မြန်မာအလုပ်သမား ထိုင်ဝမ် ငှားမည်


2015.03.10

အလုပ်သမားရှားပါးလာနေတဲ့ ထိုင်ဝမ် နိုင်ငံဟာ မြန်မာနိုင်ငံက အလုပ်သမားတွေ တင်သွင်းဖို့စီစဉ်နေပါတယ်။

အထူးသဖြင့် ကုန်စည်ထုတ်လုပ်ရေးနဲ့ စိုက်ပျိုးရေး ကဏ္ဍတွေအတွက် မြန်မာအလုပ်သမားတွေကို ခေါ်ယူတင်သွင်း မှာဖြစ်ကြောင်း အလုပ်အင်အားစု ဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူးချုပ်က တနင်္လာနေ့က ပြောကြားခဲ့တာပါ။

ကနဦးအဆင့်အနေနဲ့ မြန်မာအလုပ်သမား ၁၀၀ ကနေ ၂၀၀ အထိ ခေါ်ယူပြီး စမ်းသပ်ကြည့်မယ်လို့ သိရပါတယ်။

စမ်းသပ်ကာလအစီအစဉ်ကို ဧပြီလကုန် သို့မဟုတ် မေလဆန်းပိုင်းမှာ စတင် အကောင်အထည် ဖေါ်မယ်လို့ဆိုပါတယ်။ ဒီအစီအစဉ်အောင်မြင်ရင် ထိုင်ဝမ်ဟာ စိုက်ပျိုးရေး ကဏ္ဍအတွက် ပထမဆုံးအကြိမ် နိုင်ငံခြားအလုပ်သမားတွေမှာယူ တင်သွင်းတော့မှာဖြစ်ပါတယ်။

အခုလတ်တလော ထိုင်ဝမ်မှာ လာရောက်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေဟာ ထိုင်း၊ အင်ဒိုနိးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတွေက လာကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။