သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-05-17
မဲဆောက်က အိမ်ယာဝင်းတစ်ခုမှာ မေ ၁၄ ရက်က လက်နက်တွေသိမ်းဆည်းရမိပေမဲ့ ထုတ်လုပ်သူတွေ လွတ်မြောက်နေတဲ့အတွက် မြန်မာတွေ အသွားအလာများတဲ့နေရာတွေမှာ ထိုင်းအာဏာပိုင်တွေက အပူတပြင်းရှာဖွေနေတာပါ။
2023-05-17
Move Forward ပါတီခေါင်းဆောင်ဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ရင် စစ်ကောင်စီကို အားပေးထောက်ခံနေတဲ့ အရင်ထိုင်းအစိုးရရဲ့ ရပ်တည်ချက်တွေကို ပြောင်းလဲပစ်မယ့်သူအဖြစ် ထိုင်းရောက် မြန်မာတွေ မျှော်လင့်နေကြပါတယ်။
2023-05-17
မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေမြို့နယ် တစ်ခုတည်းမှာ လက်ရှိအချိန်အထိ ရိုဟင်ဂျာ ၄၆၀ နီးပါး သေဆုံးခဲ့ပါတယ်။
2023-05-17
အာဆီယံအစည်းအဝေးအပြီး မြန်မာ့အရေး ထူးခြားတဲ့ရလဒ်မရှိတဲ့အပေါ် NUG နဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေအကြား ဝေဖန်မှုတွေရှိနေပါတယ်။
2023-05-16
မုန်တိုင်းကို အခွင့်ကောင်းယူပြီး စစ်ကြောင်းထိုးနေတဲ့အတွက် ရွာသားတွေ ရွာမပြန်ဘဲ ရေဘေးဒဏ်ခံရတာလို့ ဆောမြို့နယ်က ဒေသခံတစ်ယောက်က ပြောပါတယ်။
2023-05-16
အာဏာသိမ်းစစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ တိုးပွားလာနေသလို အာဆီယံဟာလည်း ဒေသတွင်းလမ်းဆုံလမ်းခွမှာ ရောက်နေကြောင်း အင်ဒိုနီးရှားအကြီးတန်းဝန်ကြီးတစ်ဦးက သတိပေးလိုက်ပါတယ်။
2023-05-16
ဒီပြောဆိုမှုတွေဟာ စစ်ကောင်စီဘက် ယိမ်းတယ်လို့ စွပ်စွဲခံနေရတဲ့ လက်ရှိအာဏာရယူထားတဲ့ ထိုင်းအစိုးရရဲ့ မူကွဲတဲ့ ချဉ်းကပ်မှုအဖြစ် သုံးသပ်သူတွေက ဆိုပါတယ်။
2023-05-16
မိုခါ မုန်တိုင်းကြောင့် စစ်တွေမြို့နယ် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာဒုက္ခသည် ၄၀၀ ကျော် သေဆုံးပြီး ပျောက်ဆုံးသူအများအပြား ရှိနေပါတယ်။
2023-05-16
ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် စစ်တပ်ကို နှစ်ပေါင်း ၇၀ ကျော် လက်နက်ကိုင်ခုခံနေတဲ့ KNU ရဲ့ (၁၇) ကြိမ်မြောက် ညီလာခံကို ကျင်းပခဲ့ပါတယ်။
2023-05-15
ထိုင်းအတိုက်အခံတွေ ရွေးကောက်ပွဲမှာ အောင်ပွဲခံနေချိန်မှာ ထိုင်းနိုင်ငံမှာနေထိုင်တဲ့ မြန်မာနိုင်ငံသား အများစုကလည်း ဝမ်းမြောက်ဝမ်းသာနဲ့ မျှော်လင့်ချက်တွေထားရှိနေကြပါတယ်။
2023-05-15
စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်တွေမှာ မုန်တိုင်းဒဏ်ကြောင့် နေအိမ်တွေအပြင် စပါးနဲ့ယာခင်းများ ရေနစ်မြုပ်ပျက်စီးခဲ့ပါတယ်။
2023-05-15
မေလ ၁၄ ရက် မနေ့က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် နိုင်ငံတစ်ဝန်းသေဆုံးသူ ၁၂ ဦး ရှိသွားပါပြီ။
2023-05-15
အိန္ဒိယကုမ္ပဏီ Adani Ports ဟာ မြန်မာနိုင်ငံက သူ့ရဲ့ လုပ်ငန်းတွေကို အမေရိကန်ဒေါ်လာသန်း ၉၀ ကျော် အရှုံးခံရောင်းချမယ့်အကြောင်း ထုတ်ပြန်ပါတယ်။
2023-05-14
မြန်မာစစ်ကောင်စီဟာ ၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပိုပြီး ရင်ဆိုင်လာရတဲ့ ပြည်တွင်းပဋိပက္ခကို ရတဲ့နည်းနဲ့ နည်းပေါင်းစုံက ဖြိုခွင်းတဲ့အခါ လေကြောင်းကို အထူးအားပြုပါတယ်။
2023-05-14
မိုခါဆိုင်ကလုန်းဟာ အတ္တလန္တိတ်သမုဒ္ဒရာဘက်ကျရောက်တဲ့ ဟာရီကိန်းမုန်တိုင်း အဆင့် ၅ နဲ့ ညီမျှတယ်လို့ CNN သတင်းကလည်း ဖော်ပြပါတယ်။