တိုက်ပွဲမရှိတဲ့ နမ္မတူမြို့နယ်ကို စစ်ကောင်စီ လေကြောင်းသုံး တိုက်ခိုက်နေတယ်လို့ TNLA ပြော

RFA Burmese
2024.01.06
တိုက်ပွဲမရှိတဲ့ နမ္မတူမြို့နယ်ကို စစ်ကောင်စီ လေကြောင်းသုံး တိုက်ခိုက်နေတယ်လို့ TNLA ပြော ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နမ္မတူမြို့နယ် ကုန်းဆာကျေးရွာက နေအိမ်များအား တွေ့ရစဉ်။
TNLA

စစ်ကောင်စီနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်တွေဟာ ရှမ်းပြည်နယ်အတွင်း ကွတ်ခိုင်၊ လားရှိုး နဲ့ကျောက်မဲမြို့နယ်တွေက ကျေးရွာတွေထဲကိုဇန်နဝါရီလ ၆ ရက် မနေ့က တိုက်ပွဲတွေဆက်ဖြစ်နေသလို တိုက်ပွဲမရှိတဲ့ နမ္မတူမြို့နယ်က ကုန်းဆာကျေးရွာထဲကိုလည်း စစ်ကောင်စီက လေကြောင်းကနေ အကြိမ်ကြိမ် တိုက်ခိုက်နေတယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ကွတ်ခိုင်မြို့နယ်မှာ ကွတ်ခိုင်ဗျူဟာကုန်းကို စစ်ကောင်စီက ထောက်ပို့ယာဉ် Y12 နဲ့ ဇန်နဝါရီလ ၆ ရက်နေ့မှာ လက်နက်ခဲယမ်းတွေ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

နောင်ချိုမြို့နယ်ထဲက သုံးဆယ်ကျေးရွာကိုလည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။ နောင်ချိုမြို့နယ် ကျောက်မဲလေးကျေးရွာမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး အဲ့ဒီတစ်ဝိုက်ကို စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

နမ္မတူမြို့နယ်က ကုန်းဆာကျေးရွာသစ်မှာတော့ နှစ်ဖက် တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လေကြောင်းကနေ အကြိမ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့လို့ ဒေသခံတစ်ဦးနဲ့ TNLA ကတပ်ဖွဲ့ဝင် တစ်ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့သလို နေအိမ် ၁၄ လုံး ကျည်ထိမှန် ပျက်စီးခဲ့တယ်လို့ TNLA က ဇန်နဝါရီ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။