ကမ္ဘာလုံးဆိုင်ရာ ညီလာခံ နဲ့ မြန်မာ့အရေး
2014.04.30

အမေရိကန်ပြည်ထောင်စု အနောက်ဖက်ခြမ်း လော့စ် အိန်ဂျလိစ်မြို့မှာ ကျင်းပနေတဲ့ Global Conference ခေါ်ကမ္ဘာလုံးဆိုင်ရာညီလာခံ မှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ မြန်မာ့အသွင် ကူးပြောင်းရေး ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီနေ့ ဗုဒ္ဓဟူးနေ့ဒေ သစံတော်ချိန် နေ့လည် ၂ နာရီ ၄၅ မိနစ်ကနေ ၃ နာရီ ၄၅ မိနစ်ထိဆွေးနွေးမယ်လို့သိရပါတယ်။
အဲဒီမှာ ပင်တိုင်ဆွေးနွေးမယ့်ပုဂ္ဂိုလ်တွေက ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုကိုကြီး၊ မြန်မာငြိမ်းချမ်းရေးစင်တာက အပစ်ရပ်စေ့ စပ်ဆွေးနွေးရေးနဲ့အကောင်အထည်ဖေါ်ရေး ဆိုင်ရာ ညွှန်ကြားရေးမှူ းကိုမင်းဇော်ဦး၊ ဆာ့ဂျ်ပန်းကုမ္ပဏီဥက္ကဌ မစ္စတာ ဆာ့ဂျ်ပန်း၊ မြန်မာဗဟိုဘဏ် ဒုဥက္ကဌ ဦးဝစ္စတန် ဆက်အောင်တို့ဖြစ်ပြီး ဆွေးနွေးပွဲသဘာပတိက အာဆီယံဒေသဆိုင်ရာ အမေရိကန်သံအမတ် ကြီးဟောင်း David Carden တို့ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ၈၈ မျိုးဆက်အဖွဲ့က ကိုကိုကြီးက RFA ကို အခုလိုပြောပါတယ်။
"Milken Institute ကနေ Global Conference ကိုဖိတ်လို့ပေါ့လေ အဲ့ဒီတော့ ဖိတ်တဲ့အခါမှာလည်း ဒီနှစ်ကထူးခြားတာက မြန်မာနဲ့ပတ်သက်လို့ ခေါင်းစဉ်တစ်ခုသက်သက် သီးခြားစီစဉ်ပေးတယ် အဲ့ဒါနဲ့ ပင်တိုင်ဆွေးနွေးမဲ့သူ အဖြစ်နဲ့ပေါ့လေ ကျနော်အပါအဝင်ပေါ့ မြန်မာဘက်က လေးယောက် အခုကျနော်တို့ ဒီကိုရောက်နေတယ်။"
လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွါးရေးနဲ့ ငြိမ်းချမ်းရေးဆောင်ရွက်မှုတွေနဲ့ အနာဂတ်အလားအလာကို ဆွေးနွေး ကြမယ်လို့သိရပါတယ်။ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုကိုကြီးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။