သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-12-15
မြန်မာနိုင်ငံက ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ အဖွဲ့အစည်းတွေနဲ့ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို နည်းပညာနဲ့ လူကို သေစေခြင်းမရှိတဲ့ အကူအညီမျိုး ထောက်ပံ့ပေးမယ့် အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) - ၂၀၂၃ ကို ဒီဇင်ဘာ ၈ ရက်နေ့က အမေရိကန်အောက်လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
2022-12-15
မကွေးတိုင်း တောင်တွင်းကြီးမြို့က အသက် ၂၈ နှစ်အရွယ် ကိုအောင်ခန့်ဦး (ခ) ပါလေးဟာ ပျော်ပျော်နေတတ်သူပါ။ သူက မဟုတ်မခံစိတ်ရှိပြီး တစ်ပါးသူကို ကူညီတတ်ပေမယ့် နိုင်ငံရေးကို စိတ်ဝင်စားသူ မဟုတ်ပါဘူး။
2022-12-14
ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်က ကုန်းသာရွာ၊ ဟူးမန်းရွာ၊ ပန်လော့ရွာနဲ့ မန်လုံးရွာတွေအနီး ဒီဇင်ဘာလ ၇ ရက်နေ့က စဖြစ်တဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲတွေအတွင်း ၁၈ နှစ်အောက်ကလေး ၁၃ ဦး အပါအဝင် ၃၄ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-14
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ထဲက ခုနစ်ဖွဲ့ဟာ စစ်ကောင်စီနဲ့ အလွတ်သဘောရော တရားဝင်ပါ ဆက်လက်ဆွေးနွေးဖို့ တိတ်တဆိတ် ကြိုးပမ်းနေပါတယ်။
2022-12-13
ဒီဥပဒေကြမ်းကို အတည်ပြုနိုင်ခဲ့တာဟာ ဒီမိုကရေစီပြန်ရဖို့ တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူအားလုံးအတွက် ကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်ရုံတင်မကဘဲ လူသတ်နေတဲ့ မြန်မာစစ်တပ်ကို တာဝန်ခံခိုင်းဖို့ အရေးကြီးတဲ့အဆင့်တစ်ဆင့်ဖြစ်တယ်လို့ အောက်လွှတ်တော် အမတ် Gregory Meeks က ပြောပါတယ်။
2022-12-13
ရန်ကုန်တိုင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ ညအိပ် လာရောက်နေထိုင်သူတွေကြောင့် လုယက်မှု၊ ခိုက်ရန်ဖြစ်ပွားမှုနဲ့ ဒုစရိုက်မှုတွေဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေက စွပ်စွဲပြီး ရန်ကုန်တိုင်း သံဃမဟာနာယကအဖွဲ့ကို လျှောက်ထားခဲ့ပါတယ်။ ဒီအပေါ် အဲဒီသံဃမဟာနာယကအဖွဲ့က လက်ခံခဲ့ပြီးနောက် ရန်ကုန်တိုင်းထဲက ဘုန်းကြီးကျောင်းတွေအနေနဲ့ ခေတ္တနေထိုင်မယ့်သူတွေကို လက်မခံဖို့နဲ့ လက်ခံမယ်ဆိုရင် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ကို အကြောင်းကြားရမယ်ဆိုပြီး နိုဝင်ဘာလထဲမှာပဲ စာထုတ်ပြန်ခဲ့ပါတယ်။
2022-12-13
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၁ ရက်ကနေ ဒီဇင်ဘာ ၅ ရက်နေ့အထိ သီတင်းနှစ်ပတ်အတွင်း NLD အစိုးရလက်ထက် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦး အပါအဝင် အလွှာစုံက အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူ ၃၉ ဦးကို စစ်ကောင်စီက သေဒဏ်နဲ့ ထောင် အနှစ် ၄၀ ကျော်အထိ ချမှတ်ခဲ့ပါတယ်။
2022-12-13
စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်း၊ ထီးချိုင့်၊ ကန့်ဘလူ၊ အင်းတော်၊ ကသာ စတဲ့မြို့နယ်တွေမှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဒေသခံ ၂၅ ဦးသေဆုံးခဲ့ပြီး နေအိမ်တစ်ထောင်ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။
2022-12-12
အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ယူကရိန်းကို ကူညီသလိုမျိုး မြန်မာနိုင်ငံက စစ်အာဏာရှင်ပြုတ်ကျရေး လုပ်ဆောင်နေသူတွေကို ကူညီပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက Reuters Next ကမ္ဘာလုံးဆိုင်ရာဖိုရမ်မှာ တောင်းခံခဲ့ပါတယ်။
2022-12-12
ကက်သလစ်ဘုန်းတော်ကြီး ချားလ်စ်မောင်ဘိုရဲ့ ဇာတိရွာကို စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်နဲ့ပစ်ပြီး မီးရှို့တာအပါအဝင် စစ်ကိုင်းတိုင်းမှာ နိုဝင်ဘာလအတွင်း နေအိမ်သုံးထောင်နီးပါး မီးရှို့ခံခဲ့ရပါတယ်။
2022-12-11
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီဟာ NUG အစိုးရနဲ့ အပြည့်အဝ ချိတ်ဆက်ဆောင်ရွက်နေသလို တခြားတိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့လည်း စစ်ရေးအရ တညီတညွတ်တည်း ပူးပေါင်းနေပြီလို့ ပြောပါတယ်။
2022-12-11
နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာအနီးမှာ ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ဒီနေ့အထိ စစ်ကောင်စီတပ်နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲ ဆက်ပြင်းထန်နေတာကြောင့် ထွက်ပြေးရတဲ့ ဒေသခံ တစ်ထောင်ကျော်ရှိလာပါပြီ။
2022-12-10
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် ရတနာပုံမိုင်းရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ရွာခံတွေကို ရွှေ့ပြောင်းဖို့ ဖိအားပေးတာကြောင့် ဒီဇင်ဘာလ ၉ ရက်မနေ့ကအထိ ထိုင်းနိုင်ငံဘက် ထွက်ပြေးရသူ ၄၀၀ ကျော်လာပြီလို့ ဘုတ်ပြင်းဒေသခံတွေက RFA ကို ပြောပါတယ်။
2022-12-09
စစ်တပ်အာဏာသိမ်းပြီးနောက် ၂ဝ၂၁ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂ဝ၂၂ နိုဝင်ဘာလ ၃၀ ရက်အထိ ၂၂လအတွင်း ချင်းပြည်နယ်မှာ စစ်ကောင်စီကြောင့် အရပ်သားပြည်သူနဲ့ ဒေသကာကွယ်တပ်ဖွဲ့ဝင်တွေ စုစုပေါင်း ၃၅၅ ဦး သေဆုံးခဲ့ပြီး ချင်းပြည်နယ်အတွင်းက အိမ်ခြေစုစုပေါင်း ၁၅ဝ၅ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ဝရက်နေ့မှာ ချင်းရေးရာအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
2022-12-09
မနက်ဖြန် ဒီဇင်ဘာလ ၁၀ ရက်နေ့ဟာ ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ရာစုနှစ်တစ်စုအတွင်း အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကြုံတွေ့ခံစားနေရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ပြောပါတယ်။