သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-12-17
ပုလဲမြို့နယ်ထဲကရွာတွေကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ထွက်ပြေးရတဲ့ ဒေသခံ တစ်သောင်းကျော်ရှိလာပါတယ်။
2023-12-16
ကရင်ပြည်နယ် မြဝတီမြို့က စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) အဖွဲ့ ထိန်းချုပ်နယ်မြေက ကာစီနိုနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ မြန်မာနဲ့ နိုင်ငံခြားသားတွေ ပိတ်လှောင်ခံရပြီး အတင်းအဓမ္မအလုပ်ခိုင်းခံနေရတယ်လို့ ဒေသခံတွေနဲ့ အလုပ်လုပ်နေသူတွေက ပြောပါတယ်။
2023-12-16
ဆိပ်ဖြူ၊ ပေါက်နဲ့ ဆောမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့သလို စက်သေနတ်နဲ့ပါ ပစ်ခဲ့တာကြောင့် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ပါတယ်။
2023-12-15
ကော့ကရိတ်မြို့မှာ တိုက်ပွဲဖြစ်ပွားနေတဲ့ ၁၅ ရက်အတွင်း အရပ်သားပြည်သူ ၂ဝ ဦးခန့် သေဆုံးပြီး နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ PDF တပ်ဖွဲ့ ကျားဖြူစစ်ကြောင်း တပ်ခွဲ ၅ တာဝန်ရှိသူနဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2023-12-15
စစ်ကောင်စီတပ်စခန်းတွေ အပါအဝင် မြို့ပေါင်းနှစ်ဆယ်ကျော်ကို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေက သိမ်းယူထားပါပြီ။ လက်ရှိ စစ်ရေးပဋိပက္ခဟာ တိုင်းပြည်ရဲ့ နိုင်ငံရေးအလှည့်အပြောင်းကို ဦးတည်နေတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
2023-12-15
သူတို့အားလုံးကို ချက်ချင်း အိမ်ပြန်ခွင့်မပေးဘဲ ဒေသအလိုက် နီးစပ်ရာ စစ်တပ်လေ့ကျင့်ရေးကျောင်းတွေကိုပို့ပြီး စစ်မှုပြန်ထမ်းဖို့ ဖိအားပေး ပြောဆိုခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အကျဉ်းသား မိသားစုဝင်တွေ၊ ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
2023-12-15
မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်က စစ်ဘေးဒုက္ခသည်တွေကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးဖို့ စစ်ကောင်စီနဲ့ပူးပေါင်းပြီး နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
2023-12-14
လက်ရှိ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အခြေအနေကို ဒုတိယကမ္ဘာစစ်ပြီးဆုံးကာနီး အရှုံးနဲ့ရင်ဆိုင်နေရတဲ့ နာဇီဂျာမနီရဲ့ စစ်ခေါင်းဆောင်တွေ အခြေအနေနဲ့ နှိုင်းယှဉ်ပြထားပါတယ်။
2023-12-14
ရန်ကုန်နဲ့ မန္တလေးအပါအဝင် နိုင်ငံတစ်ဝန်းက မြို့ကြီးတွေမှာ လောင်စာဆီ တန်းစီတိုးရတဲ့ပြဿနာ လျော့ကျသွားပေမယ့် အရင်ကထက် ဈေးနှစ်ဆကျော် မြင့်တက်နေဆဲလို့ ဒေသခံတွေက ပြောပါတယ်။
2023-12-14
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှုတန်ဖိုးက တစ်ရက်ကို ဒေါ်လာ ဆယ်သန်းကျော်ရှိတာကြောင့် နယ်စပ်ကုန်သွယ်ရေးရပ်တန့်သွားတာ နှစ်လနီးပါး ရှိလာချိန်မှာ ကုန်သွယ်မှုတန်ဖိုး ဒေါ်လာသန်း ငါးရာကျော် နစ်နာဆုံးရှုံးခဲ့တာပါ။
2023-12-13
ဒီနှစ်ဇွန်လအထိ ၁၂ လတာ တွက်ချက်မှုတွေအရ စားသုံးကုန်တန်ဖိုးတွေဟာ ၂၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။
2023-12-13
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ နိုဝင်ဘာလ ၁၃ ရက်နေ့က တိုက်ပွဲတွေ စတင်ဖြစ်ပွားနေတာ ဒီနေ့ တစ်လပြည့်ပါပြီ။
2023-12-13
စစ်ကောင်စီယန္တရားထဲက စစ်သား၊ ရဲနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ပြည်သူ့ဘက်ခိုလှုံလာတာ လေးရာကျော်ရှိနေပြီလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
2023-12-12
၂ဝ၂၁ ခုနှစ်ကစလို့ သုံးနှစ်ဆက်တိုက် ဘိန်းစိုက်ပျိုးမှု တိုးမြင့်လာတာဖြစ်ပြီး ဘိန်းစိုက်တောင်သူတွေရဲ့ ဝင်ငွေကလည်း ၇၅ ရာခိုင်နှုန်း တိုးလာတယ်လို့ ပြောပါတယ်။
2023-12-12
မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ တရုတ်အစိုးရရဲ့ အကူအညီကိုယူပြီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ပြောလိုက်ပါတယ်။