မန္တလေးမှာ စစ်ကောင်စီ ဝင်ရောက်ပစ်ခတ်ဖမ်းဆီးမှု နှစ်ဦး သေဆုံး

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ လမ်း ၆၀ နဲ့ ၆၁ လမ်း၊ ၃၇ လမ်းနဲ့ ၃၈ လမ်းကြားမှာရှိတဲ့ ရတနာတိုင်း ပြည်အိမ်ရာကို ဩဂုတ်လ ၂၂ ရက် မနေ့ညပိုင်းက စစ်ကောင်စီအဖွဲ့ဝင်တွေ ဝင်ရောက်ရှာဖွေပြီး ပစ်ခတ်မှု ဖြစ်ခဲ့တာကြောင့် နှစ်ဦး သေဆုံးပြီး နှစ်ဦးအဖမ်းခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က သေဆုံးသူနှစ်ဦးဟာ ဘယ်သူဘယ်ဝါဖြစ်တယ်တာတော့ မသိရသေးဘူးလို့ မန္တလေးမြို့ဒေသခံ လူငယ်အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
မနေ့ည ၉ နာရီလောက်ကတည်းကစပြီး ည ၁၂ နာရီဝန်းကျင်ခန့်အထိ ရတနာတိုင်းပြည် အိမ်ရာအပါအဝင် မန္တလေးမြို့ထဲက နေရာအချို့မှာ သေနတ်ပစ်ခတ်သံတွေ ဆက်တိုက်ကြားခဲ့ရတယ်လို့လည်း လူငယ်အဖွဲ့ဝင် က ဆိုပါတယ်။
လူငယ်နှစ်ဦး သေဆုံးတဲ့ကိစ္စနဲ့ပတ်သက်လို့ သီးခြားအတည်ပြုနိုင်ဖို့ RFA က ဆက်လက်စုံစမ်းနေဆဲဖြစ် ပါတယ်။
အဆိုပါအိမ်ယာဝန်းထဲက တိုက်ခန်းတစ်ခုကို သတင်းအရ ဝင်ရောက်ရှာဖွေရင်း ထွက်ပြေးသွားသူ နှစ်ဦးကို ပစ်ခတ်ဖမ်းဆီးတာကြောင့် သေဆုံးသွားတာလို့ မန္တလေးမြို့အခြေစိုက် VOM သတင်းဌာနမှာ ဖော်ပြထား ပါတယ်။