သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-03-27
စစ်တပ်က မြန်မာတစ်ပြည်လုံးမှာ သူတို့အပေါ် ဆန့်ကျင်သူတွေကို ဖမ်ဆီးသတ်ဖြတ်တာ၊ ပြည်သူတွေရဲ့ လယ်ယာမြေတွေကို သိမ်းဆည်းတာအပါအဝင် ရပ်ရွာတွေကို မီးရှို့ဖျက်ဆီးတာစတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခေတ်အဆက်ဆက်ကနေ ဒီနေ့အထိ ပြုလုပ်နေဆဲ ဖြစ်တာကြောင့် တပ်မတော်နေ့လို့ သတ်မှတ်ထားတဲ့ မတ်လ ၂၇ ရက်နေ့ ဒီနေ့ဟာ တိုင်းရင်းသားလူမျိုးတွေနဲ့ မြန်မာပြည်သူလူထု တစ်ရပ်လုံးအတွက် ဝမ်းနည်းကြေကွဲဖွယ်ရာနေ့ နေ့တစ်နေ့ ဖြစ်ခဲ့ရတယ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဒီနေ့ ဖော်ပြထားပါတယ်။
2022-03-27
အမျိုးသမီး အချင်းချင်း မကူညီတဲ့ အမျိုးသမီးတွေအတွက် ငရဲပြည်မှာ သီးသန့်နေရာရှိတယ်လို့ ပြောခဲ့တဲ့ အမေရိကန်ပြည်ထောင်စုက ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီး Madeleine Albright ဟာ အသက် ၈၄ နှစ်ရွယ်မှာ ကင်ဆာရောဂါနဲ့ ဒီနှစ် မတ် ၂၃ ရက်မှာ ကွယ်လွန်သွားပါပြီ။
2022-03-25
စစ်ကောင်စီက ရုရှားနိုင်ငံကနေ ဝယ်လိုက်တဲ့ SU -30 SME တိုက်လေယာဉ်တွေဟာ နိုင်ငံခြားကိုရောင်းဖို့ ဈေးခပ်ချိုချိုနဲ့ ထုတ်လုပ်လိုက်တဲ့ အမျိုးအစားဖြစ်ပြီး တစ်စင်းကို အမေရိကန်ဒေါ်လာ သန်း ၃ဝ ကျော် ပေးရတယ်လို့ သိရပါတယ်။
2022-03-25
အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို နည်းမျိုးစုံနဲ့ ထောင်ထဲမှာ ဖိနှိပ်နေတာကြောင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC) အနေနဲ့ ထောင်တွေထဲသွားပြီး စစ်ဆေးပေးဖို့ အရပ်ဘက်အဖွဲ့ ၁၈ ဖွဲ့က ဒီမတ်လကုန်ပိုင်းမှာ ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။
2022-03-25
ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ်၊ (၁၁) ရပ်ကွက်မှာရှိတဲ့ Nurture Aid Center (NAC) ဟာ မိဘမဲ့ကလေးငယ်တွေ၊ နာမကျန်းတဲ့ သက်ကြီးရွယ်အိုတွေနဲ့ အေအိုင်ဒီအက်စ် (HIV/AIDS) ဝေဒနာရှင်တွေကို တာဝန်ယူ စောင့်ရှောက်ပေးနေတာပါ။
2022-03-24
အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ရဲ့ ပထမဆုံးမြန်မာနိုင်ငံခရီးစဉ်အတွင်း အပစ်အခတ်ရပ်စဲရေးလမ်းကြောင်း၊ ဘယ်လောက်ခက်ခဲတယ်ဆိုတာ တွေ့မြင်သွားခဲ့ရကြောင်း Nikkei Asian Review သတင်းက ဖော်ပြပါတယ်။
2022-03-24
နာမည်ကျော် စီးပွားရေးသမား ဇေကမ္ဘာ ဦးခင်ရွှေနဲ့ သူ့ရဲ့သား ဦးဇေသီဟ တို့ဟာ ရှေးဟောင်းအဆောက်အအုံကို ခွင့်ပြုချက်မဲ့ ဖျက်ဆီးခဲ့တဲ့ ကိစ္စကြောင့် ပုဒ်မ ၂၄ နဲ့ အရေးယူထားတာဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ မနေ့က ပြောကြားခဲ့ပါတယ်။
2022-03-24
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက် ၂၅ သန်းဟာ ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေရတယ်လို့ ဦးကျော်မိုးထွန်းက ကမ္ဘာ့ဘဏ်ရဲ့ အချက်အလက်တွေကို ကိုးကားပြီး ကုလသမဂ္ဂမှာ တင်ပြခဲ့ပါတယ်။ အဲဒီလူတွေထဲက ၁၄ သန်းဟာ အထောက်အပံ့အကူအညီမရရင် ထမင်းမစားနိုင်တဲ့ အခြေအနေအထိ ရောက်နေတယ်လို့ ဒေါက်တာဆာဆာ ကပြောပါတယ်။
2022-03-24
နွေရာသီဖြစ်ပေမယ့် ဒီနှစ် ၂၀၂၂ ခုနှစ် မတ်မှာ ဒီကာလမျိုးမှာ ရှားရှားပါးပါးဖြစ်ပွားတဲ့ မုန်တိုင်း မြန်မာနိုင်ငံကို ဝင်သွားပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပွားတဲ့ လေဖိအားနည်းရပ်ဝန်းဟာ Asani လို့ နာမည်ပေးတဲ့ ဆိုင်ကလုန်း မုန်တိုင်းအသွင် ပြောင်းပြီး မြန်မာနိုင်ငံကို ဝင်လာတာပါ။
2022-03-24
မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းဖို့ ရည်ရွယ်တဲ့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ပထမဆုံးအကြိမ် မြန်မာခရီးစဉ်ဟာ အတိုက်အခံအင်အားစုတွေနဲ့ မတွေ့ဆုံနိုင်ဘဲ အဆုံးသတ်ခဲ့တာပါ။
2022-03-24
စစ်တပ်ကအာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ အခုမတ်လထဲမှာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်၊ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေပိုဆိုးလာပါတယ်။
2022-03-23
သက်ဆိုင်ရာနိုင်ငံက ခွင့်မပြုဘဲ လက်နက်ခဲယမ်း မီးကျောက်တွေ၊ စက်လက်နက်ပစ္စည်း အစိတ်အပိုင်းတွေကို နိုင်ငံကနယ်နိမိတ်ကို ဖြတ်ကျော်ပြီး နောက်တစ်နေရာ နောက်တစ်နိုင်ငံကို တင်သွင်း၊ တင်ပို့၊ ရောင်းချ၊ လွှဲပြောင်းတာကို လက်နက်မှောင်ခို အရောင်းအဝယ်လုပ်တယ်လို့ သတ်မှတ်ပါတယ်။
2022-03-23
“ထောင်ဝင်စာပို့ကြမယ်” ဆိုတဲ့အဖွဲ့က အခုဆိုရင် ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ ပဲခူး နဲ့ ပခုက္ကူထောင်တွေက အကျဉ်းသူ၊ အကျဉ်းသား ၅ဝဝ လောက်အတွက် အစားအစာ ပုံမှန်ပို့ပေးနေပါတယ်။
2022-03-23
စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်၊ မန္တလေး မြို့ကြီးတွေအပါအဝင် နိုင်ငံတစ်ဝန်းက နေရာအတော်များများမှာ လုယက်မှု၊ ခိုးမှု၊ ဓားပြမှုတွေ ပိုများလာနေပါတယ်။
2022-03-23
ပြည်သူတွေ စိတ်ချယုံကြည်မှုအရှိဆုံး တယ်လီနော(မြန်မာ) ဆက်သွယ်ရေးလုပ်ငန်းကို စစ်တပ်နဲ့ နီးစပ်တဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီနဲ့ လက်ဘနွန်အခြေစိုက် M1 Group တို့က မကြာခင် လွှဲပြောင်းယူတော့မှာမို့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေအတွက် စိုးရိမ်မိတယ်လို့ သုံးစွဲသူတွေက ပြောပါတယ်။