သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-08-06
ယူကရိန်းကျူးကျော်စစ်မှာ ရုရှားက မြန်မာစစ်တပ်ပိုင် ကာကွယ်ရေးပစ္စည်းစက်ရုံထုတ် မော်တာကျည်တွေ သုံးနေပြီလို့ ယူကရိန်းစစ်မြေပြင်ဆိုင်ရာ လက်နက်ပစ္စည်းလေ့လာစောင့်ကြည့်နေတဲ့အဖွဲ့က ပြောပါတယ်။
2023-08-06
ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေပါတယ်။
2023-08-05
ကရင်ပြည်နယ်မှာ ဩဂုတ်လ ၁ ရက်နေ့ကနေ ဩဂုတ် ၅ ရက်နေ့အထိ မိုးဆက်တိုက်ရွာပြီး ဒေါနတောင်ကျရေ သောင်ရင်းမြစ်ထဲ ဒလဟော စီးဆင်းမှုတွေကြောင့် မြဝတီ ၊ ဝေါလေ ဒေသတစ်လျှောက် ထိုင်းမြန်မာနယ်စပ်ကျေးရွာတွေနဲ့ မြဝတီမြို့ပေါ်ရပ်ကွက်တွေ ရေကြီးရေလျှံ နေပါတယ်။
2023-08-05
ကယားပြည်နယ်နဲ့ ရှမ်း-ကယားနယ်စပ်မှာ ဇူလိုင်လတိုက်ပွဲတွေအတွင်း အရပ်သား ၁၂ ဦးသေဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2023-08-04
ဒီမိုကရေစီအရေးလှုပ်ရှားသူ ဒေါ်သူဇာမောင်အပါအဝင် မိသားစုဝင် ငါးဦး ကွာလာလမ်ပူမြို့ နေအိမ်ကနေ ပျောက်ဆုံးနေတဲ့အမှုဟာ တစ်လနီးပါးကြာမြင့်လာခဲ့ပေမယ့် ထူးခြားမှုမရှိသေးတာကြောင့် ပိုပြီး လေးလေးနက်နက် စုံစမ်းစစ်ဆေးဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက မလေးရှားအစိုးရနဲ့ ရဲတပ်ဖွဲ့ကို တိုက်တွန်းနေကြပါတယ်။
2023-08-04
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်မှာ တည်ထားတဲ့ မာရဝိဇယ ရုပ်ပွားတော် အနေကဇာတင်အခမ်းအနားမှာ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဒုဥက္ကဋ္ဌဖြစ်တဲ့ အဂ္ဂမဟာပဏ္ဍိတ ကျောက်မဲဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒနသာရ မိန့်ကြားခဲ့တဲ့ တရားတော်ဟာ ပြည်တွင်းပြည်ပ ကျယ်ကျယ်ပျံ့ပျံ့ ထောက်ခံကြည်ညိုမှု ရရှိခဲ့ပါတယ်။
2023-08-04
မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းနဲ့ ကယားပြည်နယ်မှာ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအထိ အရပ်သား ၅၁၆ ဦးသေဆုံးခဲ့ပါတယ်။
2023-08-04
စစ်အာဏာသိမ်း နှစ်နှစ်ခွဲအတွင်း တိုင်းနဲ့ ပြည်နယ်ခုနစ်ခုမှာ ကျူးကျော်အဖြစ် ဖျက်ဆီးခံရတဲ့ အဆောက်အအုံ တစ်သောင်းခြောက်ထောင်ကျော်ထက်မနည်းရှိလာပါတယ်။
2023-08-03
မူဆယ်မြို့နယ်က တိုက်ပွဲတွေဟာ ရင်ဆိုင်ဖြစ်ပွားတဲ့တိုက်ပွဲတွေထပ် လက်နက်ကြီးနဲ့ အထိုင်စခန်းတွေကနေ ပစ်ခတ်နေတာကြောင့် အရပ်သားထိခိုက်မှုတွေများလာတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
2023-08-03
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ အစိုးရကို ဖယ်ရှားပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းခဲ့တာ ၂ နှစ်ခွဲရှိပါပြီ။
2023-08-03
အာဏာသိမ်းစစ်ကောင်စီက ဩဂုတ်လ ၂ ရက်နေ့မှာ သူတို့အဖွဲ့ဝင်သုံးဦးနဲ့ ပြည်ထောင်စုအဆင့်ရှိသူ ရှစ်ဦးကို ရာထူးကနေ ဖယ်ရှားမှုနဲ့ ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။
2023-08-02
စစ်ကောင်စီဟာ တော်လှန်ရေး လှုပ်ရှားမှုတွေကို ဖြိုခွဲဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်တွေကို အထူးအခွင့်အရေးတွေပေးပြီး စည်းရုံးနေပါတယ်။
2023-08-02
မင်းတပ်မှာ စစ်တပ်က ဖမ်းခေါ်သွားတဲ့ ခရစ်ယာန် သင်းထောက်ဆရာသုံးဦးဟာ အချိန်နှစ်ပတ်ကျော်ကြာလာတဲ့အထိ သတင်းအစနမရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-08-02
အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း တရုတ်အစိုးရ ထိပ်တန်းအရာရှိတွေ မြန်မာနိုင်ငံကို မကြာခဏ လာရောက်လေ့ရှိပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွန်းဆိုရင် မြန်မာနိုင်ငံကို သုံးကြိမ် လာရောက်ခဲ့ပါတယ်။
2023-08-01
လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ TNLA (တအာင်း)၊ MNDAA (ကိုးကန့်)၊ SSPP (ရှမ်း) နဲ့ AA (ရက္ခိုင်) တပ်ဖွဲ့တွေက စုစုပေါင်း ၂၂ ဦး ပါဝင်ပါတယ်။