မန္တလေး ရန်ကုန် စစ်တွေ ပုသိမ်မြို့ကြီး တွေ မှာ သံဃာတွေ သပိတ်စတင်ပြီ
2012.12.12

မနေ့က ဒီဇင်ဘာလ ၁၂ ရက် နေ့လည် ၁၂ နာရီ နောက်ဆုံးထားပြီး သံဃာထုကို အစိုးရက တောင်းပန်ဖို့ ပြောဆိုခဲ့ပါတယ်။
ဒီကနေ့ မန္တလေးမြို့က ဆန္ဒုပြပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့လှုပ်ရှားမှု ဦးဆောင်ကော်မတီရဲ့စီစဉ်မှုနဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အထက်ဗမာပြည် ဗကသများအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တွေ၊ မန္တလေးတိုင်းက ၈၈မျိုးဆက်ကျောင်းသားအဖွဲ့တွေ အပါအဝင် နိုင်ငံရေးအင်အားစုတွေပါ သံဃာတော်တွေနောက်ကနေ အင်အားဖြည့် အလံကိုင်ချီတက် လိုက်ပါခဲ့ကြပါတယ်။ ဦးပွားဘုရားဝင်းကို အာဏာပိုင်တွေက သော့ပိတ်ထားတဲ့အတွက် သံဃာတော်တွေဟာ ဘုရားဝင်းပြင်ပမှာပဲ စုဝေးနိုင်ခဲ့ကြပါတယ်။
အာဏာပိုင်တွေဖက်က အနှောက်အယှက် ပေးတာမျိုးမရှိပေမယ့် စောင့်ကြည့်မှတ်တမ်းယူတာတွေ ရှိတယ်လို့သိရပါတယ်။
ဆန္ဒပြလမ်းလျှောက်ပြီး အဆုံးသတ်မှာ ဂဠုန်နီဆရာတော်ဦးကာဝိယက သံဃာတော်တွေနဲ့ လူထုပရိသတ်ကို သြဝါဒ စကားမိန့်ကြားခဲ့ပြီး မနက်ဖြန်နေ့လည် ၁ နာရီမှာ အဲဒီဦးပွားဘုရားမှာပဲ စုဝေးပြီး ဆက်လက်ဆန္ဒပြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ မြို့ကြီးအတော်များများမှာ သံဃာတွေဆန္ဒဖေါ်ထုတ်တဲ့ အခြေအနေကို RFA သတင်းထောက် မငြိမ်းငြိမ်းပြည့်က စုစည်းတင်ပြထားပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |
သံဃာတွေရဲ့ တောင်းဆိုချက်နဲ့ ဒါဏ်ရာရသံဃာတစ်ချို့ရဲ့ နောက်ဆုံး အခြေအနေသိရအောင် သံဃာတော်များ စောင့်ရှောက်ရေးအဖွဲ့က ဆရာတော် ဦးဝိမလကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |
သံဃာ့လှုပ်ရှားမှုအပေါ် နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အမြင်သဘောထားတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က စုစည်းတင်ပြထားပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |