သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-07-23
မြန်မာ့ပြည်တွင်းစစ်မှာ အာဏာသိမ်းစစ်ကောင်စီ မအောင်မြင်နိုင်ပေမဲ့၊ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို သုတ်သင်ရှင်းလင်းမှာဖြစ်ကြောင်း စစ်တပ်က ပြောဆိုလိုက်တယ်လို့ ဝါရှင်တန်ပို့ သတင်းစာမှာ ဖော်ပြထားပါတယ်။
2022-07-23
RFA အဖွဲ့သူ မခက်မာ နှစ်ပတ်တခါ တင်ဆက်နေတဲ့ မတူသောချစ်ခြင်း အစီအစဉ်ဖြစ်ပါတယ်။
2022-07-22
သေဒဏ်အပြစ်ပေးခံထားရတဲ့ ၈၈ ငြိမ်းပွင့်အဖွဲ့က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဂျင်မီ ခေါ် ဦးကျော်မင်းယုနဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် တို့ကို သူတို့ မိသားစုဝင်တွေနဲ့ ဇူလိုင် ၂၂ ရက်နေ့ မနေ့ ညနေပိုင်းက အင်းစိန်ထောင်မှာ ထောင်ဝင်စာတွေ့ခွင့်ပြုခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ ဒါဟာ မနှစ်က သူတို့ ဖမ်းဆီးခံရချိန်ကစပြီး သက်ဆိုင်ရာမိသားစုတွေအနေနဲ့ ပထမဆုံးအကြိမ် ထောင်ဝင်စာတွေ့ခွင့်ရတာ ဖြစ်ပါတယ်။
2022-07-22
ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံး သတ်ဖြတ်မှုစွဲချက်အတွက် မြန်မာနိုင်ငံကို ICJ တရားရုံးမှာ စွဲဆိုထားတဲ့အမှုမှာ မြန်မာဘက်က ကနဦး ကန့်ကွက်ချက်တွေ အားလုံးကို မနေ့က ICJ တရားရုံးကနေ ပယ်ချလိုက်ပါတယ်။ အခုဆိုရင် ဒီအမှုကို ICJ တရားရုံးကနေ ဆက်လက် စစ်ဆေးစီရင်ချက်ချပြီး၊ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခံရတဲ့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ဆောင်ကျဉ်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း ရိုဟင်ဂျာ တက်ကြွလှုပ်ရှားသူတွေနဲ့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
2022-07-22
ရန်ကုန်မြို့မှာ CNG ဓာတ်ငွေ့ပိုက်လိုင်းပေါက်တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဇူလိုင်လ ၂၂ ရက်နေ့မနက်ကစလို့ CNG ဓာတ်ငွေ့အရောင်းဆိုင်တွေမှာ CNG သုံး မော်တော်ယာဉ်အများအပြား တန်းစီနေကြတာ တွေ့ရပါတယ်။
2022-07-22
မနှစ်က သူတို့ဖမ်းဆီးခံရချိန်ကစပြီး သက်ဆိုင်ရာမိသားစုတွေအနေနဲ့ ပထမဆုံးအကြိမ် ထောင်ဝင်စာတွေ့ခွင့်ရတာ ဖြစ်ပါတယ်။
2022-07-22
ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံကို အရေးယူပေးဖို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့အပေါ် မြန်မာဘက်က တင်သွင်းထားတဲ့ ကနဦးကန့်ကွက်လွှာ လေးခုစလုံးကို ICJ တရားသူကြီးအားလုံးက တစ်ညီတစ်ညွတ်တည်း ပယ်ချလိုက်ပါတယ်။
2022-07-22
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ် လွိုင်နိုင်းကျေးရွာအနီးက SSPP တပ်စခန်းသုံးခုကို ဆုတ်ခွာပေးမှာမဟုတ်ကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့က စစ်ကောင်စီဘက်ကို အကြောင်းပြန်ထားတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က RFA ကို ဒီနေ့ပြောပါတယ်။
2022-07-22
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောမြို့နယ်က ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အပေါ် မြန်မာနိုင်ငံရဲ့ ကန့်ကွက်ချက်ကို လက်ခံ၊ မခံ နိုင်ငံတကာတရားရုံး (ICJ) က ဇူလိုင် ၂၂ ရက် ဒီကနေ့ မြန်မာစံတော်ချိန် ည ၇ နာရီခွဲမှာ အမိန့်ချမှတ်တော့မှာပါ။
2022-07-22
ရန်ကုန်မြို့ရဲ့ ဆေးဆိုင်တချို့မှာ ဆေးဝါးပြတ်လပ်မှု ကြုံတွေ့နေရပြီး ဆေးပစ္စည်းဈေးနှုန်း နှစ်ဆခန့် မြင့်တက် လာနေတယ်လို့ ဆေးဝါးဖြန့်ဖြူးနေသူတွေက RFA ကို ဇူလိုင်လ ၂၂ ရက် ဒီနေ့ ပြောပါတယ်။
2022-07-22
အမေရိကန်နိုင်ငံသားတစ်ဦး မြန်မာပြည်တွင်းမှာ ဖမ်းဆီးခံထားရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ပြောရေးဆိုခွင့်ရှိသူက RFA ကို ဇူလိုင်လ ၂၂ ရက် ဒီနေ့ပြောပါတယ်။
2022-07-22
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာက စစ်ဘေးဒုက္ခသည်တွေ စုဝေးနေထိုင်ကြတဲ့ စည်လောင်တောင် အနီးက တဲအိမ်တွေကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ နဲ့ ၂၁ ရက်နေ့တွေက မီးရှို့ခဲ့ကြတာကြောင့် တဲအိမ် ၂၅ လုံး မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-07-22
မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးမှာ ဇူလိုင်လ ၁၄ ရက်နေ့ နောက်ပိုင်းကစလို့ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲ စတဲ့ ကုန်စည်တွေကို အမေရိကန်ဒေါ်လာအသုံးပြုပြီး ကုန်သွယ်ဖို့နဲ့ ပို့ကုန်တန်ဖိုးကို ကြိုတင်ငွေပေးချေတဲ့စနစ်နဲ့ ကျင့်သုံးဖို့ စစ်ကောင်စီရဲ့ ကုန်သွယ်ရေးဦးစီးဌာနက ညွှန်ကြား ခဲ့ပြီးနောက် နယ်စပ်ကုန်သည်တွေကြားမှာ ဒေါ်လာလိုအပ်ချက်အပြင် အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။
2022-07-22
စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်မှုတွေ အားကောင်းတဲ့ မကွေးတိုင်း ဂန့်ဂေါနဲ့ ထီးလင်းမြို့နယ်တွေမှာ ဇူလိုင် ၁၈ ရက်နေ့ကစလို့ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တစ်ချိန်တည်းမှာပဲ ဂန့်ဂေါနဲ့ ထီးလင်းမှာ စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့ သူတို့က ပြောပါတယ်။
2022-07-22
ချင်းပြည်နယ် ဖလမ်းမြို့နယ် ဖလမ်း - ဟားခါး ကားလမ်းဘေးက အိမ်ခြေ ၄၀ ကျော်ရှိတဲ့ တားလ်ကျေးရွာဟာ သုံးကြိမ်တိုင် မီးရှို့ဖျက်ဆီးခံရပြီး ဘုရားကျောင်းအပါအဝင် အိမ်ခုနစ်လုံးပဲ ကျန်ခဲ့ာပါတယ်။