အစိုးရ စစ်တပ်ယာဉ်တန်းကို SSA တပ်ဖွဲ့ ချုံခိုတိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်နဲ့ နမ့်စမ်မြို့ အကြား ဝမ်ပုံရွာအနီးမှာ မြန်မာအစိုးရတပ်နဲ့ SSA တပ်တို့ စနေနေ့ မွန်းလွဲ ၄ နာရီခန့်မှာ တိုက်ပွဲ အတန်ကြာ ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

2011.07.31

ဒေသခံတွေ အဆိုအရ အစိုးရတပ် ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်က ကားသုံးစီးပါ ယာဉ်တန်းကို လွိုင်လင်မြို့ကနေ ၇ မိုင်အကွာ ဝမ်ပုံရွာ အနီးမှာ SSA တပ်တွေက ချုံခိုတိုက်ခိုက်ရာက စတင်လို့ တိုက်ပွဲ ဖြစ်ပွားတာလို့ သိရပါတယ်။ အထိအခိုက် အကျအဆုံး ဘယ်လောက် ရှိတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ လေးရက်လောက်ကလည်း နမ့်စမ်မြို့နယ် ဟိုနမ်းရွာ ဂွတ်ချိုးကွေ့အနီးမှာ အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ ပအို့တပ်နဲ့ SSA တပ်ဖွဲ့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့သေးတယ်လု့ိ သိရှိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။