သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-10-10
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ် လိုင်ဇာမြို့နဲ့ သုံးမိုင်လောက်အကွာမှာရှိတဲ့ မုန်လိုင်ခက်ရွာ စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံခဲ့ရတဲ့ ဖြစ်ရပ်မှာ ကလေးသူငယ် ၁၁ ဦး အပါအဝင် စစ်ဘေးဒုက္ခသည် ၂၉ ဦး သေဆုံးပြီး၊ ၅၇ ဦး အထိ ဒဏ်ရာရခဲ့တာကို အလွန်ပဲ စိုးရိမ်ပူပန်မိကြောင်းနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်စရာမဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးချုပ်က ထုတ်ပြန်ပါတယ်။
2023-10-10
လိုင်ဇာမြို့က မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုဟာ သူတို့လက်ချက်မဟုတ်ကြောင်း စစ်ကောင်စီက ငြင်းဆိုပေမယ့် NUG အပါအဝင် တိုင်းရင်းသားတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ တွေက စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်သာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
2023-10-10
အာဏာသိမ်းကာလ အချိန်ကြာလာတာနဲ့အမျှ ရန်ကုန် စက်မှုဇုန်တွေမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှု ပိုဆိုးလာတယ်လို့ အလုပ်သမားတွေနဲ့ သမဂ္ဂအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
2023-10-10
“သူတို့ လာချင်တဲ့အချိန် လာတယ် မလာချင်တဲ့အချိန် မလာဘူး။ တစ်ခါတလေကျရင် ငါးမိနစ်လောက် လာတယ်။ တစ်ခါတလေကျရင် ချက်ချင်းလာ ချက်ချင်းပျက်။”
2023-10-10
လိုင်ဇာမြို့က မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်းကို အောက်တိုဘာ ၉ ရက်နေ့ ည ၁၁ နာရီကျော်မှာ စစ်တပ်က တိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေအပါအဝင် စစ်ဘေးဒုက္ခသည် ၂၉ ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
2023-10-09
ဆယ်ဇင်းရွာတစ်ဝိုက်မှာ လက်နက်မဲ့အရပ်သားတွေကို သတ်ဖြတ်နေတဲ့ ရုပ်သံဖိုင်နှစ်ခုကို အရပ်ဘက်အဖွဲ့တစ်ဖွဲ့ဆီက RFA က လက်ခံရရှိထားပါတယ်။
2023-10-09
ကာစီနိုရုံတွေကို လုံခြုံရေးယူတဲ့ တရုတ်ဂိုဏ်းတွေက ရာဇဝတ်မှုတွေ ကျူးလွန်လို့ ၂၀၁၉ မှာ အွန်လိုင်းလောင်းကစားကို ပိတ်ပင်လိုက်တဲ့အတွက် အောက်တိုဘာမှာ မြန်မာနိုင်ငံကို ရွှေ့လာပါတယ်။
2023-10-09
ပဲခူးမှာ အောက်တိုဘာ ၈ ရက်ကစလို့ မိုးရွာသွန်းမှုများတာကြောင့် ပဲခူးမြစ်ရေ စံချိန်တင် မြင့်တက်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေက ရေဘေးဒုက္ခသည် ၁၃,၀၀၀ ကျော်ကို ယာယီကယ်ဆယ်ရေးစခန်း ၃၀ ကျော်မှာ နေရာချပေးထားတယ်လို့ ပြောပါတယ်။
2023-10-08
ပဲခူးတိုင်းမှာ မိုးအဆက်မပြတ်ရွာလို့ ဒေသခံ တစ်သောင်းနီးပါး ကယ်ဆယ်ရေးစခန်းတွေဆီ အရေးပေါ် ပြောင်းရွှေ့လိုက်ရပါတယ်။
2023-10-07
စစ်ခေါင်ဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ အကောင်အထည်ဖော်မယ့် BRI စီမံကိန်းတွေကို အမြန်ဆုံးအကောင်အထည်ဖော်ပြီး ဒီစီမံကိန်းတွေကနေ ဝင်လာမယ့် ငွေကြေးတွေနဲ့ စီးပွားရေးပြန်တက်အောင် လုပ်ဖို့ကြိုးပမ်းနေပါတယ်လို့ ဆောင်းပါးရှင်က သုံးသပ်ထားပါတယ်။
2023-10-07
မလေးရှားမှာ စက်တင်ဘာလကစပြီး မလေးရှားအာဏာပိုင်တွေက အော်ပရာစီလို့ခေါ်တဲ့ ရှောင်တစ်ခင် ဝင်ရောက်ဖမ်းဆီးစစ်ဆေးတာတွေ များနေပြီး တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအများစု အဖမ်းခံနေရတာပါ။
2023-10-07
မြန်မာနိုင်ငံရဲ့ အနည်းဆုံးအခကြေးငွေကို အပိုထောက်ပံကြေး တစ်ထောင်ကျပ် တိုးပေးလိုက်တယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားရေးဝန်ကြီးဌာနက အောက်တိုဘာ ၅ ရက်နေ့က ကြေညာပါတယ်။
2023-10-06
ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူလူထုဆန္ဒကို လေးစားလိုက်နာပြီး အမျိုးသမီးနဲ့ မိန်းကလေးတွေကို ချန်လှပ်မထားဘဲ ထိထိရောက်ရောက် ပံ့ပိုးကူညီဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။
2023-10-06
မမိုးမြင့်ဟာ အလုပ်ကြိုးစားသူတစ်ဦးဖြစ်ပြီး မိခင်ကို ရှာဖွေကျွေးမွေးနေသူ တစ်ဦးဖြစ်လို့ သူသေဆုံးရတာ ဆုံးရှုံးမှုကြီးတစ်ခုဖြစ်တယ်လို့ အလုပ်ရှင်က ထိုင်းသတင်းမီဒီယာတွေကို ပြောကြားပါတယ်။
2023-10-06
စစ်အာဏာသိမ်းပြီးနောက် ဆက်လက်ကျင်းပနေတဲ့ NCA နှစ်ပတ်လည် အခမ်းအနားတွေဟာ နိုင်ငံတကာမှာ မျက်နှာပန်းလှဖို့ စစ်ကောင်စီ ကြိုးစားနေတဲ့ ဟန်ပြဖြစ်နေတယ်။