WFP ရန်ပုံငွေပြဿနာ မြန်မာ ဒုက္ခသည်တွေ ထိခိုက်
2014.10.30

မြန်မာနိုင်ငံတွင်းက ပြည်တွင်းပဋိပက္ခတွေကြောင့် နေ ရပ်စွန့်ထွက်ပြေးခဲ့ကြရသူ ဒုက္ခသည်နှစ်သိန်းကျော် အတွက် ဆန်ပေးဝေမှု ငါးပုံတစ်ပုံ လျော့ချရတော့ မယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် WFP က မနေ့က ပြောပါတယ်။
ရန်ပုံငွေ မလုံလောက်တဲ့အတွက် နိုဝင်ဘာလ ကစပြီး၊ ဆန် ပေးဝေတဲ့ ပမာဏကို ၂ဝ ရာခိုင် နှုန်း ဖြတ်တောက်ရတော့မှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ပေးဝေနေတဲ့ နှုန်းအတိုင်း လာမယ့်နှစ် နွေ ရာသီအထိ ပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၂၉ သန်း လိုအပ်နေကြောင်း၊ ဒါဟာ WFP အနေနဲ့ ပထမဆုံးတွေ့ကြုံရတဲ့ ရန်ပုံငွေ ပြတ်လပ်မှုဖြစ်ကြောင်း၊ လိုအပ်တဲ့ ရန်ပုံငွေကို မကြာခင် ပြန်လည်ဖြည့်တင်းနိုင်မယ် လို့ မျှော်လင့်ကြောင်း WFP ရဲ့ အာရှတိုက်ဆိုင် ရာ ဒေသဆက်သွယ်ရေးအရာရှိက ပြောပါတယ်။
နိုင်ငံတကာ အလှူရှင်တွေအနေနဲ့ လက်ရှိတခြားကမ္ဘာ့အရေးပေါ် နေရာဒေသတွေကိုပါ ခွဲဝေထောက်ပံ့ ပေးနေရ တာကြောင့် အခုလို မြန်မာနိုင်ငံအတွက် ရန်ပုံငွေ မလောက်မင ဖြစ်သွားရတယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံတွင်း ဒုက္ခသည်တွေထဲမှာ အဓိကအနေနဲ့ ရခိုင်ပြည်နယ် ဘာသာလူမျိုး ပဋိပက္ခတွေကြောင့် ပေါ်ပေါက် လာခဲ့တဲ့ ဒုက္ခသည်ပေါင်း တစ်သိန်း လေးသောင်းနဲ့၊ ကချင်ပြည်နယ် စစ်ရေးပဋိပက္ခတွေကြောင့် ထွက်ပြေးခဲ့ကြ တဲ့ ပေါ်ပေါက်လာခဲ့တဲ့ ဒုက္ခသည်ပေါင်း ၇ သောင်း ရှိနေကြပါတယ်။