သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-07-22
စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်မှုတွေ အားကောင်းတဲ့ မကွေးတိုင်း ဂန့်ဂေါနဲ့ ထီးလင်းမြို့နယ်တွေမှာ ဇူလိုင် ၁၈ ရက်နေ့ကစလို့ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တစ်ချိန်တည်းမှာပဲ ဂန့်ဂေါနဲ့ ထီးလင်းမှာ စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့ သူတို့က ပြောပါတယ်။
2022-07-21
ဒီရက်ပိုင်းအတွင်း စစ်ကောင်စီရဲ့ နောက်ဆုံးလှုပ်ရှားမှုတစ်ခုကတော့ ဧရာဝတီတိုင်းမှာ ရှိနေတဲ့ ဆန်စက်လုပ်ငန်းပိုင်ရှင်တွေကို ကြိုတင်ငွေ ထုတ်ပေးပြီး ဆန်ထွက်ပစ္စည်းတွေကို စစ်တပ်ကိုပဲ ရောင်းချဖို့ ဆောင်ရွက်နေတာဖြစ်တယ်လို့လည်း ဦးမျိုးက ပြောပါတယ်။
2022-07-21
၁၇၉ နိုင်ငံက ပေါင်းစည်းမှုညွှန်းကိန်း၊ စီးပွားရေးညွှန်းကိန်း၊ နိုင်ငံရေးညွှန်းကိန်း၊ လူမှုရေးနဲ့ သူနဲ့ ဆက်စပ်တဲ့ ညွှန်းကိန်းတွေကိုကြည့်ပြီး အတိမ်းအစောင်းရှိ-မရှိ သတ်မှတ်တာပါ။
2022-07-21
ဘားအံထောင်ကနေ သာယာဝတီထောင်ကို ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေး အကျဉ်းသား ၆၀ ထဲက ကျောင်းသားလူငယ်အချို့ ဇူလိုင်လ ၁၀ ရက်နေ့ကစလို့ ထောင်ထဲမှာ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံနေရတယ်လို့ မိသားစုဝင်တွေနဲ့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ရန်ကုန်မြို့က ဥပဒေပညာရှင်တစ်ဦးကတော့ လက်ရှိပြဋ္ဌာန်းထားတဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေအရ အကျဉ်းသားတွေကို ဘယ်သူကမှ ကိုယ်ထိလက်ရောက် ရိုက်နှက်ခွင့်မရှိဘဲ ကျူးလွန်ရင် ဒါဟာရာဇဝတ်မှုမြောက်တယ်လို့ ပြောပါတယ်။
2022-07-21
အာဏာသိမ်းပြီး တစ်နှစ်ခွဲအတွင်း ဒီမိုကရေစီအတွက် ငြိမ်းငြိမ်းချမ်းချမ်းတောင်းဆိုနေတဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်လို့ ပညာရေးဝန်ထမ်း ၂၀၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။ ဒီ့အပြင် စစ်ကောင်စီရဲ့ ပစ်ခတ် ဖြိုခွင်းမှုနဲ့ ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် CDM ပညာရေးဝန်ထမ်း ၂၄ ဦး သေဆုံးခဲ့ပါတယ်။
2022-07-20
နိုင်ငံတကာမြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့ Landmine Monitor ရဲ့ မှတ်တမ်းတွေအရ အခုအချိန်မှာ မြန်မာစစ်တပ်ဟာ ကမ္ဘာပေါ်မှာ လူကို ပစ်မှတ်ထားတဲ့ မြေမြှုပ်မိုင်းတွေကို ဆက်လက်အသုံးပြုနေဆဲဖြစ်တဲ့ တစ်ခုတည်းသော နိုင်ငံအဆင့်ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
2022-07-20
စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ကြုံနေရတဲ့ စစ်ကောင်စီဟာ အနောက်နိုင်ငံတွေ အဓိကအသုံးပြုတဲ့ နိုင်ငံတကာငွေပေးချေမှုစနစ် SWIFT (The Society for Worldwide Interbank Financial Telecommunication) ကို ကျော်လွှားပြီး ရုရှားဗဟိုဘဏ်ရဲ့ ငွေပေးချေမှုစနစ် SPFS (Sistema peredachi finansovykh Soobscheniy) ကို ဝင်ရောက်ဖို့ ကြိုးပမ်းနေပါတယ်။
2022-07-20
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ဒေသခံ ၃၀ ဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ တရားစွဲဆိုခံထားရတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။ ဖမ်းဆီးခံရသူထဲမှာ စစ်ကောင်စီတပ် စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
2022-07-20
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က အစ္စလာမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ စုပေါင်းနေထိုင်ကြတဲ့ ကျီစုကျေးရွာမှာ စစ်ကောင်စီတပ်က ဇူလိုင်လ ၁၈ နဲ့ ၁၉ ရက်နေ့တွေက မီးရှို့ခဲ့တာကြောင့် နေအိမ် ၅၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ရသလို ရွာထဲမှာ သတ်ဖြတ်ခံထားရတဲ့ လူ ၁၀ ဦးရဲ့ ရုပ်အလောင်းတွေကို ဒီနေ့ ဇူလိုင်လ ၂၀ ရက် မနက်ပိုင်းက တွေ့ရှိခဲ့ကြတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
2022-07-19
KNU ခေါင်းဆောင်ပိုင်းမှာ NCA ကိုလက်ခံပြီး စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေသူတချို့ ရှိနေပေမယ့် စစ်ကောင်စီကို တိုက်ပွဲဝင်နေတဲ့ ကရင်တော်လှန်ရေးအဖွဲ့တွေနဲ့ သူလက်တွဲထားတယ်လို့ ပြောပါတယ်။
2022-07-19
အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ထိထိရောက်ရောက် လုပ်ဆောင်မှုမရှိရုံတင်မကဘဲ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူတွေကို လူကုန်ကူးမှုမြောက်တဲ့ အဓမ္မလုပ်အားပေး စေခိုင်းမှုတွေ ကျူးလွန်ခဲ့တဲ့အကြောင်း အခုနှစ်အတွက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2022-07-19
စစ်တပ်ရဲ့ အကြမ်းဖက်မှုကို ခုခံဖို့အတွက် မြို့ပြနဲ့ ကျေးရွာတွေမှာ ဒေသကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းခဲ့ပြီး လူငယ်အများအပြားဟာလည်း အလွယ်တကူ ဗုံးလုပ်နည်းတွေကို အင်တာနက်အွန်လိုင်းက တစ်ဆင့် စတင်လေ့လာခဲ့ကြပါတယ်။
2022-07-19
အာဇာနည်ခေါင်းဆောင် ကိုးဦး ကျဆုံးခဲ့ရတဲ့ အထိမ်းအမှတ် ဇူလိုင်လ ၁၉ ရက် ဒီနေ့မှာကျရောက်တဲ့ (၇၅) နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားကို အာဏာသိမ်းစစ်ကောင်စီက ဦးဆောင်ပြီး ရန်ကုန်မြို့မှာ လမ်းတွေပိတ်ဆို့ကာ လုံခြုံရေးအများအပြားနဲ့ ပြုလုပ်ခဲ့ပါတယ်။
2022-07-19
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းမှာ ဇူလိုင်လ ၁၈ ရက် မနေ့မနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ခဲ့ပြီး ပြင်းပြင်းထန်ထန် ပစ်ခတ်ခဲ့ကြတယ်လို့ ဒေသခံတွေနဲ့ AA တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
2022-07-18
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇောရဲ့သမီး ဒေါက်တာလှကျော်ဇောကလည်း အသက် ၂ဝ လောက်မှာ ကျောင်းသားခေါင်းဆောင်ဖြစ်လာပြီး အသက် ၃၂ နှစ်မှာ ကွယ်လွန်ခဲ့ချိန်အထိ ၁၂ နှစ်တာကာလအတွင်း တိုင်းပြည်ကို အံ့မခန်း စည်းရုံးလုပ်ဆောင်သွားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့အရည်အသွေးတွေကို သူ့ဖခင်က ဂုဏ်ယူပြောကြားလေ့ရှိတယ်လို့ RFA ကို ပြောပါတယ်။