သာကေတမှာ ဆက်တိုက်ပစ်ခတ်နေ၊ နှစ်ဦး သေဆုံး

2021.03.20

ရန်ကုန်၊ သာကေတမြို့နယ် ရွှေပြည်သာလမ်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦးနေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပါတယ်။ ခေါင်းကို သေနတ်ကျည်ထိမှန်ပြီး သေဆုံးသွားတာလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ဒဏ်ရာရတဲ့သူနဲ့ ဖမ်းဆီးခံရတဲ့သူတွေလည်းရှိနေပြီး လက်ရှိညနေ ၄ နာရီကျော်အထိ ဆက်တိုက်ပစ်ခတ်မှု တွေ ရှိနေတယ်လို့ ဒေသခံတွေက RFA ကို စာရေးသား ပေးပို့ထားကြပါတယ်။

ဒီကနေ့ နံနက်ပိုင်းကလည်း တာမွေမြို့နယ်ထဲမှာ အမျိုးသားတစ်ဦး ဦးခေါင်း သေနတ်ကျည်ထိမှန်ပြီးတော့ သေဆုံးခဲ့ပါတယ်။ ဒီနေ့ ရန်ကုန်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူ သုံးဦး ရှိကြောင်း ကနဦးသတင်းရရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။