သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-12-10
တပ်မတော်နဲ့ AA အဖွဲ့တို့ ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာ ၉ ရက်နေ့က ပန်ဆန်းမြို့မှာ တွေ့ဆုံပြီး ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ ဒီကိစ္စကို တိုင်းရင်းသားပါတီတွေနဲ့ နိုင်ငံရေးအကဲခတ်တွေက ပြည်တွင်းငြိမ်းချမ်းရေး အလားအလာကောင်းအဖြစ် သုံးသပ်ရှုမြင်ပါတယ်။
2020-12-09
အနိုင်ရကိုယ်စားလှယ်တွေပါဝင်မယ့် လွှတ်တော်သစ် ခေါ်ယူဖို့ တရားဝင် ကြေညာထားပြီးဖြစ်ပေမယ့် လက်ရှိလွှတ်တော်ကို နောက်ဆုံးအကြိမ် ခေါ်ယူပိတ်သိမ်းတာ မလုပ်ဘူးဆိုရင် လက်ရှိလွှတ်တော်ဟာ အဓိပ္ပာယ်မဲ့သလို ဖြစ်သွားမယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တစ်ချို့က ထောက်ပြ ဝေဖန်လိုက်ပါတယ်။
2020-12-08
မြန်မာနိုင်ငံရဲ့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းဟာ ကပ်ရောဂါကြောင့် ဒီနှစ်ကုန်မှာ ၈ဝ ရာခိုင်နှုန်းအထိ ထိခိုက်နိုင်တယ်လို့ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။ ကပ်ရောဂါထိန်းချုပ်ဖို့ ပြည်တွင်း-ပြည်ပ ခရီးသွားလာမှုတွေ ကန့်သတ်ထားရတာကြောင့် သိသိသာသာ အထိနာနေတဲ့ ခရီးသွားလုပ်ငန်း ပြန်နာလန်ထူဖို့အတွက် မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေ အခုကတည်းက ပြင်ဆင်နေကြပါပြီ။
2020-12-08
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ အတည်ပြုလူနာ တစ်သိန်းကျော်သွားပြီ ဖြစ်သလို သေဆုံးသူလည်း နှစ်ထောင့်တစ်ရာကျော် လာပြီလို့ ကျန်းမာရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ လက်တွေ့မှာ ဒီစာရင်းတွေထက် ပိုများနိုင်တယ်လို့လည်း ခန့်မှန်း ပြောဆိုတာတွေ ရှိနေပါတယ်။
2020-12-07
နိုင်ငံရေးအကျဉ်းသားဟောင်းတွေပါဝင်တဲ့ လက်ရှိအာဏာရ NLD အစိုးရအနေနဲ့ ငါးနှစ်တာသက်တမ်းအတွင်း နိုင်ငံရေးအကျဉ်းသား ရာနဲ့ချီ ဆက်လက်ရှိနေသေးသလို အစိုးရရော လွှတ်တော်ကပါ ဖိနှိပ်တဲ့ဥပဒေတွေ မပြင်နိုင်သေးတာ၊ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် ကိစ္စကိုတောင် မလုပ်ဆောင် နိုင်သေးတာတွေကို ထောက်ပြ ဝေဖန်နေကြပါတယ်။
2020-12-07
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ ကျင်းပတဲ့ စစ်တက္ကသိုလ်ဗိုလ်သင်တန်းဆင်းပွဲမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းလမ်းကျဖို့၊ ရိုးသား၊ မှန်ကန်၊ သမာသမတ်ကျဖို့လိုတယ်၊ နည်းလမ်းမကျရင် ယုံကြည်မှုကင်းမဲ့စေတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
2020-12-04
ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို ကမ္ဘာတဝန်း စတင်ထိုးနှံဖို့ ပြင်ဆင်နေပါပြီ။ ဒါပေမယ့် ဒီကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံပေးနိုင်ဖို့အတွက် လပေါင်းများစွာ ကြာမြင့်နိုင်သလို ကာကွယ်ဆေးအတုတွေရဲ့ အန္တရာယ်လည်းကြီးမားလှတယ်လို့ ဆေးပညာရှင်တွေက သတိပေးနေပါတယ်။
2020-12-03
၂၀၂၀ ပြည့်နှစ် ထိုင်း- မြန်မာနှစ်နိုင်ငံ ရွှေ့ပြောင်းလုပ်သားတွေအရေး ဆွေးနွေးတဲ့ အစည်းအဝေးမှာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခက်အခဲတွေ ထည့်သွင်းဆွေးနွေးဖို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက မြန်မာအစိုးရကို တင်ပြတာတွေ ရှိနေပါတယ်။
2020-12-03
ဧရာဝတီတိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ တိုးလာနေပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြည်သူတွေဘက်က လိုက်နာမှုအားနည်းနေတဲ့အတွက် ကုသရေး ဆောင်ရွက်ပေးနေရသူ အခက်အခဲတွေ ဖြစ်နေတယ်လို့ ပြောကြပါတယ်။
2020-12-03
လာမယ့် NLD အစိုးရ ဒုတိယသက်တမ်း ငါးနှစ်အတွင်း၊ လက်ရှိ နိုင်ငံခြားရေးမူဝါဒတွေကို သိသိသာသာ မပြောင်းလဲဘူးဆိုရင် အနောက်နိုင်ငံတွေနဲ့ဆက်ဆံရေး ပိုကောင်းလာဖို့မရှိဘဲ အိမ်နီးချင်း တရုတ်နိုင်ငံကြီးနဲ့သာ ပိုနီးကပ်နိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
2020-12-03
ဒီနေ့ ဒီဇင်ဘာ ၃ နေ့ရက်ဟာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေချိန်မှာ ရောဂါပိုး ကူးစက်မခံရ အောင် သတိကြီးကြီးထားပြီး နေထိုင်နေရပါတယ်။ မသန်စွမ်းတွေကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွန်ချက်တွေကို လိုက်နာပြီး လှုပ်ရှားသွားလာဖို့ အခက်အခဲတွေရှိနေပါတယ်။
2020-12-03
တိုင်းနဲ့ ပြည်နယ် အသီးသီးက ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာရှင်အဖွဲ့တွေဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရမှု အများဆုံးဖြစ်နေတဲ့ ရန်ကုန်တိုင်းဒေသကြီးကို သွားရောက်ပြီး လုပ်အားပေးနေကြပါတယ်။
2020-12-02
အသစ်တက်လာမယ့် ဧရာဝတီတိုင်းအစိုးရသစ်အနေနဲ့ မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင် စိန်ခေါ်မှုတွေကို ဖြေရှင်းကာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဖို့အတွက် ဒေသခံအဖွဲ့အစည်းတွေက မျှော်လင့်နေကြပါတယ်။
2020-12-02
ကယားပြည်နယ်မှာဆိုရင် မြန်မာတစ်နိုင်ငံလုံး ဖြန့်ဖြူးပေးနေတဲ့ လောပိတ ရေအားလျှပ်စစ်စက်ရုံ ရှိပေမယ့် ပြည်နယ်မှာရှိတဲ့ ကျေးရွာတွေ တော်တော်များများ မီးမရရှိကြသေးပါဘူး။ NLD ပါတီ ဦးဆောင်တဲ့ ဒုတိယအကြိမ် အစိုးရသက်တမ်းမှာတော့ တစ်ပြည်နယ်လုံး မီးလင်းနိုင်ဖို့ လူထုက လိုလားနေပါတယ်။
2020-12-01
မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ရောက်ရှိခဲ့တဲ့ ဂျပန်အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ က မြန်မာအစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေကို တွေ့ဆုံခဲ့သလို ရခိုင်ပြည်နယ်ကိုလည်း သွားရောက်ပြီး ဒေသခံပြည်သူတွေ နိုင်ငံရေးသမားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။