အမေရိကန်စစ်ဘက် ထိပ်တန်းအရာရှိများ မြန်မာနိုင်ငံ ရောက်ရှိ

အဖွဲ့ဝင် ၃၀ ကျော်ပါဝင်တဲ့ အမေရိကန်စစ်တပ် ထိပ်တန်းအရာရှိတွေ နဲ့ အရပ်ဘက် ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံကို ရောက်ရှိတယ်လို့ Financial Times သတင်းစာမှာ အောက်တိုဘာလ ၁၄ ရက်နေ့က ဖေါ်ပြပါတယ်။

2012.10.15

အဲဒီကိုယ်စားလှယ်အဖွဲ့မှာ အမေရိကန်စစ်တပ်ရဲ့ ပစ္စိဖိတ်ဒေသကွပ်ကဲမှု အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး Francis Wiercinski လည်းပါဝင်တာကြောင့် အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ အပြောင်းအလဲမှာ စစ်ရေးဆိုင်ရာ ဆက်ဆံရေးပါ တိုးမြှင့်လိုက်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

ဝါရှင်တန်ဒီစီ အခြေစိုက် CSIS နိုင်ငံတကာ လေ့လာရေး မဟာဗျူဟာဌာန ရဲ့ နောက်ဆုံး ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာလည်း အမေရိကန် အစိုးရ အနေနဲ့ မြန်မာအစိုးရနဲ့ စစ်ရေးဆိုင်ရာ ဆက်ဆံရေး ပြန်လည် ချိတ်ဆက်ဖို့ နဲ့ မြန်မာစစ်တပ်ကို သင်တန်းတွေပေးရေး အထိ စဉ်းစားသင့်ကြောင်း အမေရိကန် အစိုးရကို အကြံပြုထားတယ်လို့ သိရပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတကြီး  ဦးသိန်းစိန်တို့ရဲ့ အမေရိကန် ခရီးစဉ် အောင်အောင်မြင်မြင် ပြီးဆုံးသွားချိန်မှာ အခုလို အမေရိကန်စစ်တပ်က ထိပ်ပိုင်း ခေါင်းဆောင်တွေရဲ့ ခရီးစဉ် ဖြစ်လာတာလို့လည်း Financial Times သတင်းစာက ရေးသားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။