နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံရတဲ့ ဦးဝီရသူလွတ်မြောက်

NLD အမျိုးသား ဒီမိုကရေစီအစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကို ပုတ်ခတ်ပြောဆိုတဲ့အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄-ကနဲ့ တရားစွဲဆိုခံရတဲ့ ဦးဝီရသူကို စစ်ကောင်စီက အမှုကရုတ်သိမ်းပြီး မနေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။
၂၀၁၉ ခုနှစ် အတွင်း မြိတ်မြို့နဲ့ ရန်ကုန်မြို့မှာ လုပ်တဲ့ ဟောပြောပွဲတွေမှာ အစိုးရအဖွဲ့နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို အကြည်ညိုပျက်အောင် ဟောပြောခဲ့တဲ့အတွက် အမှုဖွင့်ခံရတာပါ။
အမှုဖွင့်ခံရပြီးတဲ့နောက် တရားခံပြေးအဖြစ်နဲ့ ရှောင်တိမ်းနေရာက လမ်းမတော်မြို့နယ်၊ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှာ ဦးဝီရသူ ကိုယ်တိုင် ၂၀၂၀ နိုဝင်ဘာလ ၂ ရက်နေ့က လာရောက်အဖမ်းခံပါတယ်။ ဒီနောက် အင်းစိန်ထောင်မှာ ချုပ်နှောင်ခံရာက စစ်ကောင်စီလက်ထက်မှာ ပြန်လွှတ်မြောက်လာတာပါ။ြ မန်မာ့အရေး ကမ္ဘာက သိအောင် တချိန်တုန်းက ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲတွေမှာ ဦးဆောင်ခဲ့သူဖြစ်ပြီး ခုဆို PDF ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အတူတကွတိုက်ပွဲဝင်နေတဲ့ အရှင်သောပါက ဦးဝီရသူဟာ အသုံးချခံရတယ်လို့ ရှုမြင်ပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်းက ရိုက်ကူးခဲ့ပြီး လူမှုကွန်ရက်မှာ ဦးဝီရသူရဲ့ဗွီဒီယိုဖိုင် မကြာခင်က ပျံ့နှံ့ခဲ့ပါတယ်။ NLD အစိုးရက ဘုန်းကြီးတပါးကို ဖမ်းဆီးချုပ်နှောင်ရုံ၊ အဆင့်နိမ့်ရုံ၊ နှိပ်ကွပ်ရုံပဲလုပ်ခဲ့တာ၊ အခုကျတော့ အဲဒါတွေတင်မကဘူး။ ဘုန်းကြီးတစ်ပါးကို ရူးအောင်ပါ လုပ်လာတဲ့ အဆင့်ကိုတွေ့ရတယ်လို့ အဲဒီဗွီဒီယိုမှာ ပါရှိပါတယ်။