အင်ဒို အတွေ့အကြုံ မြန်မာယူနိုင်ကြောင်း တီမော သမ္မတဟောင်း ပြောဆို
2015.06.21
မြန်မာနိုင်ငံဟာ လုံခြုံရေးနဲ့ နိုင်ငံရေးဆိုင်ရာ ပြဿနာတွေနဲ့ ပတ်သက်ပြီး အတော်များများ ဆောင်ရွက်ဖို့လိုနေသေး တယ်လို့ တီမောသမ္မတဟောင်း က ပြောပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့၊ Unites Nations တက္ကသိုလ် မှာ ဇွန်လ ၂၀ ရက်နေ့က ကျင်းပတဲ့ အာရှတိုက် ငြိမ်းချမ်းရေး တည်ဆောက်မှု၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီဖေါ်ဆောင်ရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ တက်ရောက်လာတဲ့ တီမော သမ္မတဟောင်း ငြိမ်းချမ်းရေးနိုဘဲဆုရှင် ဟိုဆေးရာမို့စ်ဟွန်တာ ကို Channel News Asia သတင်းဌာနက မေးမြန်းရာမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
အာရှတိုက်က ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီရေး အခြေအနေတွေနဲ့ ပတ်သက် ပြီး မေးမြန်းရာမှာ မြန်မာနိုင်ငံအကြောင်း ထည့်သွင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။
တိုင်းရင်းသားပေါင်းစုံ၊ ယဉ်ကျေးမှုမျိုးစုံရှိတဲ့ လူ့အဖွဲ့အစည်းမှာ အခြေအနေတွေကို ဘယ်လို စီမံခန့်ခွဲ ထိန်းသိမ်းဆောင်ရွက်ရမယ်ဆိုတာနဲ့ ပတ်သက် ပြီး၊ မြန်မာနိုင်ငံအနေနဲ့ အင်ဒိုနီးရှားရဲ့အတွေ့အကြုံတွေကနေ သဲလွန်စတွေ ရယူနိုင်တယ် ထင်ပါတယ်၊ ရိုဟင်ဂျာအရေးလို ပြဿနာမျိုးတွေကို မြန်မာနိုင်ငံ ကြိုးပမ်း ဖြေရှင်းရမယ့် ကိစ္စတွေ အများကြီး ရှိနေပါတယ်၊ မြန်မာသမ္မတအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ပူးပေါင်းပြီး အကောင်း ဆုံးဖြစ်အောင် ဆက်လက်ဆောင်ရွက်သွားဖို့ မျှော်လင့်ပါတယ်လို့ ဟိုဆေးရာမို့စ်ဟွန်တာ က ပြောကြားခဲ့တာပါ။
ဒါ့ပြင် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့လည်း မြန်မာအပေါ် အလွန်အမင်း ဖိအားမပေးသင့်ကြောင်း၊ မြန်မာ အစိုးရဟာ အလွန်ခက်ခဲရှုတ်ထွေးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။
ဒါပေမဲ့ ဖိလစ်ပိုင်နိုင်ငံမှာ အစိုးရနဲ့ MILF မွတ်စလင်သူပုန်တွေကြား လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး တီမော သမ္မတဟောင်း က ချီးကျူးပြောဆိုခဲ့ ပါတယ်။