သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-09-15
စက်တင်ဘာ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ စစ်အစိုးရတပ်တွေနဲ့ KNU ကရင်အမျိုးသား အစည်းအရုံး တပ်ဖွဲ့တွေကြား တနေ့တာ အပစ်အခတ်ရပ်စဲဖို့ KNU အဖွဲ့က စက်တင်ဘာ ၁၅ ရက် ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
2010-09-15
အင်းစိန်ထောင်မှာ ထောင်ဒဏ် ၃၈ နှစ်ကျခံနေရတဲ့ ပြည်မြို့က မြန်မာနိုင်ငံ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး အေဘီအက်စ်ဒီအက်ဖ် အဖွဲ့ဝင် ကိုအေးမင်းနိုင်နဲ့ ၇ ဦးအဖွဲ့ကို ဒီကနေ့ စက်တင်ဘာ ၁၅ ရက်မှာ ထောင်ဒဏ် ၁၀ နှစ်စီ ထပ်တိုး ချမှတ် လိုက်တယ်လို့ သိရပါတယ်။
2010-09-15
စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်က NLD ပါတီကို ဖျက်သိမ်းလိုက်ပြီလို့ စက်တင်ဘာ ၁၄ ရက် မနေ့က ကြေညာခဲ့ပေမဲ့ NLD ပါတီဟာ ပြည်သူလူထုနဲ့ တသားတည်း ဆက်လက် ရှင်သန်နေမယ်ဆိုတာ ယုံကြည်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ဒီကနေ့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
2010-09-15
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို တရားဝင်ရပ်တည်ခွင့် မရှိတော့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စက်တင်ဘာ ၁၄ ရက် မနေ့က ထုတ်ပြန်ကြေညာချက်ဟာ ဥပဒေနဲ့ မညီဘူးလို့ NLD ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဒီကနေ့ RFA ကို ပြောပါတယ်။
2010-09-15
ပြည်ပမီဒီယာတွေကို သတင်းပို့ဖို့ တရားမဝင် ဂြိုဟ်တုဖုန်း အိပ်ချိန်း လုပ်နေတယ်ဆိုပြီး မွန်ပြည်နယ် ဘီးလင်းမြို့က ဂြိုဟ်တုဖုန်း ကိုင်ဆောင်ထားသူ လေးဦးကို ပြီးခဲ့တဲ့ အပတ်က အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေထံက သိရှိရပါတယ်။ ဒီလူတွေကို မြန်မာဆက်သွယ်ရေး လုပ်ငန်းဥပဒေကို ချိုးဖောက်မှုနဲ့ အာဏာပိုင်တွေက တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
2010-09-14
ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတွေ ထုတ်ပြန် ကြေညာခြင်း မရှိသေးတဲ့ကာလမှာ အစိုးရပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ စည်းရုံးရေးမှူးတွေဟာ ရန်ကုန်တိုင်း မြို့နယ်တချို့မှာ ကြိုတင်မဲတွေ ပေးဖို့ စည်းရုံးနေတယ်လို့ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP ) ဥက္ကဋ္ဌ ဦးသိန်းဌေးက ပြောပါတယ်။
2010-09-14
ထိုင်းနဲ့ လာအိုနိုင်ငံ နယ်စပ်နားက ခေါန်ကန်မြို့ ထိုင်းငါးဖမ်းပိုက်စက်ရုံက မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ ၇ ရက်ဆက်တိုက် ဆန္ဒပြနေရာမှာ စက်တင်ဘာ ၁၄ ရက် ဒီကနေ့ဆိုရင် လူတထောင်နီးပါး ရှိနေပြီး သူတို့တောင်းထားတဲ့ အချက် ၄ ချက် မရမချင်း ဆက်လက် ဆန္ဒပြသွားမယ်လို့ သိရပါတယ်။
2010-09-14
နိုင်ငံရေးအင်အားစု အားလုံး ပါဝင်တဲ့ ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာကို ပြသနိုင်ရေးအတွက် အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီ ရွေးကောက်ပွဲဝင်ဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးက တဆင့် ငွေကြေး ထောက်ပံ့ခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပါတယ်။
2010-09-14
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ နေထိုင်တဲ့ အမှန်တရား ပြန်လည်ဖော်ဆောင်ရေး လူငယ်များအဖွဲ့ ခေါင်းဆောင် ဦးကိုကိုနိုင်ကို အာဏာပိုင်တွေက အခုရက်ပိုင်းအတွင်း ခြိမ်းခြောက်မှုတွေ တိုးမြှင့်ပြုလုပ် လာတယ်လို့ သိရပါတယ်။
2010-09-14
မြန်မာစစ်အစိုးရရဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူဖို့ သြစတြေးလျက အကြီးဆုံးပြည်နယ် ဖြစ်တဲ့ နယူးဆောက်ဝေးလ် ပြည်နယ်ပါလီမန်က သြစတြေးလျ ဗဟိုအစိုးရကို တောင်းဆိုလိုက်ပါတယ်။
2010-09-14
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ စစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေသစ်အရ နိုင်ငံရေးပါတီ အဖြစ် ပြန်လည်မှတ်ပုံတင် သက်တမ်း မတိုးခဲ့တဲ့အတွက် ပယ်ဖျက်ကြောင်း စစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင် အသစ်က စက်တင်ဘာ ၁၄ ရက် ဒီကနေ့ညနေ ၆ နာရီက ကြေညာလိုက်ပါတယ်။
2010-09-14
ထိုင်း ငါးဖမ်းပိုက်ကွန် စက်ရုံက မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ဆန္ဒပြမှုတွေ နေ့စဉ် ရက်ဆက် ဖြစ်ပေါ်နေပါတယ်။
2010-09-13
ဦးရဲထွန်း ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (မြန်မာနိုင်ငံ) ပါတီဟာ ခွပ်ဒေါင်း တံဆိပ်နဲ့ ၈၈ မျိုးဆက်ကျောင်းသားများဆိုတဲ့ နာမည်ကို အသုံးပြုပြီး စက်တင်ဘာ ၁၃ ရက် ဒီကနေ့ မနက်ပိုင်းက အင်းစိန်မြို့နယ်အတွင်း လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တဲ့အတွက် မြို့ခံတွေ မကျေမနပ်ဖြစ် နေကြတယ်လို့ သိရပါတယ်။
2010-09-13
စစ်အစိုးရ ခေါင်းဆောင်တွေ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ချင်းပြည်နယ် တလွှား ရွေးကောက်ပွဲအတွက် စည်းရုံးရေး ပိုလုပ်လာနေတဲ့အတွက် ချင်းပြည်နယ်မှာ အရင်ကလို အာဏာပိုင်တွေက ဒေသခံတွေအပေါ် အတင်းအကျပ် လုပ်အားပေးခိုင်းစေတာနဲ့ အတင်းအကျပ် ငွေကြေးကောက်ခံတာတွေ မတွေ့ရတော့ဘူးလို့ ဒေသခံတချို့က RFA ကို ပြောပါတယ်။
2010-09-13
ချောင်းဆိုးရင်ကျပ်ဝေဒနာကြောင့် ဆေးရုံတက်ဆေးကုသခံနေရတဲ့ NLD ခေါင်းဆောင်တဦးဖြစ်တဲ့ သတင်းစာ ဆရာကြီး ဦးဝင်းတင်ရဲ့ ကျန်းမာရေးအခြေအနေဟာ စိုးရိမ်စရာမရှိဘူးလို့ ဆိုပေမဲ့ သက်သာလာတာ မတွေ့ရဘူးလို့ ဦးဝင်းတင်နဲ့ အနီးကပ်နေထိုင်သူက RFA ကိုပြောပါတယ်။