သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-12-05
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ကောင်စီခန့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၇၀ ကျော်ဟာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ နုတ်ထွက်စာတင်ထားကြပြီး ဒီဇင်ဘာ ၄ ရက်နေ့ မနေ့က မြို့နယ်ရုံးက အစည်းအဝေးခေါ်တဲ့အခါမှာ လုံခြုံရေးအခြေအနေ စိုးရိမ်ရတာကြောင့် သွားမတက်ကြဘူးလို့ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။
2022-12-05
သေဆုံးထိခိုက်မှု စုစုပေါင်းရဲ့ ၈၈ ရာခိုင်နှုန်းက ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ ဖြစ်ခဲ့တာပါ။ အဲဒီအထဲမှာ ရခိုင်ပြည်နယ်က အများဆုံးဖြစ်ပြီး နှစ်လအတွင်း အရပ်သား ၂၇ ဦး သေဆုံး၊ ၆၇ ဦးအထိ ဒဏ်ရာရခဲ့ပါတယ်။
2022-12-05
နေပြည်တော်၊ လယ်ဝေးမြို့လယ် ဗိုလ်ချုပ်ကြေးရုပ်လမ်းဆုံက ယာဉ်ထိန်းရဲဂိတ်အနီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက် နေ့ကဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၁၇ နှစ်အရွယ် မောင်ဘုန်းမြတ်ကိုဟာ ဒီဇင်ဘာလ ၄ ရက်နေ့မှာ သေဆုံးသွားပြီလို့ စစ်ကောင်စီတပ်ဘက်က မိသားစုထံ အကြောင်းကြားခဲ့ပါတယ်။
2022-12-04
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့မှာ စစ်ကောင်စီရဲ့တပ်စခန်းနှစ်ခုကို ဒေသခံကာကွယ်ရေးအဖွဲ့တွေ ပြီးခဲ့တဲ့ ရက်ပိုင်းက သိမ်းယူပြီးနောက် စစ်ကောင်စီတပ်ဘက်က မြေပြင်ရော လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်ပြီး အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် ဒေသခံတစ်ထောင်ခန့် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-03
မီးရှို့ခံရတဲ့ ရွာခြောက်ရွာက ဒေသခံ ၅၀၀ ခန့်နဲ့ အနီးအနားရွာတွေက ဒေသခံတွေအပါအဝင် စုစုပေါင်း တစ်ထောင်နီးပါး ဘေးလွတ်ရာထွက်ပြေးခဲ့ရသလို ထီးချိုင့်- မြစ်ကြီးနား လမ်းပိုင်းတစ်လျှောက်မှာရှိတဲ့ ရွာပေါင်း ၁၅ ရွာက ဒေသခံငါးထောင်နီးပါးလည်း ဒီနေ့အချိန်အထိ နေရပ်စွန့်ခွာထွက်ပြေးနေရဆဲ ဖြစ်တယ်လို့ ထီးချိုင့်ဒေသခံတွေက ပြောပါတယ်။
2022-12-02
ရုရှားနိုင်ငံ ဒုတိယကြည်းတပ်ဦးစီးချုပ် ဗိုလ်မှူးကြီး Kim Alexey Rostislavovich နဲ့အဖွဲ့ နေပြည်တော်ကို ရောက်ရှိနေပြီး နှစ်နိုင်ငံ စစ်တပ်တွေအကြား ပူးတွဲလုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီက နိုဝင်ဘာ ၂၉ ရက်နေ့က ထုတ်ပြန်ပါတယ်။
2022-12-02
စစ်တပ်လိုလားသူတွေ ရုပ်ပျက်ဆင်းပျက်ရှုံးနိမ့်ခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ အာဏာသိမ်းကာလတစ်လျောက်လုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေကို ပစ်မှတ်ထား ဖိနှိပ်ခဲ့ပါတယ်။
2022-12-01
လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲနဲ့ ကြုံတောင့်ကြုံခဲအချိန်မှာ လုပ်ခလစာ ပိုရဖို့ ကြိုးစားကြတဲ့ မြန်မာအလုပ်သမားတွေဟာ အလုပ်ရှင်တွေရဲ့ ပြစ်ဒဏ်ပေးနှိပ်ကွပ်တာကို ခံနေရပြန်တယ်လို့ နယူးယောက်တိုင်းမ်က ရေးသားပါတယ်။
2022-12-01
ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ဒေသအတွင်း တရုတ်နိုင်ငံသားအများစု ပါဝင်ပတ်သက်နေတဲ့ ငွေလိမ်ဂိုဏ်းတွေ လှုပ်ရှားနေပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဒီလိုငွေလိမ်ဂိုဏ်းတွေ ၀ ဒေသအတွင်း ဝင်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
2022-11-30
ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံထားရတဲ့ အဆောက်အအုံနားမှာ မိုဘိုင်းဖုန်း ဆက်သွယ်ရေးတွေကို ဖြတ်တောက်ဖို့ တာဝါတိုင် ၁၂ တိုင် ထောင်ထားတယ်လို့ မစ္စတာရှောင်တားနဲလ်က Financial Times သတင်းစာနဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။
2022-11-30
ရွာသုံးရွာက ဒေသခံ ခြောက်ထောင်ခန့် လုံခြုံရေးအခြေအနေနဲ့ အိုးအိမ်ဆုံးရှုံးမှုတွေကြောင့် အခုချိန်ထိ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-11-30
ကချင်ပြည်နယ်မှာ ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တို့အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပြင် ရှန်တိန်စနစ် အပြောင်းအလဲကြောင့် ဗန်းမော် - လွယ်ဂျယ်လမ်းကနေ တရုတ်နိုင်ငံကို ကုန်ပစ္စည်းတင်ပို့မှုတွေ သိသိသာသာ လျှော့ကျသွားတယ်လို့ နယ်စပ်ကုန်သည်တွေက RFA ကို ပြောပါတယ်။
2022-11-29
ဒီဒုက္ခသည်တွေဟာ တစ်နှစ်နီးပါးအတွင်းမှာ ပြည်တွင်း ပြည်ပ အလှူရှင်တွေ၊ လူမှုရေးအသင်း အဖွဲ့တွေရဲ့ အကူအညီနဲ့ ရပ်တည်နေထိုင်နေကြတာဖြစ်ပါတယ်။
2022-11-29
ဒါပေမဲ့ အဲဒီတပ်ဖွဲ့တွေအနေနဲ့ တပ်ဖွဲ့ဝင်ရှိသလောက် ခေတ်မီလက်နက်တွေ မကိုင်နိုင်သေးတဲ့အကြောင်း ယင်းမာပင်ခရိုင်၊ တပ်ရင်း ၁၆ တပ်ရင်းမှူးက ပြောပြပါတယ်။
2022-11-29
ခရမ်းမြို့ပေါ်ကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့ကတည်းက ဆိုင်ကယ်စီးခွင့် ပိတ်ထားတာဖြစ်ပြီး အခု နိုဝင်ဘာလထဲမှာတော့ ခရမ်းမြို့နယ်မှာရှိတဲ့ ကျေးရွာအုပ်စု (၅၃) အုပ်စုလုံးကို ကန့်သတ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။