မြန်မာလုပ်သားများအပေါ်ထိုင်းစက်ရုံ မသမာမှုကျူးလွန်

ထိုင်း ငါးဖမ်းပိုက်ကွန် စက်ရုံက မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ဆန္ဒပြမှုတွေ နေ့စဉ် ရက်ဆက် ဖြစ်ပေါ်နေပါတယ်။

2010.09.14



ထိုင်းနဲ့ လာအိုနိုင်ငံ နယ်စပ်နားက ခေါန်ကန်မြို့ ဒေချန်ပါနစ် ထိုင်း ငါးဖမ်းပိုက်ကွန် စက်ရုံက မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ယာယီ နိုင်ငံကူးလက်မှတ်မှာ ထိုင်းအလုပ်ရှင်က မိမိသဘောနဲ့ ရေးခြစ် ပြင်ဆင်တာတွေ လုပ်ထားတဲ့အတွက် မိမိတို့ နိုင်ငံကူးစာအုပ်တွေ တရားမဝင် ဖြစ်သွားမှာကို စိုးရိမ်ပြီး ဆန္ဒပြမှုတွေ နေ့စဉ် ရက်ဆက်ဖြစ်ပေါ်နေပါတယ်။ နှစ်နိုင်ငံ နားလည်မှု စာချွှန်လွှာ သဘောတူညီချက်နဲ့ တရားဝင်ထုတ်ပေးထားတဲ့ မြန်မာနိုင်ငံ ယာယီနိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်ခွင့် ကဒ်ပြားတွေကို အခုလို ပြင်ဆင်တာ၊ မူရင်း ဓါတ်ပုံတွေခွါပြီး တခြားအလုပ်သမား ဓါတ်ပုံတွေနဲ့ အစားထိုးထည့်တဲ့ လုပ်ရပ်တွေဟာ ဥပဒေကို ချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အလုပ်သမားအခွင့်အရေး ကာကွယ်ရေးသူတွေက ထောက်ပြပါတယ်။


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။