ဆန္ဒပြဦးဆောင်လူငယ်ကို ဖမ်းမမိလို့ နေအိမ်မီးရှို့
စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2021.11.02
2021.11.02
တနင်္သာရီတိုင်း လောင်းလုံမြို့က ဆန္ဒပြသပိတ်ဦးဆောင်လူငယ်တွေထဲက တစ်ဦးဖြစ်တဲ့ ကိုဝေယံစိုးရဲ့ နေအိမ်ကို မနေ့ည သန်းခေါင်ယံက စစ်ကောင်စီတပ်သားတွေ လာရှာပြီး အိမ်မှာလူမရှိတာကြောင့် တစ်အိမ်လုံးကို မီးရှို့ပြာချသွားတယ်လို့ ကိုဝေယံစိုးက RFA ကိုပြောပါတယ်။
သူ့လို အိမ်တစ်အိမ်လုံး မီးရှို့ ခံရတာတွေများမလာအောင် စစ်အာဏာရှင်စနစ် သက်ဆိုးမရှည်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။ RFA ဝိုင်းတော်သား စောဖိုးခွား တင်ပြထားပါတယ်။