သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-07-15
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရက ဦးစီးလုပ်ဆောင် နေတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုတွေ ရပ်ဆိုင်းလုနီးပါး ဖြစ်နေပြီး၊ အခု ကပ်ရောဂါ တတိယလှိုင်း ဖြစ်ပေါ်လာချိန်မှာ ရောဂါဖြစ်ပွားသေဆုံးသူအရေအတွက် တဟုန်ထိုးမြင့်တက်နေ ပါတယ်။ အာဏာသိမ်းထားတဲ့ စစ်အစိုးရဟာ vaccine diplomacy လို့ခေါ်တဲ့ ကာကွယ်ဆေးရဖို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေတယ်လို့ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပါတယ်။
2021-07-15
အနောက်နိုင်ငံက စီးပွားရေးအရ စစ်ခေါင်းဆောင်တွေကို အရေးယူဒဏ်ခတ်ပေမယ့် စစ်တပ်ပိုင်ကုမ္ပဏီကြီးတွေက နိုင်ငံက အခရာကျတဲ့ လုပ်ငန်းတွေကို ချုပ်ကိုင်ထား တဲ့အကြောင်းနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိသားစုလည်း ဆေးဝါးလုပ်ငန်းပါမကျန် စီးပွား ရေးလုပ်ကိုင်ကြတဲ့အကြောင်း တင်ပြထားပါတယ်။
2021-07-15
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ဒီနေ့အထိ ဖမ်းဆီးခံခဲ့ရတဲ့ သတင်းသမား ၈၇ ဦးရှိခဲ့ပြီး အဲဒီအထဲ ၄၄ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန် သတင်းသမား ၄၃ ဦးကတော့ ဒီနေ့အထိ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။
2021-07-15
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်းဖြစ်ပွားတဲ့ တိုက်ပွဲ တွေကြောင့် ထိုင်း-မြန်မာနယ်စပ်က ကရင်နီတိုးတက်ရေးပါတီ (KNPP) ထိန်းချုပ် နယ်ထဲကို ထွက်ပြေးရောက်ရှိနေတဲ့ ဒုက္ခသည် ဒီနေ့အထိ ၇၀၀ ကျော် ရှိပါတယ်။ သူတို့အတွက် နေထိုင်စရာ အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
2021-07-14
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါရဲ့ တတိယလှိုင်းဒဏ်ကို မြန်မာပြည်သူတွေ အလူးအလဲ ခံနေရပါပြီ။ ဒီအခြေအနေကို အာဏာသိမ်း စစ်ကောင်စီကလည်း မထိန်းချုပ်နိုင်ပဲ ဖြစ်နေပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံရေးနဲ့ စီးပွားရေး ဆိုင်ရာ အကျပ်အတည်းတွေ ကြုံနေရလို့ ဘဝရပ်တည်ရေး ခက်ခဲနေတဲ့အချိန်မှာ ကျန်းမာရေးအကျပ်အတည်းက အာဏာမသိမ်းခင် ကာလကထက် ပိုပြီးဆိုးနေပါတယ်။
2021-07-14
ရောဂါကူးစက်မှု တတိယလှိုင်းဖြစ်ပေါ်ချိန် မြန်မာနိုင်ငံမှာ အောက်ဆီဂျင် လိုအပ်ချက်တွေ များနေပါတယ်။ မြန်မာနိုင်ငံလိုပဲ အောက်ဆီဂျင် လိုအပ်ချက်တွေ များနေတဲ့ နိုင်ငံကတော့ အရှေ့တောင်အာရှမှာ ရောဂါကူးစက်မှု အများဆုံးဖြစ်နေတဲ့ အင်ဒိုနီးရှား နိုင်ငံမှာပါ။ သူ့နိုင်ငံမှာ အောက်ဆီဂျင်လိုအပ်ချက်ကို ဘယ်လိုဖြေရှင်းနေပါသလဲ။ တဆက်တည်း ရောဂါတိုက်ဖျက်ရေးအတွက် ဘာတွေ လုပ်ဆောင်နေပါသလဲ....။
2021-07-14
ရခိုင့်တပ်တော် AA နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက် ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီး တရားစွဲခံနေရတဲ့ ရခိုင်ပြည် နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာသားတွေကို နှစ်နှစ်ကျော်ကြာတဲ့အထိ အမိန့်မချသေးပါဘူး။ မိသားစု တွေဟာ အခုလက်ရှိ စားဝတ်နေရေးအခက်အခဲနဲ့ ရင်ဆိုင်နေကြရပြီး အမှုရင်ဆိုင်နေရသူတွေကိုတောင် သွားမတွေ့နိုင်ဘူးလို့ မိသားစုဝင်တွေက ပြောကြပါတယ်။
2021-07-13
ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းဒဏ်ကို ခံနေရတဲ့ မြန်မာ ပြည်သူတွေဟာ ရသင့်ရထိုက်တဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုတွေကို မရရှိရုံမကဘဲ အာဏာ သိမ်းစစ်ကောင်စီရဲ့ နှောင့်ယှက်ဟန့်တားမှုတွေကိုပါခံနေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာ ချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
2021-07-12
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပုဒ်မ မျိုးစုံနဲ့ တရားစွဲထားတဲ့ အမှုတွေဟာ ဥပဒေဘောင်အတွင်းက စစ်ဆေးရင် စွဲချက် အားလုံးက လွှတ်သွားမှာဖြစ်ပေမယ့် မြန်မာပြည်မှာ ဥပဒေစိုးမိုးမှုမရှိကြောင်းနဲ့ ဒီအမှုမှာ တရားလိုဖြစ်ရမယ့်သူက တရားခံဖြစ်နေပြီး တရားခံဖြစ်ရမယ့်သူက တရားလိုဖြစ်နေကြောင်း ရှေ့နေဦးကြီးမြင့်နဲ့ လူ့အခွင့်အရေးလှုပ်ရှား သူတွေက ပြောပါတယ်။
2021-07-09
စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ မြန်မာတစ်နိုင်ငံလုံးက ကလေးငယ်တွေအတွက် အရေးကြီးတဲ့ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွေ ရပ်ဆိုင်းလုနီးပါးဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။
2021-07-08
စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဇူလိုင် ၇ ရက် မနေ့ကထိ ရဲနဲ့ စစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက်မှုကြောင့် စစ်ကြောရေးမှာ သေဆုံးသူ အယောက် ၃၀ ရှိနေပါပြီ။ အခုနောက်ဆုံး သေဆုံးသူ နှစ်ဦးစလုံး ရုပ်အလောင်း ပြန်မရဘဲ ရဲနဲ့ စစ်တပ်က ဦးစီးပြီး မီးရှို့ သင်္ဂြိုဟ် လိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
2021-07-07
မျက်မှောက်ကာလ ကမ္ဘာမှာ မြန်မာနိုင်ငံလောက်ဘယ်နိုင်ငံမှ စစ်တပ်အုပ်ချုပ်မှု အောက် တိုက်ရိုက်ဖြစ်ဖြစ် သွယ်ဝိုက်လို့ ဖြစ်ဖြစ် နှစ် ၅၀ ကျော် ၆၀ နီးပါး မကျ ရောက်ပါဘူး။ ၂၀၂၁ စစ်အာဏာသိမ်းမှုလောက်လည်း လူထုအပေါ် ရက်စက်တာမျိုး မရှိဘဲ လူထုကလည်း ဒီတကြိမ်လောက် စစ်အာဏာသိမ်းမှုကို ဘယ်တုန်းကမှ အာမခံဖူးပါဘူး။
2021-07-06
ဗိုလ်ချုပ်ကြီးနေဝင်း ခေါင်းဆောင်တဲ့ စစ်တပ်က ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့မှာ စက်သေနတ်တွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့တဲ့အတွက် ကျောင်းသား ၁ဝဝ ကျော်သေဆုံးခဲ့ရပါတယ်။ အဲဒီလို ရက်စက်စွာ ချေမှုန်းခဲ့ပေမယ့် အာဏာရှင်စနစ် ပပျောက်ရေး တိုက်ပွဲတွေကို အခု နွေဦးတော်လှန်ရေးအထိ ကျောင်းသားလူငယ်တွေက ဦးဆောင်ပြီး ဆင်နွှဲနေကြဆဲဖြစ်ပါတယ်။
2021-07-06
စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ တင်းမာတဲ့ နိုင်ငံရေးပဋိပက္ခတွေအကြားမှာ စာသင်ကျောင်းတွေကို စစ်ကောင်စီက ပြီးခဲ့တဲ့လ မှာ ပြန်ဖွင့်ခဲ့ပါတယ်။ ဒီလိုအချိန်မှာပဲ COVID 19 ကမ္ဘာ့ကပ်ရောဂါရဲ့ ပိုပြင်းထန်တဲ့ တတိယလှိုင်းက မြန်မာပြည်သူ တရပ်လုံးကို ခြိမ်းခြောက်လာနေပါတယ်။ စာသင်ကျောင်းတွေမှာလည်း ကပ်ရောဂါ ကူးစက်မှုတွေ ရှိလာနေလို့ ပြည်သူတွေအကြား စိုးရိမ်မှုတွေ တိုးနေပါတယ်။
2021-07-01
ဖေဖော်ဝါရီလ ၁ရက် အာဏာသိမ်းမှုကြောင့် မြန်မာစစ်တပ်က သူတို့ရဲ့ အဓိက ဝင်ငွေရင်းမြစ်တစ်ခု ဖြစ်တဲ့ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကို ဆက်ပြီး ချုပ်ကိုင်ဖို့ အခွင့်အရေးရသွားစေတယ်လို့ Global Witness အဖွဲ့က နောက်ဆုံး ထုတ်ပြန်တဲ့အစီရင်ခံစာမှာ သုံးသပ်ဖော်ပြထားပါတယ်။