သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-11-30
ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံထားရတဲ့ အဆောက်အအုံနားမှာ မိုဘိုင်းဖုန်း ဆက်သွယ်ရေးတွေကို ဖြတ်တောက်ဖို့ တာဝါတိုင် ၁၂ တိုင် ထောင်ထားတယ်လို့ မစ္စတာရှောင်တားနဲလ်က Financial Times သတင်းစာနဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။
2022-11-30
ရွာသုံးရွာက ဒေသခံ ခြောက်ထောင်ခန့် လုံခြုံရေးအခြေအနေနဲ့ အိုးအိမ်ဆုံးရှုံးမှုတွေကြောင့် အခုချိန်ထိ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-11-30
ကချင်ပြည်နယ်မှာ ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တို့အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပြင် ရှန်တိန်စနစ် အပြောင်းအလဲကြောင့် ဗန်းမော် - လွယ်ဂျယ်လမ်းကနေ တရုတ်နိုင်ငံကို ကုန်ပစ္စည်းတင်ပို့မှုတွေ သိသိသာသာ လျှော့ကျသွားတယ်လို့ နယ်စပ်ကုန်သည်တွေက RFA ကို ပြောပါတယ်။
2022-11-29
ဒီဒုက္ခသည်တွေဟာ တစ်နှစ်နီးပါးအတွင်းမှာ ပြည်တွင်း ပြည်ပ အလှူရှင်တွေ၊ လူမှုရေးအသင်း အဖွဲ့တွေရဲ့ အကူအညီနဲ့ ရပ်တည်နေထိုင်နေကြတာဖြစ်ပါတယ်။
2022-11-29
ဒါပေမဲ့ အဲဒီတပ်ဖွဲ့တွေအနေနဲ့ တပ်ဖွဲ့ဝင်ရှိသလောက် ခေတ်မီလက်နက်တွေ မကိုင်နိုင်သေးတဲ့အကြောင်း ယင်းမာပင်ခရိုင်၊ တပ်ရင်း ၁၆ တပ်ရင်းမှူးက ပြောပြပါတယ်။
2022-11-29
ခရမ်းမြို့ပေါ်ကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့ကတည်းက ဆိုင်ကယ်စီးခွင့် ပိတ်ထားတာဖြစ်ပြီး အခု နိုဝင်ဘာလထဲမှာတော့ ခရမ်းမြို့နယ်မှာရှိတဲ့ ကျေးရွာအုပ်စု (၅၃) အုပ်စုလုံးကို ကန့်သတ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
2022-11-29
နိုဝင်ဘာ ၁၇ ရက်နေ့က စစ်ကောင်စီပြန်လွှတ်ပေးတဲ့ အကျဉ်းသား ၆,၀၀၀ နီးပါးမှာ သတင်းထောက် လေးဦးသာ ပါဝင်ပါတယ်။ သူတို့အားလုံး နိုင်ငံရေး ပုဒ်မ - ၅၀၅ (က)၊ ၅၀၅ (ခ) နဲ့ ထောင်နှစ်နှစ်စီ ချမှတ်ခံခဲ့ရပြီး လွတ်ရက်စေ့ဖို့ လပိုင်း၊ ရက်ပိုင်းသာလိုတော့တဲ့သူတွေ ဖြစ်ပါတယ်။
2022-11-28
ချင်းပြည်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပလက်ဝဘက်ကတော့ ထိန်းချုပ်နယ်မြေတွေကို NUG ကကြေညာတာဟာ မြေပြင်မှာ လက်နက်နဲ့လိုအပ်ချက်တွေရှိနေတဲ့ တော်လှန်ရေးအဖွဲ့တွေအပေါ် ထိခိုက်မှုတွေများလာလိမ့်မယ်လို့ တုံ့ပြန်ပါတယ်။
2022-11-28
စစ်တပ်အာဏာသိမ်းပြီး လပေါင်း ၂၀ အတွင်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း ဖြတ်သန်းရာ မြန်မာနိုင်ငံက မြို့နယ် ၄၃ မြို့နယ်မှာ တိုက်ပွဲပေါင်း ၃၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအင်စတီကျု (ISP-Myanmar) က နိုဝင်ဘာလ ၂၅ ရက်နေ့က ထုတ်ပြန်ပါတယ်။
2022-11-28
တိုက်ပွဲရပ်စဲထားပေမယ့် ရက္ခိုင့်တပ်တော် (AA) က လက်ရှိ ခြေကုပ်ယူထားတဲ့ တပ်စခန်းတွေကနေ ဆုတ်ခွာသွားမှာမဟုတ်သလို ရက္ခိုင့်တပ်တော် (AA) ရဲ့ နိုင်ငံရေးရပ်တည်ချက်ကလည်း နဂိုအတိုင်းသာဖြစ်တယ်လို့လည်း ဆိုပါတယ်။
2022-11-28
ရန်ကုန်နဲ့ မန္တလေးတိုင်းတွေမှာ နိုဝင်ဘာလအတွင်း နေအိမ်နဲ့ ဆိုင်ခန်းပေါင်း တစ်သောင်းကျော်ကို စစ်ကောင်စီက အမိန့်ထုတ်ပြီး အင်အားသုံးဖယ်ရှားခဲ့ပါတယ်။
2022-11-27
ရပ်ကွက်ငါးခုက အိမ်ခြေတစ်သောင်းနီးပါးကို တပ်ပိုင်မြေပေါ် ကျူးကျော်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး တစ်ပတ်အတွင်းပြောင်းရွှေ့ဖို့ စစ်ကောင်စီဘက်က ဖိအားပေးခဲ့တာလို့ အဲဒီရပ်ကွက်တွေမှာ နေထိုင်သူတွေက ပြောပါတယ်။
2022-11-26
ဂျပန်အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ မြန်မာနိုင်ငံကို ရောက်ရှိနေပြီး ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်အကြား ဝင်ရောက်စေ့စပ်ပေးတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
2022-11-26
ခင်ဦးမြို့နယ်မှာ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ နိုဝင်ဘာလ ၂၁ ရက်နေ့အထိ ရွာပေါင်း ၅၅ ရွာက နေအိမ်ပေါင်း ၂၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ကလေးသူငယ်နဲ့ သက်ကြီးရွယ်အို စုစုပေါင်း ၂၂၂ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2022-11-25
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ကုန်းလမ်း၊ ရေလမ်းအပါအဝင် ကုန်သွယ်ရေးလမ်းကြောင်းတွေကို စစ်ကောင်စီတပ်က ပိတ်ဆို့ကန့်သတ်ထားပါတယ်။ ဒါကြောင့် မြို့နယ် ၁၁ မြို့နယ်က ဒေသခံ နှစ်သန်းကျော် အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးပြတ်လပ်မှုကြုံနေရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။