သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-08-22
အာဏာသိမ်းစစ်တပ်က ပြည်သူအပေါ် အကြမ်းဖက်သတ်ဖြတ်နေတာတွေကို ကာကွယ်ဖို့ တော်လှန်ရေးအင်အားစုတွေက လက်နက်ကိုင်တိုက်ပွဲဝင်နေရတာ ဖြစ်တယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
2023-08-22
အုပ်ချုပ်သူကိုဖြစ်ဖြစ်၊ အုပ်ချုပ်ရေး အသွင်သဏ္ဍာန်ကိုဖြစ်ဖြစ် တစ်မုဟုတ်ချင်း အကြမ်းဖက်ပြီး ပြောင်းလဲရင် တော်လှန်ရေးတစ်ရပ် ပေါ်ထွန်းပါတယ်။
2023-08-22
တမူးမြို့နယ်က တိုက်ပွဲတွေကြောင့် အိန္ဒိယဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ မြန်မာဒုက္ခသည်တွေကို အိန္ဒိယအာဏာပိုင်တွေက ပြန်လည်မောင်းထုတ်ခဲ့ကြတာကြောင့် နယ်စပ်မျဉ်းအနီးမှာ တဲထိုးနေထိုင်နေကြရတယ်လို့ ပြောပါတယ်။
2023-08-22
ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပနိုင်ရေးဟာ စစ်ကောင်စီရဲ့ ရည်မှန်းချက်ဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက အလေးပေးပြောဆိုခဲ့ပါတယ်။
2023-08-22
အရေးပေါ်ကာလ ခြောက်လသက်တမ်းတိုးပြီးနောက် စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် လုပ်လာပါတယ်။
2023-08-21
ပန်းချီဆွဲချင်စိတ်ရှိမှ ပန်းချီဆွဲလေ့ရှိပေမဲ့ အပ်ထည်အော်ဒါ ပန်းချီတစ်ကားတန်ဖိုးက သိန်းတစ်ထောင်လောက်ရှိတယ်လို့ Time City မှာ ပြခန်းဖွင့်ထားတဲ့ ပန်းချီစန်းနိုင်က ပြောပါတယ်။
2023-08-21
အဖမ်းခံထားရတဲ့ ဆွစ်ဇာလန်နိုင်ငံသား ရုပ်သံရိုက်ကူးသူ မစ္စတာ ဒီဒီးယား နုစ်ဘောမား (Didier Nusbaumer) ကိစ္စ ရှင်းလင်းချက်ရဖို့ မြန်မာအာဏာပိုင်တွေနဲ့ ဆက်သွယ်ဆောင်ရွက်နေကြောင်း ရန်ကုန်ရှိ ဆွဇ်သံရုံးက အတည်ပြု ပြောဆိုပါတယ်။
2023-08-21
ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားငွေလက်ဝယ်တွေ့ရင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ကြေညာပါတယ်။
2023-08-20
ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu မြန်မာနိုင်ငံကို ရောက်လာချိန်အတွင်း ဒီဂျက်တိုက်လေယာဉ် ခြောက်စင်းနဲ့ Yak-130 လေ့ကျင့်ရေးတိုက်လေယာဉ်တွေဝယ်ယူဖို့ ၂၀၁၈ ဇန်နဝါရီမှာ လက်မှတ်ရေးထိုး သဘောတူထားပါတယ်။
2023-08-20
တစ်လကြာမြင့်ခဲ့ပြီဖြစ်တဲ့ မြဝတီမြို့နယ်၊ လက်ခတ်တောင်ဘုရားကုန်း တာဝါတိုင်စစ်စခန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှု ဆက်လက်များနေဆဲဖြစ်ပါတယ်။
2023-08-20
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားတဲ့ မြန်မာ-ထိုင်း နယ်စပ်ဒေသတွေကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတာကြောင့် လတ်တလော တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
2023-08-19
နွေဦးတော်လှန်ရေး ကာလအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများနေတယ်လို့ နာမည်ကြီးနေတဲ့ ပြည်နယ်တစ်ခုကတော့ ကယားပြည်နယ် ဖြစ်ပါတယ်။
2023-08-19
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဩဂုတ်လ ၁၈ရက်၊ မနေ့က တစ်ရက်တည်းမှာတင် ကချင်ပြည်နယ်နဲ့ ပဲခူးတိုင်းမှာ အရပ်သား ၁၉ ဦး ဒဏ်ရာရရှိခဲ့ပြီး နှစ်ထောင်ကျော် ထွက်ပြေးနေရပါတယ်။
2023-08-18
မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းနေတဲ့ မြန်မာနိုင်ငံရဲ့ ရှမ်းပြည်နယ်နှင့် လာအိုနိုင်ငံရှိ ဘိုကီယိုပြည်နယ်တွေဟာ မှုခင်းထူပြောပြီး သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ အာဏာစက် မသက်ရောက်တဲ့ ဘုံအန္တရာယ်ဇုန်တစ်ခု ဖြစ်လာနေပါတယ်။
2023-08-18
ညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောင်းသား နှစ်ဦး အပါအဝင် လေးဦးသေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရခဲ့ပါတယ်။