သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-11-20
မြန်မာအစိုးရရဲ့ အမျိုးသားအဆင့် ကျေးလက်ဒေသဖွံ့ဇြိုးရေး မဟာဗျူဟာစီမံကိန်း မူဘောင်အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်မှာ နိုဝင်ဘာ ၁၈ ရက်နေ့က ကျင်းပရာမှာ သမ္မတဦးသိန်းစိန် တက်ရောက်စကားပြောပါတယ်။ RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြထားပါတယ်။
2013-11-19
မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ ကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့၊ နိုင်ငံတွင်းက တခြား အစ္စလမ်ဘာသာဝင်တွေအပေါ် အကြမ်းဖက်တာတွေကို တားဆီးကာကွယ်ပေး ဖို့ မြန်မာအစိုးရကို တိုက်တွန်းရေး ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက အင်္ဂါနေ့က အားလုံးသဘောတူ အတည်ပြုခဲ့ပါတယ်။
2013-11-19
မြန်မာ့လေကြောင်း လုံခြုံ စိတ်ချဘေးကင်းရေးနဲ့ လေဆိပ်တွေရဲ့ အခြေအနေ တိုးတက်လာဖို့အတွက် ပြင်ပပုဂ္ဂလိက ကုမ္ပဏီတွေကိ ုငှားရမ်းဖို့ အစိုးရက ရည်ရွယ်နေကြောင်း ရိုက်တာသတင်းက ဖေါ်ပြပါတယ်။
2013-11-19
ဒီနှစ်ကုန်တာနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ရှိတော့မှာမဟုတ်ဘူး ဆိုတဲ့ကတိစကား တည်စေလိုကြောင်း ကုလသမဂ္ဂက မြန်မာအစိုးရကို မနေ့က တိုက်တွန်းလိုက် ပါတယ်။
2013-11-19
“သူရိယနေဝန်းဂျာနယ်”ဟာ ခရိုနီလို့ အများကခေါ်နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ဦးတည်ချက်ထားပြီး တိုက်ခိုက်ရေးသားနေတယ်ဆိုပြီး ပြစ်တင်ဝေဖန်မှုတွေရှိနေသလို အဲဒီလိုဆောင်းပါးတွေကြောင့်ပဲ ဝယ်ယူဖတ်ရှုသူတွေ များနေတယ်လို့ ဂျာနယ်ထုတ်ဝေသူက ပြောပါတယ်။
2013-11-19
မြန်မာနိုင်ငံ တနင်္သာရီတိုင်း ကော့သောင်းမြို့နဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ကို ကုန်းလမ်းခရီးနဲ့ဆက်သွယ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီးပွားရေးကူးသန်းရောင်းဝယ်မှုတွေ မြှင့်တင်နိုင်ဖို့ အတွက် နှစ်နိုင်ငံချစ်ကြည်ရေးတံတား တည်ဆောက် မယ့်နေရာကို လေ့လာမှုတွေ စတင်နေပြီဖြစ်တယ်လို့ သိရပါတယ်။
2013-11-19
နော်ဝေးနိုင်ငံအခြေစိုက် တယ်လီနော Telenor ဆက်သွယ်ရေး ကုမ္ပဏီအနေနဲ့ လာမယ့် ၅ နှစ်အတွင်း မြန်မာနိုင်ငံရဲ့တယ်လီနော ဆက်သွယ်ရေးလိုင်း မိတဲ့နေရာတိုင်းမှာ တယ်လီနောဖုန်း Sim Card နဲ့ ငွေဖြည့်ကဒ် လက်လီအရောင်းဆိုင်ပေါင်း ၁ သိန်းကျော် ဖွင့်လှစ်သွားမယ်လို့ Telenor ကုမ္ပဏီက ဒီကနေ့ ပြောလိုက်ပါတယ်။
2013-11-19
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သတ်ပြီး ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှု နည်းပါးနေတာတွေ၊ ကြောက် ရွံ့တွေဝေတာတွေ ရှိနေကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ပြည်သူ့ကွန်ရက်က ဒီနေ့နေ့စွဲနဲ့ သဘော ထားကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
2013-11-19
ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ) ကို ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်က မနေ့က နိုဝင်ဘာလ ၁၈ ရက်နေ့ နေ့စွဲနဲ့ ပါတီတည်ထောင်ခွင့် ပြုလိုက်တယ်လို့ ပါတီတာဝန်ရှိသူတွေ က ပြောပါတယ်။
2013-11-19
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းထဲပါဝင်တဲ့ မိုးကြိုးပြင်တောင်ရွာ မုံရွာ-ပုသိမ်အဝေးပြေး ကားလမ်းမပေါ် မှာ နေရာချထားတဲ့ လုံခြုံရေးကင်းတဲတွေကို အဲဒီနေရာ နဲ့ လေးဖာလုံဝေးတဲ့ မြေဖြူကျင်းတံတားနားကို မနေ့ည က နေရာပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။
2013-11-19
တရားမဝင် စီတန်းလှည့်လည်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၈) နဲ့ တရားစွဲဆိုခံထားရပြီး လက်ရှိ အင်းစိန်ထောင်မှာ အကျဉ်းကျ ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထင်ကျော်ကို ဒီကနေ့ ကျောက်တံတားမြို့နယ် တရားရုံးက ထောင်ဒဏ် ၃ လနဲ့ ပန်းပဲတန်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လ စုစုပေါင်း ၉ လ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
2013-11-19
ကချင်ပြည်နယ် မန်စီမြို့နယ် နမ့်လင်းပါကျေးရွာမှာ အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေတို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ နှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒုက္ခသည်တွေ ကို ကူညီပေးနေတဲ့ ပြည်တွင်းအခြေစိုက် ကချင်လူမှု ကူညီရေးအဖွဲ့၇ ဖွဲ့က ကြေညာချက်တစ်စောင်ကို မနေ့ကနေ့စွဲနဲ့ ထုတ်ပြန်ကြေငြာပါတယ်။
2013-11-19
မြန်မာနိုင်ငံမှာ ဒီဇင်ဘာလလ ၁၁ ရက်နေ့ စတင်ကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပွဲတော် ဆီးဂိမ်းမှာ နိုင်ငံပေါင်း ၁၁ နိုင်ငံက အားကစားသမားပေါင်း ၅၀၀၀ကျော် လာရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဆီးဂိမ်မှာ အိမ်ရှင်မြန်မာနိုင်ငံအသင်း အောင်နိုင်ရေးအပါအဝင် ပြင်ဆင်ထားမှု အခြေအနေတွေနဲ့ ပတ်သက်လို့ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2013-11-19
ကာတွန်းဆရာကြီး ဦးဘဂျမ်းကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ်ပြုလုပ်တဲ့ ကာတွန်းပြပွဲကို ရန်ကုန် လမ်းမတော်မြို့နယ် ၁၃ လမ်း (အောက်ခြမ်း) မှာ နိုဝင်ဘာလ ၁၅ ရက်နေ့က စတင်ကျင်းပနေပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်
2013-11-19
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပမယ့် "တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့" ဆွေးနွေးပွဲကို တက်ရောက်မယ့် KIA ကချင်လွတ်မြောက်ရေးတပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ဟာ ဒီနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။