိုမိုးသွေး၊ ကိုဝေဠု၊ ဦးမျိုးချစ်တို့ဟာ ၈၈မျိုးဆက်ကျောင်းသားများရုံးခန်းကို ဒီကနေ့ ညနေပိုင်းက သွားရောက်ခဲ့ပြီး ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

နော်အုန်းလှကို RFA ဝိုင်းတော်သူ မငြိမ်းငြိမ်းပြည့်က ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။