သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-10-21
အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ အမျိုးသမီးရေးရာ ဝန်ကြီး နော်ဆူဆန်နာလှလှစိုးက မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီကနေ ဖမ်းဆီးထိန်းသိမ်းခံရသူ အားလုံးရဲ့ ၂ဝ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်ပြီး၊ စစ်ကောင်စီရဲ့ လက်ချက်နဲ့ အသက်ဆုံးရှုံးရသူ အားလုံးရဲ့ ၂၅ ရာခိုင်နှုန်း ဒါမှမဟုတ် ၃၂၅ ဦးဟာ အမျိုးသမီးတွေ ဖြစ်တဲ့အကြောင်း ထောက်ပြပြီး၊ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူ ပါဝင်နေတဲ့အကြောင်း ပြောသွားပါတယ်။
2022-10-21
ကုန်းတွင်းပစ်မှတ်တွေကို စစ်ဆင်တဲ့အခါ မြေပြင်မှာ အရေးမလှတဲ့ စစ်ကောင်စီဟာ လေကြောင်းကို အထူး အားကိုးရပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းစစ်တပ်မှာ စစ်ဘက်သုံးလေယာဉ် ၂၉၂ စင်းရှိတယ်လို့ WDMMA - World Directory of Modern Military Aircraft ကမ္ဘာ့ခေတ်မီ စစ်လေယာဉ်ရေးရာလမ်းညွှန်က ဖော်ပြပါတယ်။
2022-10-21
ဆိုးလ်တက္ကသိုလ်မှာ မနေ့ကကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို "နွေဦးတော်လှန်ရေးနဲ့ မြန်မာပြည်ရဲ့ အမျိုးသားညီညွတ်ရေး ခရီးရှည်" လို့ အမည်ပေးထားပြီး တောင်ကိုရီးယား တက္ကသိုလ်ပါမောက္ခတွေ၊ တက်ကြွလှုပ်ရှားသူတွေအပြင် နိုင်ငံတကာက မြန်မာ့အရေး စိတ်ဝင်စားသူတွေလည်း အင်တာနက်အွန်လိုင်းကနေ ပါဝင်တက်ရောက်ကြပါတယ်။
2022-10-21
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာက စက်တင်ဘာလ ၁၆ ရက် လေကြောင်းတိုက်ခိုက်မှုဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အဆိုးရွားဆုံး လေကြောင်းတိုက်ခိုက်မှု ဖြစ်ပါတယ်။
2022-10-21
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ အကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ ၁၀ ဦးကို ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့မှာ စစ်ကောင်စီရဲ့ ထားဝယ်ထောင်တွင်း တရားရုံးက ထောင်ဒဏ် ၁၀ နှစ်ကနေ အနှစ် ၂၀ စီအထိ ထပ်တိုးအမိန့်ချခဲ့ပါတယ်။
2022-10-20
သတင်းမှားတွေ၊ ဝါဒဖြန့်တာတွေကို အစိုးရတွေကရော၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကပါ မကြာခဏ အသုံးချနေတာဟာ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီလုပ်ငန်းစဉ်တွေကို ထိခိုက်လေ့ရှိပြီး ပဋိပက္ခ တာရှည်လေ့ရှိတယ်လို့ သတိပေးထားပါတယ်။
2022-10-20
အောက်တိုဘာ ၁၉ ရက်က အင်းစိန်ထောင် ပေါက်ကွဲမှုဖြစ်ပြီး လူ ရှစ်ဦး သေဆုံးခဲ့တဲ့နောက် အင်းစိန်၊ ပြည်၊ သာယာဝတီ၊ အိုးဘို၊ တောင်ငူ၊ သရက်၊ ပဲခူး စတဲ့ အကျဉ်းထောင် ခုနစ်ခုမှာ ထောင်ဝင်စာတွေ့ခွင့်နဲ့ ပစ္စည်းပေးခွင့်ကို အာဏာပိုင်တွေက ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုတွေနဲ့ ရှေ့နေတွေက ပြောပါတယ်။
2022-10-20
အာဏာရှင်ဆန့်ကျင်ရေး အားကောင်းတဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်ချေမှုန်းမှုတွေကြောင့် အောက်တိုဘာ ၁ ရက်ကနေ ၁၄ ရက်အထိ သီတင်း နှစ်ပတ်အတွင်း လူ ၃၄ ဦး သေဆုံးပြီး နေအိမ် ၆၀၀ ကျော် မီးရှို့ခံခဲ့ရပါတယ်။
2022-10-20
တရားဝင် နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ လူမှုကွန်ရက်ကနေ နိုင်ငံခြားငွေ အရောင်းအဝယ်သူတွေကို စပြီးအရေးယူနေပြီလို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
2022-10-19
ဒီလို အင်တာနက်ကနေ ငွေလိမ်ယူတဲ့လုပ်ငန်းတွေဟာ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်က တရုတ်လုပ်ငန်းရှင်တွေ တည်ဆောက်ထားတဲ့ အထူးစီးပွားရေးဇုန်တွေမှာ အခြေစိုက်ပြီး၊ အချိန်ပြည့်အင်တာနက် သုံးသူတွေ အမြောက်အမြားနဲ့ လုပ်ကိုင်နေကြတာလို့ ဆိုပါတယ်။
2022-10-19
ဒီရေတပ်အရာရှိဟောင်း ခြောက်ဦးဟာ အကြမ်းမဖက်အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM) မှာ ပါဝင်ပြီး မလေးရှားက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ကတစ်ဆင့် နိုင်ငံရေးခိုလှုံခွင့်ရဖို့ ကြိုးစားနေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
2022-10-19
ကိုဗစ်ကပ်ရောဂါကြောင့် နိုင်ငံတိုင်းလိုလို စီးပွားရေး တိုးတက်နှုန်းထိခိုက်ရပြီး မြန်မာနိုင်ငံမှာ ၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးတဲ့နောက် စီးပွားရေးကျဆင်းရပြီး အရင်က လုံခြုံခဲ့တဲ့ဒေသတွေမှာ လုံခြုံရေးကင်းမဲ့သွားပါတော့တယ်။
2022-10-19
ပြည်တွင်းမှာ ထုတ်လွှင့်ပြသမယ့် ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွဲနဲ့ နိုင်ငံခြားဇာတ်ကား၊ ဇာတ်လမ်းတွဲတွေကို လာမယ့် နိုဝင်ဘာ ၁ ရက်နေ့ကစပြီး ဆင်ဆာစိစစ် ဖြတ်တောက်ပြီးမှ ထုတ်လွှင့်ခွင့်ရတော့မယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က RFA ကို ပြောပါတယ်။
2022-10-19
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ကို အောက်တိုဘာ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေက ရောက်ရှိလာတဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခရီးစဉ်အတွက် လုံခြုံရေးယူပေးခဲ့ရတဲ့ စစ်ယာဉ်တန်းဟာ မော်လမြိုင်ကနေ ဘီးလင်းမြို့ကို အပြန်မှာ တိုက်ခိုက်ခံခဲ့ရတာကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။
2022-10-18
ဆွေးနွေးညှိနှိုင်းရခက်ခဲတဲ့ မြန်မာစစ်ခေါင်းဆောင်တွေဟာ အာဆီယံနဲ့ အလေးအနက် စတင်ဆွေးနွေးဖို့ မလွယ်ကူဘဲဖြစ်နေပါတယ်။