သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-31
မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ပေးနေတယ်ဆိုတဲ့ Jonathan Kyaw Thaung ဟာ ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင် မျိုးဆက်ဖြစ်ပါတယ်။
2021-12-30
ဒီ ၂၀၂၁ ခုနှစ်ဟာ မြန်မာပြည်သူတွေအဖို့တော့ ကံဆိုးမိုးမှောင်ကျခဲ့တဲ့ နှစ်တစ်နှစ်လို့ ဆိုရမှာပါ။
2021-12-30
စစ်အာဏာသိမ်းမှု ၁၁ လ မြောက်ဖြစ်တဲ့ အခု ဒီဇင်ဘာတစ်လ တည်းမှာတင် RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ အနည်းဆုံး အရပ်သားပြည်သူ ၆၁ ဦး အစုအပြုံလိုက် အသတ်ခံခဲ့ရပြီး နှစ်ဖက်တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ၄၀၀၀၀ ကျော်ရှိနေပါတယ်။
2021-12-30
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ အလုပ်ရှင်တွေဟာ အလုပ်သမားအခွင့်အရေးတွေကို ချောင်ထိုးထားပြီး လုပ်ခလစာ အပြည့်အဝ မပေးတာ၊ အချိန်ပိုကြေး မပေးတာ၊ လုပ်ငန်းရပ်နားပြီးနောက်ပိုင်း အလုပ်သမားကို လျော်ကြေးမပေးတာတွေ ရှိနေတယ်လို့ ရန်ကုန်တိုင်းထဲမှာရှိတဲ့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
2021-12-29
ဒီဇင်ဘာလ ၂၇ ရက်နေ့က အတည်ပြုလိုက်တဲ့ National Defense Authorization Act NDAA မှာ အမေရိကန်နိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ ၇၇၀ ဘီလျံ အသုံးပြုဖို့ ခွင့်ပြုချက်ပေးလိုက်တာဟာ အဓိက ဖြစ်ပေမယ့်၊ အမေရိကန် အစိုးရကနေ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး အားပေးထောက်ခံဖို့အတွက် ပြဋ္ဌာန်းချက်အချို့လည်း ပါဝင်နေတာ တွေ့ရပါတယ်။
2021-12-29
ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့က တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ်မှာ ဖြစ်သလို ခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သောင်း ခြောက်ထောင်ကျော်ဟာ ယာယီနားခိုစရာနဲ့ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
2021-12-29
ဒီမိုကရေစီ နုနယ်သေးတဲ့နိုင်ငံကို အာဏာရှင်အုပ်ချုပ်ရေးအောက် တစ်ကျော့ပြန် နစ်မြှုပ်စေတဲ့ ဖေဖော်ဝါရီ ၁ ရက်စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ ၁၁ လ နီးပါး ကြာလာချိန်မှာ တိုင်းပြည်ရဲ့ကဏ္ဍပေါင်းစုံ ချွတ်ခြုံကျမှုနဲ့ အထွေထွေ ကျပ်တည်းမှု ဟာ ပိုဆိုးလာပြီး ကျရှုံးနိုင်ငံဖြစ်ဖို့ ဦးတည်နေပြီလို့ နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေး အကဲခက်တွေက သုံးသပ်ကြ ပါတယ်။
2021-12-29
မကွေးတိုင်း ဂန့်ဂေါဒေသက နှမ်းခါးရွာဟာ အရင်က မထင်မရှား ရှိနေခဲ့တဲ့ ရွာတစ်ခုပါ။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ နှမ်းခါးရွာကို မြန်မာတစ်နိုင်ငံလုံးသာမက ကမ္ဘာကပါ သိလာရပါတယ်။
2021-12-29
တိုက်ပွဲတွေ အရှိန်မြင့်လာနေချိန်အတွင်း NUG အမျိုးသားညီညွတ်ရေးအစိုးရကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်တောင်းဆိုမှုတွေ ကျယ်ကျယ် ပြန့်ပြန့် ကြားနေရပါတယ်။ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း အခက် အခဲတွေကြားက သူတို့စွမ်းအားရှိသမျှဆောင်ရွက်နေတယ်၊ ရှေ့နှစ်အတွင်း တိုးတက်မှုတွေကို ထင်ထင်ရှားရှားမြင် ကြရပါလိမ့်မယ်လို့ RFA ကို ပြောပါတယ်။
2021-12-28
ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကိုဗစ်လူနာတွေနဲ့ စစ်ကောင်စီဆန့်ကျင်သူတွေအတွက် သူနာပြုဆရာမ တစ်စုက အရေးပေါ်ဆေးခန်း တွေ လျှို့ဝှက်ထူထောင်ခဲ့ကြပါတယ်။
2021-12-28
ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းချိန်ကနေ ဒီဇင်ဘာ ၂၇ ရက်နေ့အထိ ၁၁ လနီးပါး ကာလအတွင်း ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှု၊ သံသယနဲ့ ဖမ်းဆီးနှိပ်စက်မှု၊ လက်နက်ကိုင် တော်လှန်ရေးကို အင်အားသုံး နှိမ်နင်းမှုတွေကြောင့် သေဆုံးသူ အမျိုးသမီးအရေအတွက် ၉၄ ယောက် ရှိတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (WLB) က ပြောပါတယ်။
2021-12-27
ထိုင်းနိုင်ငံထဲကို တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး လာရတဲ့ကိစ္စက ငွေကြေးသက် သက် ရင်းနှီးရတာ မဟုတ်ပါဘူး။ အသက်နဲ့ ဘဝနဲ့ပါရင်းပြီး လာရတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံသားတွေကတော့ နေ့စဉ်လိုလို ထိုင်းနိုင်ငံထဲကို နည်းမျိုးစုံနဲ့ ဝင်ရောက်ဖို့ ကြိုးပမ်းနေကြ ပါတယ်။ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား ၁၂၉ ဦးကို ထိုင်းလုံခြုံ ရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
2021-12-27
စစ်တပ်က အာဏာသိမ်းပြီး အချိန် ၁၁ လနီးပါးကာလအတွင်း ချင်းပြည်နယ်မှာ ခရစ်ယာန်ဓမ္မဆရာ ငါးဦး စစ်ကောင်စီတပ်ရဲ့လက်ချက်နဲ့ သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
2021-12-24
ဒီဇင်ဘာ ၂၅ ရက်နေ့ ကျရောက်မယ့် ခရစ်ယာန်ဘာသာဝင်တွေရဲ့ ခရစ္စမတ်ပွဲတော် ကို ချင်းပြည်နယ်က မြို့နယ်တွေမှာ အခုနှစ် အကျဉ်းချုံးပြီးတော့သာ ကျင်းပမယ်လို့ ဘာသာရေးခေါင်းဆောင်တွေက ပြောပါတယ်။
2021-12-23
မြန်မာစစ်ကောင်စီဟာ သူ့တပ်ကို လက်နက်အများဆုံးရောင်းချနေတဲ့ တရုတ်နဲ့ ရုရှားတို့နဲ့ ဆက်ဆံရေးကောင်းမွန်နေပြီး ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး တဲ့နောက် ရုရှားနဲ့ စစ်ရေးအရ ပိုမိုတိုးမြှင့်ဆက်ဆံလာပါတယ်။