ဦးပက်ထရစ်ခွန်ဂျာလီနဲ့ မချောစန္ဒီထွန်းတို့ကို လွှတ်ပေးဖို့ အမေရိကန်တောင်းဆို


2015.10.16
chawsanditun-620.jpg NLD အဖွဲ့ဝင် မချောစန္ဒီထွန်း ကိုတွေ့ရစဉ်
ဓါတ်ပုံ - ချောစန္ဒီထွန်း (facebook)

ဦးပက်ထရစ်ခွန်ဂျာလီနဲ့ မချောစန္ဒီထွန်းတို့ကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့  အမေရိကန်အစိုးရက တောင်းဆို လိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက ဝါရှင်တန်ဒီစီမှာ နေ့စဉ်ပြုလုပ်နေတဲ့ သတင်း စာရှင်းလင်းပွဲမှာ မနေ့က ပြောဆိုလိုက်တာပါ။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကို ကန့်သတ်ဖို့ ဒီလိုဥပဒေတွေ သုံးတာဟာ ဒီမိုကရေစီသဘောတရားနဲ့ ဆန့်ကျင်နေပြီး၊ မြန်မာအစိုးရက ပြောထားတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ လူ့အခွင့်အရေးတွေကို မြှင့်တင်ပေး မယ်ဆိုတဲ့ ကတိကဝတ်နဲ့လည်း ဆန့်ကျင်နေပါတယ်လို့ ပြောသွားပါတယ်။

အလားတူ AHRC ခေါ် အာရှလူ့အခွင့်အရေးကော်မရှင်ကလည်း ကိုဇော်မျိုးညွန့်၊ ကိုပက်ထရစ် ခွန်ဂျာလီနဲ့ မချောစန္ဒီထွန်းတို့ကို ဖမ်းဆီးထားတာဟာ နိုင်ငံရေးအရ အပြုသဘောဆောင်တဲ့ လုပ်ရပ်မဟုတ်သလို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်ဖွယ်ဖြစ်နေတယ်လို့ ဒီနေ့ ပြောဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။