စည်ပင်လုပ်ငန်း အသုံးစရိတ်ကို ကယားလွှတ်တော် ဝေဖန်
2020.10.28
ကယားပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေထဲက စည်ပင်သာယာဌာနက ဆောင်ရွက်တဲ့ ပန်းဥယျာဉ် အလှဆင်တဲ့လုပ်ငန်းတွေ ကုန်ကျစရိတ်များတာနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော်မှာ ဝေဖန်ခံနေရပါတယ်။ ပြည်နယ် အစိုးရအဖွဲ့ကတော့ လုပ်ထုံးလုပ်နည်းနဲ့ အညီဆောင်ရွက်ခဲ့တာလို့ ပြောပါတယ်။
ပန်းဥယျာဉ် အလှဆင်တဲ့စီမံကိန်းလုပ်ငန်းတွေမှာ လက်တွေ့လုပ်ငန်းဆောင်ရွက်မှုတွေ အရည် အသွေး မပြည့်မှီဘူးလို့ ကယားပြည်နယ် လွှတ်တော် ပြည်သူ့ငွေစာရင်း စောင့်ကြည့်ရေးအဖွဲ့က ထောက်ပြ ပြောဆိုလိုက်တာပါ။
၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း လွိုင်ကော်မြို့နယ်မှာ ပန်းအလှဆင်ဖို့ မြေယာရှုခင်းတွေ ဆောင်ရွက်ဖို့ကိစ္စကို ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်းလေးရာကျော် (၄၀၅.၁၇ သန်း) နဲ့ အထွေထွေ ပိုလျှံငွေ ကျပ်သန်း ထောင့်ခြောက်ရာနီးပါး (၁၅၈၅.၅၇၇ သန်း) စုစုပေါင်း ကျပ်သန်းပေါင်း နှစ်ထောင်နီးပါး (၁၉၉၀.၇၄၇ သန်း) အသုံးပြုထားတာ ဖြစ်ပါတယ်။
ပြည်သူ့ငွေစာရင်း စောင့်ကြည့်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ရာမှာ သတ်မှတ်ထားတာတွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ကယားပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ဝင် ဦးစိန်ဝင်းက သတင်းထောက်တွေကို ပြောပါတယ်။
“ဂျပန်မြက် စိုက်ပျိုးတဲ့အချိန်မှာ ဖွဲတွေ၊ သဲတွေ အောက်ခြေကခင်းရမှာ ခင်းပြီးမှ အပေါ်ကနေ ဂျပန်မြက်ကို ပြန်လွှာပြီးတော့ လောင်းရမှာလေ။ အဲချိန်မှာ နည်းနည်း တူးဆွကြည့်တဲ့အချိန်မှာ မတွေ့ရဘူး။ အောက်မှာ သဲတွေမတွေ့ဘူး၊ ဖွဲနုဆိုရင်လဲ လုံလောက်စွာ ထည့်ထားခြင်းကို မတွေ့ရှိရဘူး။ တခြားအပင်ကြီးတွေကိုလည်း အပင်ကို သတ်မှတ်ထားတဲ့ အကွာအဝေးတော့ ထားသင့်တယ်။ သူက ခပ်စိတ်စိတ်လေးကို စိုက်ထားတာ အဲဒါတွေ တွေ့ရတယ်”
ဒေသဆိုင်ရာ ပေါက်ဈေးကိုလည်း သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာက အတည်ပြုရမှာကို ကုမ္ပဏီက တင်ပြလာတဲ့ ဈေးကို ပြည်နယ်အစိုးရက အတည်ပြုခဲ့တာဟာ လုပ်ထုံးလုပ်နည်းနဲ့မညီဘူးလို့ ထောက်ပြပါတယ်။
“ပန်းရဲ့ ဒေသပေါက်ဈေးဆိုတာ ရှိတယ်။ အဲဒီပန်းရဲ့ ဒေသပေါက်ဈေးကို ငုရွှေဝါ ကုမ္ပဏီကနေ ၂၀၂၀ ဇူလိုင် ၇ ရက်နေ့မှာ ဒေသပေါက်ဈေး ဆိုပြီးတော့ အစိုးရအဖွဲ့ကို ဝန်ကြီးဆီကို တင်လိုက်တာ။ အဲတော့ နောက်တစ်နေ့ ၈ ရက်နေ့ ဇူလိုင် ၈ ရက်နေ့မှာ ဒေသပေါက်ဈေးကို အတည်ပြုလိုက်တယ်။ အမှန်ဆိုရင် ဒါကဌာနဆိုင်ရာကနေ အတည်ပြုပေးရမယ်’’
ပန်းအလှစိုက်ခင်းတွေမှာ အသုံးပြုထားတဲ့ ပန်းဈေးနှုန်းတွေ ကွာခြားချက်က ကုမ္ပဏီတွေက ၅၀ ရာခိုင်နှုန်းနဲ့အထက် အကျိုးအမြတ် ရသွားနိုင်တယ်လို့ LAIN နည်းပညာ အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ကိုကျော်ထင်အောင်က ဝေဖန်ထောက်ပြပါတယ်။
“အပင်တစ်ပင်ရဲ့ဈေးနှုန်းတွေ အဆ ၂၀-၃၀ မက ကွာနေတာတွေ၊ အမြင့်ပေအရ နိမ့်နိမ့်လေးနဲ့ ၄-၅ ပေ လောက်ကိုပဲဝယ်ရင် ဘာမှမကုန်မဲ့ အပင်တွေကို အမြင့်ပေ နည်းနည်း ပိုတင်လိုက်ပြီးတော့ ဈေးကို အဆမတန် မြင့်တက်လိုက်တာတွေကို တွေ့ရတယ်၊ ပြည်နယ်လွှတ်တော် ရုံးရှေ့ရှုခင်း၊ လောပိတ လမ်းမကြီးဘေး၊ ဘီလူးချောင်းဘေး၊ Golden Hail ဟိုတယ်ကြား မြေယာရှုခင်း၊ ပြည်နယ်ခန်းမ မြေယာရှုခင်း၊ နောင်ယားကန် မြေယာရှုခင်း၊ မြစ်ဦးကျောင်းရှေ့က စုပေါင်းကားဂိတ်ရှုခင်း၊ ဘာဒိုကန် မြေယာရှုခင်း၊ ဒေါနိုးကူး တံတားဘေး၊ ထေးဌားလျားကန် မြေယာရှုခင်း၊ ပြည်နယ်ဧည့်ရိပ်သာ မြေယာရှုခင်း၊ နာရီစင် အဝိုင်းကနေ ကိန္ဒရီ၊ ကိန္ဒရာ အဝိုင်းအထိ လမ်းလယ်ကျွန်းနဲ့ လမ်းဘေးဝဲယာ မြေယာရှုခင်း စတဲ့ နေရာပေါင်း ၂၀ ကျော်မှာ ပန်းအလှစိုက်တဲ့ကိစ္စတွေကို ကယားပြည်နယ် လွှတ်တော် ပြည်သူ့ငွေစာရင်း စောင့်ကြည့်ရေးအဖွဲ့က ဝေဖန်မှုတွေရှိနေတာ ဖြစ်ပါတယ်။ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ ပန်းအလှဆင်ဖို့ မြေယာရှုခင်းတွေ ဆောင်ရွက်ဖို့ကိစ္စကို ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်းလေးရာကျော် (၄၀၅.၁၇ သန်း) နဲ့ အထွေထွေ ပိုလျှံငွေ ကျပ်သန်း ထောင့်ခြောက်ရာနီးပါး (၁၅၈၅.၅၇၇ သန်း) စုစုပေါင်း ကျပ်သန်းပေါင်း နှစ်ထောင်နီးပါး (၁၉၉၀.၇၄၇ သန်း) အသုံးပြုသွားတာ ဖြစ်ပါတယ်”
အလှဆင်အပင်တွေရဲ့ ဈေးနှုန်တွေထဲမှာ ဆိုဒ်ပရပ်စ် ပန်းပင်အမျိုးအစား ၁၃ ပေကနေ ၁၈ ပေ အပင်တစ်ပင်ကို သုံးသိန်းခွဲလို့ တင်ပြထားပေမယ့် ဒေသပေါက်ဈေးက ၁၃ ပေ အပင်မှာ ရှစ်သောင်းကျပ် ဝန်းကျင်သာ ရှိပါတယ်။
လွိုင်ကော်မြို့ နေရာအသီးသီးမှာ စိုက်ပျိုးဖို့ ဆိုက်ပရပ်စ်ပန်း အမျိုးအစားအပြင် တခြားပန်းပင် အမျိုးအစား စုစုပေါင်း ၁၀၂ မျိုးကို ဝယ်ယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မြေယာအလှရှုခင်း ခေါင်းစဉ်နဲ့ ပန်းအလှဆင်တဲ့ လုပ်ငန်းတွေကို ဂျိတ်ဗန်းကုမ္ပဏီ၊ ငုရွှေဝါကုမ္ပဏီ၊ စိမ်းလန်း ဟန်မင်းအောင်ကုမ္ပဏီ၊ ကယားရွှေကုမ္ပဏီ၊ ကယားအလှကုမ္ပဏီ စုစုပေါင်း ကုမ္ပဏီ ငါးခုက လုပ်ဆောင်နေတာလို့ ပြည်သူ့ငွေစာရင်း စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။
ကယားအလှကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်ကိုဦးကတော့ ပန်းပင်တွေ ဈေးပိုများနေရတာက တခြား ကုန်ကျစရိတ်တွေပါ ပေါင်းထားတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။
“အဲဒါ ကျနော်တို့ ဌာနကနေပြီးတော့ ပြန်ပြီးတော့ ကျနော်တို့ Estimate (ခန့်မှန်းတွက်ချက်) ကိုလေ ကျနော်တို့တင်ထားတဲ့ ခန့်မှန်းတွက်ချက်က တကယ်တန်းကျ အပင်တစ်ပင်မှာပဲဈေးနှုန်းတွေ အကုန်စု ထည့်သလိုဖြစ်သွားတာလေ။ ခန့်မှန်းတွက်ချက်ကို ပြန်ပြင်ခိုင်းထားတယ်။ ဥပမာ အပင်တစ်ပင် ၅၀၀၀၀ ဆိုရင် ကျနော်တို့ အဲ ၅၀၀၀၀ ဈေးတစ်မျိုးပဲပါတယ်။ ကျန်တဲ့ဟာတွေ ဘာမှမပါဘူး။ ကျနော်တို့ မြေကြီး လုပ်ငန်းတွေမပါဘူး။ လုပ်သားခတွေမပါဘူး။ သယ်ယူပို့ဆောင်ခတွေ ထည့်မတွက်ထားဘူး။ နောက်အပင် စိုက်ဖို့အတွက် အဲဒီမြေကို ထုတ်ပြီးတော့ ကျနော်တို့ အဲထဲကို မြေဆွေးတွေ ထည့်ရတာတွေရှိတယ်လေး။ မြေဆွေးကျတော့ ဒီက သဲနဲ့လဲ မရဘူး။ ဒီကတောင်သဲတွေဆိုတော့ ကျနော်တို့က ဟိုကချောင်းသဲပေါ့။ အဲ နုန်းသဲကို မှာရတာ”
လက်ရှိ လွိုင်ကော်မြို့အတွင်း လုပ်ဆောင်နေတဲ့ ပန်းအလှဆင်တာ၊ မြေယာရှုခင်း အလှဆင်တဲ့ကိစ္စတွေမှာ ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ရဲ့ တွေ့ရှိချက်အားလုံးကို ကယားပြည်နယ် ပြည်နယ်စာရင်းစစ်ချုပ်ကို တင်ပြထားပါတယ်။
ပန်းအလှစိုက်တာနဲ့ ပတ်သက်ပြီး ကယားပြည်နယ် စာရင်းစစ်ချုပ်က တွေ့ရှိချက်ကို မေးမြန်းဖို့ ဒီနေ့ကြိုးစား ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က ဆက်သွယ်မေးမြန်းရာမှာတော့ ကယားပြည်နယ် စာရင်းစစ်ချုပ်ရုံး ဥက္ကဋ္ဌ ဦးအောင်မောင်းက အဲဒီကိစ္စကို အသေးစိတ် မသိရသေးတဲ့အတွက် ဘာမှပြောလို့ မရသေးကြောင်းသာ ဖြေဆိုပါတယ်။
မြေယာရှုခင်းလုပ်ငန်းမှာ စိုက်ပျိုးထားတဲ့ ပန်းပင်တွေကိစ္စ ဝေဖန်မှုတွေရှိနေတဲ့အပေါ် ပြည်နယ်အစိုးရကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့က ကျင်းပတဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ဖရူဆိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ဒီပန်းပင်တွေကိစ္စကို မေးမြန်းခဲ့ရာမှာတော့ ပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေးက တင်ဒါချပေးခဲ့တဲ့ ဈေးနှုန်းအတိအကျကို ပြောဆိုခဲ့တာမရှိဘဲ သင့်တင့်မျှတတဲ့နှုန်း ဖြစ်အောင် ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်ပြအတည်ပြုပြီး စာရင်းဇယားနဲ့ သေချာ ဆောင်ရွက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
“ပန်းတစ်ပင်ချင်းအနေနဲ့ ကျနော်တို့လောလောဆယ်မှာက ဆက်စပ်ထဲမှာပါလို့ ကျနော်တို့မှာက ချက်ချင်း မပြောနိုင်ပါဘူး။ ကျနော်တို့မှာ စာရင်းဇယားရှိပြီးသားပါ။ တစ်ပင်ချင်းကို ဘယ်လောက်နှုန်းနဲ့ ဝယ်တယ်ဆိုတာကိုလဲပဲ သင့်တင့်မျှတတဲ့နှုန်းဖြစ်အောင်လို့ အစိုးရအဖွဲ့မှာ တင်ပြအတည်ပြုပြီးတဲ့ နှုန်းထားဖြစ်ပါတယ်၊ လွိုင်ကော်မြို့ နေရာအသီးသီးမှာစိုက်ဖို့ ဆိုဒ်ပရဒ်ပန်း အမျိုးအစားအပြင် တခြားပန်း စုစုပေါင်း ပန်းပင် အမျိုးစား ၁၀၂ မျိုးကို ဝယ်ယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”
ပြည်နယ်လွှတ်တော် ရုံးရှေ့ရှုခင်း၊ လောပိတ လမ်းမကြီးဘေး၊ ဘီလူးချောင်းဘေး၊ Golden Hail ဟိုတယ်ကြား မြေယာရှုခင်း၊ ပြည်နယ်ခန်းမ မြေယာရှုခင်း၊ နောင်ယားကန် မြေယာရှုခင်း၊ မြစ်ဦးကျောင်းရှေ့က စုပေါင်း ကားဂိတ်ရှုခင်း၊ ဘာဒိုကန် မြေယာရှုခင်း၊ ဒေါနိုးကူး တံတားဘေး၊ ထေးဌားလျားကန် မြေယာရှုခင်း၊ ပြည်နယ် ဧည့်ရိပ်သာ မြေယာရှုခင်း၊ နာရီစင်အဝိုင်းကနေ ကိန္ဒရီ ကိန္ဒရာအဝိုင်းအထိ လမ်းလယ်ကျွန်းနဲ့ လမ်းဘေးဝဲယာ မြေယာရှုခင်း စတဲ့ နေရာပေါင်း ၂၀ ကျော်မှာ ပန်းအလှစိုက်တဲ့ကိစ္စတွေကို ကယားပြည်နယ် လွှတ်တော် ပြည်သူ့ငွေစာရင်း စောင့်ကြည့်ရေးအဖွဲ့က ဝေဖန်မှုတွေရှိနေတာ ဖြစ်ပါတယ်။
၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ ပန်းအလှဆင်ဖို့ မြေယာရှုခင်းတွေ ဆောင်ရွက်ဖို့ကိစ္စကို ငွေလုံးငွေရင်း ရန်ပုံငွေ ၄၀၅.၁၇ သန်း နဲ့ အထွေထွေ ပိုလျှံငွေ ကျပ်သန်း ၁၅၈၅.၅၇၇ သန်း စုစုပေါင်း ကျပ်သန်းပေါင်း ၁၉၉၀.၇၄၇ သန်း အသုံးပြုသွားတာ ဖြစ်ပါတယ်။