သံဃာတွေအား တောင်းပန်ရန် ၁၂ ရက် ၁၂ လ ၁၂ နာရီ နောက်ဆုံးအချိန် သတ်မှတ်လိုက်ပြီ
2012.12.11

သံဃာတွေ တောင်းဆိုထားတဲ့ အချက် ၃ ချက်စလုံးကို တစ်စုံတရာတုန့်ပြန်မှု မရှိခဲ့ဘူးဆိုရင် ဒီဇင်ဘာလ ၁၂ ရက်နေ့ နေ့လည်၁ နာရီမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့အထွေထွေသပိတ်ကို စတင်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
အဲဒီအတွက် အထက်ဗမာပြည်နဲ့ အောက်ဗမာပြည် သံဃာတော်တွေ ပူးပေါင်းပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့လှုပ်ရှားမှု ဦးဆောင်ကော်မတီကို ဒီဇင်ဘာလ ၁၁ ရက်နေ့က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ ဖွဲ့စည်းခဲ့ပြီး ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။
ဒီထုတ်ပြန် ကြေညာချက်ထဲမှာ နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့က လက်ပန်းတောင်းတောင် သပိတ်ဖြိုခွဲမှုမှာ ထိခိုက်ဒဏ်ရာရ သံဃာထုတစ်ရပ်လုံးကို ဝန်ချတောင်းပန်ဖို့၊ အကြမ်းဖက်ဖြိုခွင်းမှုမှာ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူပေးဖို့၊ ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး ဖမ်းဆီးထားသူတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ဆိုပြီး အချက် ၃ချက်ပါရှိပါတယ်။
အဲဒီအတောအတွင်းမှာ ဒီကနေ့ နေလည်ပိုင်းက လက်ပန်းတောင်းတောင်အရေးကိစ္စနဲ့ ဖမ်းဆီးထားသူအများစုကို အာမခံအသီးသီးနဲ့ ပြန်လွှတ်ပေးနေတယ်လို့ စုံစမ်းသိရပါတယ်။
ဆရာတော် ဦးသောဘိတကို RFA သတင်းထောက် မအိအိခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |