ကြံခင်းမှာ ဒီညပစ်ခတ်၊ နှစ်ဦးကျည်ဆံထိမှန်၊ ၇ ဦးဖမ်းဆီးခံရ

2021.03.22
ကြံခင်းမှာ ဒီညပစ်ခတ်၊ နှစ်ဦးကျည်ဆံထိမှန်၊ ၇ ဦးဖမ်းဆီးခံရ ဧရာဝတီတိုင်း ကြံခင်းမြို့မှာ စစ်တပ်နဲ့ ရဲတွေ မတ်လ ၂၂ ရက်ညက အကြမ်းဖက်ပစ်ခတ်ပြီးနောက် တွေ့ရစဉ်။
Photo: Citizen Journalist

ဧရာဝတီတိုင်း ကြံခင်းမြို့မှာ စစ်တပ်နဲ့ ရဲတွေ ဒီကနေ့ည အကြမ်းဖက်ပစ်ခတ်မှုကြောင့် နှစ်ဦး သေနတ် ကျည်ဆံထိမှန် ပြင်းထန်တဲ့ ဒဏ်ရာရသွားပြီးတော့ လူငယ် ၇ ယောက် ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

ရပ်ကွက် ကင်းစောင့်နေတဲ့ ကင်းသမားတစ်ယောက်ကို ရဲက ရိုက်နှက်ဖမ်းဆီးတာကြောင့် ရပ်ကွက်နေ ပြည်သူတွေ မခံမရပ်နိုင်ဖြစ်ပြီး လမ်းမပေါ်ထွက်လာချိန်မှာ ပစ်ခတ်ဖြိုခွဲခံရတာလို့ ဆိုပါတယ်။

"သေနတ်နဲ့ အချက် ၅၀ လောက်ပစ်တယ်။ ကင်းသမားကိုခေါ်သွားလို့ လူတွေလမ်းပေါ်ထွက်လာတော့ ကြံခင်းရဲက မြန်အောင်က စစ်တပ်ကို လှမ်းခေါ်တာ။ အဲ့ဒီ စစ်တပ်က ပစ်တာ၊ မြို့ထဲကားတွေနဲ့ ဝင်လာကတည်းက တရစပ်ပစ်တာ"လို့ ကြံခင်းမြို့ ဒေသခံ သံဃာတစ်ပါးက RFA ကို မိန့်ပါတယ်။

သေနတ်ကျည်ဆံထိမှန်ခဲ့တဲ့သူ နှစ်ဦးထဲက တစ်ဦးဟာ လက်မောင်းပြတ်လုနီးပါးခံစားနေရပြီး နောက်တစ်ဦး ကတော့ ခြေထောက်ကို ထိသွားတယ်လို့ မိန့်ပါတယ်။

လက်ရှိ ည ၁၂ နာရီလောက်အချိန်ထိ ကြံခင်းမြို့ထဲမှာ စစ်တပ်နဲ့ရဲတွေ လှည့်ပတ်နေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။