သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-08
မြန်မာ့နိုင်ငံရေး နဲ့ စီးပွားရေး မျက်နှာစာတွေမှာ စစ်တပ် ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေ ပါဝင်ပတ်သက်နေကြပြီး၊ စစ်တပ် ထောက်ပံ့ရေးဆိုင်ရာ ကဏ္ဍတွေကို ချုပ်ကိုင်ထားကြပါတယ်။
2021-09-08
အမျိုးသားညီညွတ်ရေးအစိုးရ NUG က လူထုတော်လှန်ရေး စတင်ပြီလို့ ကြေညာ လိုက်တဲ့အချိန်မှာပဲ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ ပြည်သူအများစုဟာ ကျေးလက် နဲ့ မြို့ပြအနှံ့ တိုက်ပွဲတွေဖြစ်လာခဲ့ရင် တစ်ထောင့်တစ်နေရာကနေ ပါဝင်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ RFA ကို ပြောကြပါတယ်။ ပြည်သူအချို့ကတော့ နိုင်ငံတစ်ဝန်း စစ်ဖြစ်လာပြီး ကုန်စျေးနှုန်းတွေ ပိုတက်လာမှာ၊ လုံခြုံရေး ပိုခက်ခဲလာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။
2021-09-07
အာဏာသိမ်း စစ်ကောင်စီကို အင်အားသုံး တိုက်ခိုက်ကြဖို့ တိုက်တွန်းချက် ပေါ် ထွက်လာတာကြောင့် မြန်မာနိုင်ငံအရေးမှာ ကြားဝင်ဖြေရှင်းပေးဖို့ အာဆီယံက ကြိုးပမ်းရာမှာ NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ အခန်းကဏ္ဍကို ထည့် စဉ်းစားဖို့ လိုအပ်နေတာကို ပြသနေတယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
2021-09-07
အာဏာကို အဓမ္မရယူထားတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတစ်ခုလုံး အပြီးတိုင်ဖျက်သိမ်းရေး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခုခံတော်လှန်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ က ဒီကနေ့ စက်တင်ဘာ ၇ ရက်နေ့မှာ တစ်နိုင်ငံလုံးကို တိုက်တွန်းလိုက်ပါတယ်။
2021-09-06
မြန်မာနိုင်ငံမှာ လက်နက်ကိုင် တိုက်ခိုက်နေသူတွေ အားလုံး ၄ လ အပစ်အခတ်ရပ်စဲကြဖို့ အာဆီယံ အထူးကိုယ်စားလှယ် အာရီဝန်ယူဆွတ်က အာဏာသိမ်း စစ်ကောင်စီကို တောင်းဆိုထားပါတယ်။ ဒီတောင်းဆိုချက်ကို စစ်ကောင်စီဘက်က လက်ခံနိုင်မလား ဆိုတာနဲ့ပတ်သက်ပြီး နိုင်ငံတကာက မြန်မာ့အရေးကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင် တင်ပြထားပါတယ်။
2021-09-04
ကယား ပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းအစပ်က ဖယ်ခုံမြို့နယ်ထဲမှာ စစ်ကောင်စီ တပ်တွေနဲ့ KNDF တို့ စက်တင်ဘာ ၁ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်နေပါတယ်။ အဲဒီ တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးတွေ ရှိခဲ့သလို ဒေသခံတချို့လည်း ဘေးလွတ်ရာ ကို ထွက်ပြေးနေကြရပါတယ်။
2021-09-03
မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းရှင် ဦးတေဇနဲ့သူပိုင်တဲ့ ထူးထရေးဒင်း ကုမ္ပဏီအုပ်စုဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ် အတွက် လက်နက်တွေဝယ်ယူရာမှာ ကြားပွဲစားအနေနဲ့ ဆောင်ရွက်ပေးနေတဲ့ အတွက် ဗြိတိန်နိုင်ငံက ပိတ်ဆို့အရေးယူလိုက်တာ ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူအချို့က ပြောပါတယ်။
2021-09-03
ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်က ဘုရားကျောင်းတွေထဲမှာ စခန်းချတာတွေနဲ့ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ပစ္စည်းတွေ ဖျက်ဆီးတာတွေ ကြုံနေရတယ်လို့ ခရစ် ယာန်ဘာသာရေးခေါင်းဆောင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေရဲ့ အခု လုပ်ရပ်တွေ အပေါ် လက်ခံနိုင်စရာ မရှိဘူးလို့လည်း ဘာသာရေးခေါင်းဆောင်တွေက ပြောဆိုကြပါတယ်။
2021-09-02
ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၇ လကျော် အကြာမှာတော့ တစ်ချိန်က ဂုဏ်သရေရှိရှိနဲ့ ထည်ထည်ဝါဝါ နေထိုင်နိုင်ခဲ့ကြတဲ့ ဆရာဝန်တွေဟာ သေဆုံးသူ၊ အဖမ်းခံရသူနဲ့ ဖမ်းဝရမ်း အထုတ်ခံရလို့ ရှောင်ပုန်းနေရတဲ့ဘဝတွေကို ရောက်ရှိနေ တယ်လို့ ဆရာဝန်တွေက RFA ကို ပြောပါတယ်။
2021-09-01
တရုတ်အစိုးရ အာရှရေးရာအထူးကိုယ်စားလှယ် ဆွန်းကော်ရှန်းဟာ မြန်မာနိုင်ငံကို သီတင်းတစ်ပတ်ကြာ လာရောက်ပြီး မြန်မာ စစ်ကောင်စီနဲ့ ဆွေးနွေးခဲ့ပါတယ်။
2021-09-01
အာဏာသိမ်းစစ်တပ်အုပ်ချုပ်မှုလက်အောက်မှာ အလုပ်မဆင်းဘဲ CDM လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပြည်တွင်းရှိ အရင်အစိုးရလက်ထက် ဝန်ထမ်းတွေကို ထိထိရောက်ရောက် ကူညီပံပိုးဖို့ ဆောင်ရွက်နေတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင် က ပြောပါတယ်။ CDM ဝန်ထမ်းအများအပြား ကလည်း သူတို့မှာ အခက်အခဲရှိပေမယ့် အဲဒီလိုပေးမယ့်ငွေကို နွေဦးတော်လှန်ရေး လျှင်လျှင်မြန်မြန် အောင်မြင် ရေးအတွက်ပဲ အသုံးပြုစေချင်တယ်လို့ ပြောပါတယ်။
2021-09-01
အာဏာကို ရေရှည်ယူထားမှာ မဟုတ်ဘဲ နှစ်နှစ်အတွင်း ရွေးကောက်ပွဲလုပ်ပြီး အနိုင်ရပါတီကို အာဏာပြန်လွှဲပေးမယ်လို့ စစ်ကောင်စီက ပြောဆိုပေမယ့် မြန်မာ့သမိုင်းမှာ စစ်တပ်ဟာ ခေတ်အဆက်ဆက် အပြောနဲ့အလုပ် မညီခဲ့တာကြောင့် အယုံအကြည် မရှိဘူးလို့ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောလိုက်ပါတယ်။
2021-08-31
အစိုးရနှစ်ရပ် ရှိနေတယ်လို့ နိုင်ငံတကာက သိထားကြတဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ ရင်းနှီးမြှုပ်နှံနေတဲ့ လုပ်ငန်းတွေကို တရားမဝင် လုပ်ကိုင်မှုတွေအဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ကြေညာလိုက် ပါတယ်။
2021-08-31
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်ရိုဟင်ဂျာတွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ရိုဟင်ဂျာ တစ်သိန်းကျော်ဟာ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတာ အခုဆိုရင် ဆယ်စုနှစ်တစ်ခုနီးပါး ကြာမြင့်လာခဲ့ပါပြီ။
2021-08-30
ရှေ့လမှာကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အမျိုးသားညီညွတ်ရေး အစိုးရ NUG အနေနဲ့ မြန်မာ ပြည်သူတွေကို ကိုယ်စားပြုခွင့်ရလိမ့်မယ်လို့ မျှော်လင့် ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ ကုလသမဂ္ဂအရာရှိတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးကောင်စီ SAC-M က တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။