သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-02-28
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မနေ့က အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို စစ်တပ် နဲ့ ရဲက ကျည်ဆန်အစစ်တွေအပါအဝင် ရာဘာကျည်တွေ မျက်ရည်ယိုဗုံးတွေနဲ့ ရက်ရက်စက်စက် ပစ်ခတ်နှိမ်နှင်းခဲ့တာကြောင့် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့အတော် များများမှာ သေဆုံးသူ ၁၈ ဦး ထက်မနည်းရှိခဲ့ပြီး ဒဏ်ရာရသူ၊ ဖမ်းဆီးခံရသူတွေ အများအပြားရှိခဲ့ပါတယ်။
2021-02-28
မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုနောက်ကွယ်မှာ တရုတ်နိုင်ငံ ပါဝင်ပတ်သက် တဲ့အကြောင်းနဲ့ စစ်ခေါင်းဆောင်ရဲ့ ရည်မှန်းချက် ဖြစ်တယ်လို့ သုံးသပ်တဲ့ အကြောင်း အချက်အလက်တချို့ကို တင်ပြထားပါတယ်။
2021-02-26
စစ်အာဏာသိမ်းပြီး ဒုတိယမြောက်သီတင်းပတ်လောက်ကစပြီး စစ်တပ်ကို ထောက်ခံကြောင်း တန်ပြန်အင်အားပြတဲ့ပွဲတွေကို ကြိုကြားကြိုကြားတွေ့လာ ရပါတယ်။ အဲဒီလိုအင်အားပြသူတွေကို လူထုက တားဆီး မေးမြန်းတဲ့အခါ အကြောင်းပြချက် အမျိုးမျိုးပေးကြပေမဲ့ စစ်တပ်နဲ့ တပ်နောက်ခံပေးထားတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေက ခိုင်းလို့လုပ်ရပါတယ်ဆိုတဲ့ အဖြေကတော့ အတူတူပဲဖြစ်ပါတယ်။
2021-02-25
CMP လက်ခစားအထည်ချုပ်လုပ်ငန်းတွေဟာ ကိုဗစ်ကပ်ရောဂါကာလမှာ ပြည်ပအပ်ထည်တွေ ဆုံးရှုံးခဲ့ရတာကြောင့် လုပ်ငန်းလည်ပတ်ဖို့ ခက်ခဲနေခဲ့ရပြီး ကာကွယ်ဆေးရောင်ခြည်သန်းမှုကြောင့် အထည်ချုပ်လုပ်ငန်းတွေက အပ်ထည်တွေပြန်ရမယ့်အခြေအနေမှာ စစ်တပ်အာဏာသိမ်းလိုက်လို့ ပြည်ပအပ်ထည်တွေ ပြန်လည်ဆုံးရှုံးသွားကြပြီဖြစ်ပါတယ်။
2021-02-24
မြန်မာနိုင်ငံတဝှမ်းက မြို့ကြီးတွေမှာ စစ်အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေ၊ CDM လို့ခေါ်တဲ့ အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေပေမယ့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာတော့ ဒီနေ့အထိ ဆန္ဒပြလှုပ်ရှားမှုတွေ လုံးဝ မရှိပါဘူး။
2021-02-23
လက်ရှိ ပြည်တွင်းဆန္ဒပြပွဲတွေမှာ ပါဝင်တဲ့ သံဃာအရေအတွက် တနေ့တခြား များလာနေပေမယ့် အရင်လှုပ်ရှားမှုတွေနဲ့ နှိုင်းယှဉ်ရင် နည်းပါးနေဆဲဖြစ်ပါတယ်
2021-02-22
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖြစ်ရပ်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြ လှုပ်ရှားသူတွေကို အကြမ်းဖက်နှိမ်နှင်းမှုတွေနဲ့ ပတ်သက်လို့ ကမ္ဘာ့နိုင်ငံအသီးသီးက တုံ့ပြန်ပြောဆိုမှုတွေဟာ အာဏာသိမ်း အစိုးရက ရှေ့ဆက်မယ့် လုပ်ဆောင်ချက်တွေအတွက် ကြီးမားတဲ့ သက်ရောက်မှုရှိတာကို တွေ့ရပါတယ်။
2021-02-22
အရင်အစိုးရနဲ့ NCA အပစ်အခတ်ရပ်စဲရေးချုပ်ဆိုထားတဲ့ တိုင်းရင်းသားတွေရဲ့ PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့က အာဏာသိမ်းစစ်ကောင်စီနဲ့ ဆွေး နွေးမှုတွေကို ရပ်ဆိုင်းပြီး ပြည်သူ့လှုပ်ရှားမှုတွေကို ထောက်ခံမယ်လို့ ကြေညာခဲ့တာကို CRPH ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီက ကြိုဆိုထောက်ခံခဲ့ပါတယ်။
2021-02-21
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ လူထုဆန္ဒပြပွဲတွေကို စစ်သားနဲ့ ရဲတပ်ဖွဲ့တွေက ပစ်ခတ်ဖြိုခွင်းနှိမ်နင်းခဲ့တာကြောင့် သေဆုံးသူ ဒဏ်ရာရရှိသူ အဖမ်းခံရသူတွေဟာ များလာပါတယ်။
2021-02-20
မြန်မာနိုင်ငံ ဗဟိုဘဏ်ဟာ နိုင်ငံအတွက် လိုအပ်တဲ့ foreign reserve လို့ခေါ်တဲ့ နိုင်ငံခြား အရန်ဘဏ္ဍာငွေ ၆.၇ ဘီလျံလောက်ကို ပြည်ပကဘဏ်တွေမှာ အပ်နှံ ထားတဲ့အထဲက အမေရိကန်နိုင်ငံမှာ ရှိနေတဲ့ ဒေါ်လာ ၁ ဘီလျံကို အမေရိကန် အစိုးရက ထိန်းချုပ်ထားလိုက်ပေမယ့် အခြားနိုင်ငံကဘဏ်တွေမှာ အပ်နှံထားတဲ့ နိုင်ငံခြား အရန်ဘဏ္ဍှာငွေတွေရဲ့ အခြေအနေ ဘယ်လိုရှိတယ်ဆိုတာ ကွဲကွဲပြားပြား မသိရသေးဘူးလို့ ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
2021-02-19
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေရွေးချယ်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အာဏာရှင် စစ်ကောင်စီဖယ်ရှားပြီး ဒီမိုကရေစီပြန်လည် ရှင်သန်ရေးအတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် လှုပ်ရှားနေတယ်လို့ သိရပါတယ်။ ဒီလှုပ်ရှားမှု အောင်မြင်ဖို့ အတွက် နိုင်ငံရေးရင့်ကျက်သူတွေရဲ့ ပံ့ပိုးမှုတွေ လိုအပ် တယ်လို့ ဝေဖန်သူတွေလည်း ရှိပါတယ်။
2021-02-12
အာဏာသိမ်းစစ်အစိုးရအပေါ် ပြည်တွင်းပြည်ပ ဖိအားပေးမှုတွေများလာနေချိန်မှာ တိုင်းရင်းသားတွေရဲ့ သဘောထားတွေကကော ဘယ်လိုရှိပါသလဲ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ရွေးချယ်ခံထားရတဲ့ ဒေါ်ထုမေက တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ပြည်မနိုင်ငံရေးသမား တွေ အသိအမှတ်ပြုဖို့လိုတယ်လို့ ပြောပါတယ်။
2021-02-11
အမေရိကန် ပြည်ထောင်စု သမ္မတ ဂျိုးဘိုင်ဒင်က မြန်မာစစ်ခေါင်းဆောင်တွေကို ပိတ်ဆို့မှုတွေ ချမှတ်ကြောင်း မနေ့က ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး ကြိုဆိုမှုနဲ့အတူ ပြည်သူတွေမထိခိုက်အောင် သတိထားဖို့လိုကြောင်း ဝေဖန်ပြောကြားချက် တချို့ကို တင်ပြထားပါတယ်။
2021-02-10
ပြည်လုံးကျွတ်ဆန္ဒပြပွဲတွေ ဆက်လက်အရှိန်မြင့်နေချိန်မှာ စစ်အစိုးရက လုံခြုံရေး တိုးမြှင့်ဆောင်ရွက်တဲ့ သတင်းတွေကြောင့် အကြမ်းဖက်ဖြိုခွဲမှုတွေ ပေါ်ပေါက်လာ မှာကို စိုးရိမ်နေသူတွေရှိသလို ပြည်သူတွေရဲ့ ညီညွတ်မှုကြောင့် တိုင်းပြည်ရဲ့ အခြေအနေ ပြောင်းသွားနိုင်တယ်လို့ ရှုမြင်သူတွေလည်း ရှိပါတယ်။
2021-02-09
နေပြည်တော်မှာ ဆန္ဒပြနေသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ကျည်ဆံအစစ်နဲ့ ပစ်ခတ်မှု၊ ရန်ကုန် NLD ရုံးကို စစ်တပ်က မနေ့ ညဦးပိုင်းမှာ ဖျက်ဆီးဝင်ရောက် ခဲ့မှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်ပြောကြားချက်တချို့ကို တင်ပြထားပါတယ်။