ယင်းမာပင်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေရဲ့ တဲအိမ်တွေ မီးရှို့ခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာက စစ်ဘေးဒုက္ခသည်တွေ စုဝေးနေထိုင် ကြတဲ့ စည်လောင်တောင်အနီးက တဲအိမ်တွေကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ နဲ့ ၂၁ ရက်နေ့တွေက မီးရှို့ခဲ့ကြတာကြောင့် တဲအိမ် ၂၅ လုံး မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စည်လောင်တောင်အနီးမှာ စစ်ဘေးဒုက္ခသည်တွေရဲ့ တဲအိမ် ၅၀ ကျော်ရှိပြီး အဲဒီအထဲက ၂၅ လုံး မီးရှို့ခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘန့်ဘွေးရွာသားတစ်ဦးက ပြောပါတယ်။
“ရွာထဲမှာနေလည်း လာရင် ပြေးကြရတယ်။ အဲ့ဒီတော့ တောဘက် ရွှေ့နေကြတာပေါ့၊ တဖြည်းဖြည်းနဲ့ တောထဲမှာ အိမ်လေးတွေ များလာကြတယ်။ အဲ့ဒါကို တောထဲပြောင်း နေလို့ စစ်သားတွေက မကျေနပ်ကြတာ၊ သူတို့သွားရင်းလာရင်း မီးရှို့သွားကြတာပဲ၊ အခုကတော့ ဘယ်နေရာရယ် မဟုတ်တော့ပါဘူး၊ သူတို့လာတယ်ဆိုရင် ပြေးရတော့ တာပဲ၊ ဒီနေ့တောင် အခုမှ မနက်စာ စားရတာ"
ဒီကနေ့မှာလည်း စစ်ကောင်စီတပ်က ခြေကျင်စစ်ကြောင်းနဲ့ရော ကားနဲ့ပါ စစ်ကြောင်းထိုး နေလို့ ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့တဲ့ကိစ္စကို သူတို့လုပ်လေ့မရှိဘူးလို့ တုံ့ပြန်ပြောဆိုထားပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက် နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်း တစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ လူနေအိမ် ၁၈,၈၈၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။