မချောစန္ဒီထွန်း အမှု၊ ပုဒ်မ ၅၀၀ ပယ်ဖျက်


2015.12.14
chawsanditun-620.jpg မချောစန္ဒီထွန်း ခေါ် ချစ်သမီး ကို မအူပင်မြို့နယ် တရားရုံးမှာ ရုံးထုတ်လာစဉ်
Photo: 4 Thu

ဧရာဝတီတိုင်းဒေသကြီး မအူပင်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မချောစန္ဒီထွန်း ခေါ် ချစ်သမီး ကို စွဲဆိုထားတဲ့ ပုဒ်မ ၂ခုထဲက အသရေဖျက်မှု ပုဒ်မ ၅၀၀ ကို မအူပင်မြို့နယ်တရားရုံးက ဒီနေ့ ပယ်ဖျက်ပေးလိုက်ပါတယ်။

အသရေဖျက်မှု ပုဒ်မကို ပယ်ဖျက်ပေးလိုက်ပြီးတဲ့နောက်၊ ဆက်သွယ်ရေးပုဒ်မ ၆၆ ဃနဲ့ စွဲချက်တင်လိုက်တယ်လို့ မချောစန္ဒီထွန်းရဲ့ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

"ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅ဝဝ အရ အမှုနဲ့ပတ်သက်ပြီးတော့ စွဲချက်တင်ဖြေရှင်းစေလောက်တဲ့ အထောက် အထားမရှိတဲ့အတွက် တရားရှင်လွှတ်လိုက်ပါတယ်၊ ၆၆ ဃနဲ့ ပတ်သက်တဲ့ကိစ္စ စွဲချက်တင်ပြီး ဖြေရှင်းတဲ့အခါမှာ ဥပဒေအရာရှိက အမှန်တရားကို ဖော်တဲ့အနေနဲ့ပဲ ပြီးသွားပါတယ်၊ ဖော်လိုက်တဲ့အခါကျတော့ ပေါ်ပေါက်သွား တာကတော့ ဒီမချောစန္ဒီထွန်းဟာ သူမဟုတ်တာပေါ်ပါတယ်"

ဆက်သွယ်ရေးပုဒ်မ ၆၆ ဃနဲ့ ပတ်သက်ပြီး တရားလိုဘက်က သက်သေ ၇ ယောက်ကို စစ်ဆေးပြီးဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ ၂၁ရက်နေ့မှာ မချောစန္ဒီထွန်းဘက်က သက်သေ ၇ ယောက်ကို စစ်ဆေးမှာဖြစ်ပါတယ်။

မချောစန္ဒီထွန်းဟာ တပ်မတော်ဝတ်စုံတွေ အရောင်ပြောင်းလဲတာနဲ့ ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓါတ်ပုံနဲ့ သရော်တဲ့ စာသားတွေကို ဖေ့ဘွတ်စ်မှာ တင်ခဲ့တာကြောင့် မအူပင် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတာ ၂လကျော်ရှိနေပြီဖြစ်ပါတယ်။

မချောစန္ဒီထွန်းရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်ကို RFA သတင်းထောက် မဇာဏီထွဏ်း ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။