အရာတော်မြို့နယ်မှာ လူငယ် ၂၀ ထက်မနည်း အဖမ်းခံရ

2021.09.23
အရာတော်မြို့နယ်မှာ လူငယ် ၂၀ ထက်မနည်း အဖမ်းခံရ စစ်ကိုင်းတိုင်း၊ အရာတော်မြို့ကို တွေ့ရစဥ်
ဓါတ်ပုံ - အရာတော်မြို့

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ကြာပင်လှရွာနဲ့ မကျည်းကန်ရွာမှာ စက်တင်ဘာလ ၂၂ ရက် မနေ့ မနက် ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရွာသား ၂၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဖမ်းခံလိုက်ရတဲ့ ရွာသားတွေထဲမှာ အသက်မပြည့်သေးသူတွေနဲ့ အသက် ၂၀ ဝန်းကျင် လူငယ်တွေ အများ ဆုံးပါဝင်ပြီး အားလုံးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မဟုတ်ကြသလို အခြား ဘယ်အဖွဲ့အစည်း တွေနဲ့မှ ပတ်သက်ထားတာမရှိကြဘူးလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ရွာတွေထဲကို ဝင်ရောက်ရှာဖွေဖမ်းဆီးတာအပြင် နေအိမ်တွေကိုပါ ဖျက်ဆီး တာတွေ လုပ်နေတာကြောင့် ဒေသခံ ၇၀၀ နီးပါး နီးစပ်ရာရွာတွေဆီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။

အဖမ်းခံရသူတွေဟာ လက်ရှိအရာတော်မြို့နယ် ရဲစခန်းမှာမရှိဘဲ ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားလဲ ဆိုတာကိုလည်း စုံစမ်းလို့မရသေးဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။

အရာတော်မြို့ဟာ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး အကြောင်းပြချက်နဲ့ အင်တာနက်အဖြတ်ခံထားရတဲ့ မြို့ဖြစ်သလို အခုလိုအဖမ်းခံရတာကလည်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။