CNG ဓာတ်ငွေ့ဖြည့်ဖို့ တန်းစီနေတဲ့ ကားတန်းရှည်များ

2022.07.22
CNG ဓာတ်ငွေ့ဖြည့်ဖို့ တန်းစီနေတဲ့ ကားတန်းရှည်များ ၂၀၂၂ ဇူလိုင်လ ၂၂ ရက်နေ့က ရန်ကုန်မြို့တွင် CNG ဓာတ်ငွေ့ဖြည့်ရန် တန်းစီနေသည့် ကားတန်းရှည်များ။
RFA

ရန်ကုန်မြို့မှာ CNG ဓာတ်ငွေ့ပိုက်လိုင်းပေါက်တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဇူလိုင်လ ၂၂ ရက်နေ့မနက်ကစလို့ CNG ဓာတ်ငွေ့အရောင်းဆိုင်တွေမှာ CNG သုံး မော်တော်ယာဉ်အများအပြား တန်းစီနေကြတာ တွေ့ရပါတယ်။

Photo: RFA
Photo: RFA

Photo: RFA
Photo: RFA

တန်းစီတဲ့ကားတွေ များပြားတာကြောင့် အချိန်နှစ်နာရီလောက်အထိ စောင့်ဆိုင်းနေပေမယ့် အလှည့်မရောက်နိုင်သေးဘူးလို့ မော်တော်ယာဉ်မောင်းသူတွေက ပြောပါတယ်။

Photo: RFA
Photo: RFA

ရန်ကုန်မြို့မှာ CNG ဓာတ်ငွေ့ကို တက္ကစီအငှားယာဉ်တွေ၊ အများသုံး မြို့တွင်းယာဉ်လိုင်းတွေနဲ့ ပုဂ္ဂလိကယာဉ်တချို့က အသုံးပြုနေကြတာပါ။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း အခုလိုပဲ CNG ဓာတ်ငွေ့ဖြည့်ဖို့ အချိန်ကြာမြင့်စွာတန်းစီရတဲ့ အခက်အခဲ ဖြစ်ခဲ့ပါတယ်။

Photo: RFA
Photo: RFA

Photo: RFA
Photo: RFA

Photo: RFA
Photo: RFA

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။