သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-10-31
ကိုဗစ်ကပ်ဘေးကာလ ထိုင်းနိုငံတောင်ပိုင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အလုပ်အကိုင် ရှားပါးတာတွေနဲ့ လုပ်အားခနည်းတာတွေ၊ နေရရပ်ပြန်ချင်ပေမယ့် နယ်စပ်ဂိတ်တွေ ပိတ်ထားလို့ ပြန်လို့မရတဲ့ အခက်အခဲတွေ ရှိနေတဲ့အကြောင်းကို ထိုင်းနိုင်ငံ အခြေစိုက် သတင်းထောက် လုဆိုင်းက တင်ပြထားပါတယ်။
2020-10-30
ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့အစည်း New Myanmar Foundation ရဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အဓိကရုဏ်းတွေ ရွေးကောက်ပွဲ အငြင်းပွားမှုတွေ၊ ပဋိပက္ခတွေ ဖြစ်နိုင်ခြေပိုများမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
2020-10-30
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရသက်တမ်း လေးနှစ်ခွဲအတွင်း ကာကွယ်ရေးဦးစီးချုပ်နဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ကြား နိုင်ငံရေးအရ ရပ်တည်ချက် ကွဲလွဲစရာတွေများခဲ့ပြီး နှစ်ဖက်ဆက်ဆံရေး မပြေလည်ခဲ့တာကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေဟာ ခရီးမပေါက်ခဲ့ပါဘူး။
2020-10-29
နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာမယ့် ရခိုင်ပြည်နယ်လွှတ်တော်ဟာ လူတသန်းကျော်အတွက် အသံတိတ်သွားမှာ ဖြစ်သလို၊ ဒီမိုကရေစီဆိတ်သုဉ်းတော့မယ်လို့ ပြောဆိုသုံးသပ်နေကြပါတယ်။
2020-10-29
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က ကျေးရွာ ၉၀ ကျော်ထဲမှာ နယ်မြေလုံခြုံရေး ကောင်းတဲ့နေရာတွေ ပါသွားတာကြောင့် အဲဒီနေရာတွေမှာ ရွေးကောက်ပွဲကျင်းပခွင့်ရဖို့ ဒေသခံတွေ၊ ကိုယ်စားလှယ် လောင်းတွေက မျှော်လင့်နေကြပါတယ်။
2020-10-29
ရန်ကုန်တိုင်း ဒဂုံမြို့နယ်က ကြိုတင်မဲတွေ စာအိတ်ပွင့်နေတာကြောင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်က အဲဒီမဲတွေကို ပယ်မဲအဖြစ်သတ်မှတ်လိုက်ပေမယ့် ခရိုင်နဲ့တိုင်း ရွေးကောက်ပွဲကော်မရှင်ကတော့ ပယ်ချလို့မရဘူးဆိုပြီး အငြင်းပွားနေပါတယ်
2020-10-28
ကယားပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေထဲက စည်ပင်သာယာဌာနက ဆောင်ရွက်တဲ့ ပန်းဥယျာဉ်အလှဆင်တဲ့လုပ်ငန်းတွေ ကုန်ကျစရိတ်များတာနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော်မှာ ဝေဖန်ခံနေရပါတယ်။ ပြည်နယ်အစိုးရ အဖွဲ့ကတော့ လုပ်ထုံးလုပ်နည်းနဲ့ အညီဆောင်ရွက်ခဲ့တာလို့ ပြောပါတယ်။
2020-10-27
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အနောက်မြောက်တိုင်း စစ်ဌာနချုပ် တပ်မတော်မိသားစုတွေနဲ့ ၂၆ ရက်နေ့က တွေ့ဆုံရာမှာ ဒီမိုကရေစီ အစိုးရနှစ်ဆက်ရဲ့ လုပ်ဆောင်ချက်တွေကို ချိန်ထိုးစဉ်းစားပြီး မဲပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။
2020-10-27
မြန်မာက အိန္ဒိယနိုင်ငံကနေ ရေငုပ်သင်္ဘော ဝယ်ယူခဲ့တာကို အခြေခံပြီး အရှေ့တောင် အာရှမှာ တရုတ်နိုင်ငံရဲ့ သြဇာသက်ရောက်မှုကို တန်ပြန်တုံ့ပြန်တဲ့လုပ်ရပ်ဖြစ်တယ် ဆိုတဲ့ အယူအဆဟာ မှားနေကြောင်း တရုတ်အစိုးရ အာဘော် Global Times သတင်းစာရဲ့ အင်တာနက်စာမျက်နှာ ဆောင်းပါးတစောင်မှာ မနေ့က ဖော်ပြထားပါတယ်။
2020-10-26
AA အဖွဲ့က အောက်တိုဘာလ ၁၄ ရက်နေ့မှာ သူတို့ဖမ်းဆီးသွားတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးနဲ့ပတ်သက်ပြီး အောက်တိုဘာလ ၁၉ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
2020-10-26
၂၀၂၀ အထွေထွေရွေးကောက်ပွဲ စတင်ဖို့ ၁၄ ရက်လောက်အလိုမှာ မဲဆွယ်စည်းရုံးရေး ပြုလုပ်နေတဲ့ လက်ရှိအာဏာရ NLD ပါတီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ထောက်ခံသူတွေကြား ဆိုးရွားတဲ့ အပြုအမူတွေ၊ ရန်ပွဲတွေ တွေ့လာရပါတယ်။
2020-10-23
ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ မြို့နယ်တွေထဲမှာ အများစုက လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်လေ့ရှိတဲ့ ရှမ်းပြည်မြောက်ပိုင်းက မြို့နယ်တွေနဲ့ ကျေးရွာအုပ်စုတွေက အများဆုံးပါ၀င်နေတာကို တွေ့ရပါတယ်။
2020-10-23
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့အထဲမှာ စစ်တွေတပ်နယ်အနီးက ကျေးရွာအုပ်စုတွေမှာလည်း ပါဝင်တယ်။
2020-10-22
တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်အများအပြား လွှတ်တော်အတွင်း ရောက်ရှိမှ တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဟာ လက်ရှိအခြေ အနေထက် ပိုရှေ့ရောက်လာနိုင်မယ်လို့ တိုင်းရင်းသားပါတီတွေက ပြောဆိုနေကြ ပါတယ်။
2020-10-22
ရိုဟင်ဂျာမွတ်စလင် ဒုက္ခသည်တွေကို ထောက်ပံ့ကူညီရေးရန်ပုံငွေ အရေးတကြီး လိုအပ်နေတဲ့ကိစ္စကို ဖြေရှင်းနိုင်ဖို့ နိုင်ငံတကာ အလှူရှင် ညီလာခံကို အွန်လိုင်းကနေ ဒီကနေ့ ကျင်းပမယ်လို့ ကုလသမဂ္ဂ က ထုတ်ပြန်ထားပါတယ်။