မြန်မာ စစ်တပ်မှ အကြပ်၊တပ်သား ခြောက်ဦး (SSA) တောင်ပိုင်းထံ လက်နက်ချ

ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်နေ့က အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရလခ (ယာယီ)လက်အောက်ခံ ခလရ ၁၅၂ က အကြပ်၊ တပ်သား ခြောက်ယောက်ဟာ လက်နက် ၉ လက်နဲ့အတူ SSA တောင်ပိုင်းကို ဝင်ရောက် ပူးပေါင်းခဲ့တယ်လို့ ရှမ်းပြည်တပ်မတော် SSA တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ စိုင်းဆိုင်မွန်းက RFA ကို ပြောပါတယ်။

2011.04.19
shan_ssa_soldiers_305_z.jpg ရှမ်းပြည်တပ်မတော်မှ လက်နက်ကိုင် တပ်ဖွဲ့ဝင်များ မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အဲဒီ မြန်မာစစ်သားတွေ လက်နက်ချလာကြတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး သူက ခုလို ဆက်လက် ပြောပြပါတယ်။

“မြန်မာ စစ်တပ်ထဲမှာ ဒီလိုမျိုး စစ်သားတွေ ထွက်ပြေးတယ် ဆိုတာလည်း နှစ်တိုင်းလိုလို အမြဲတမ်း ရှိနေတာပေါ့နော်။ အများအပြားလည်း ရှိနေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ တဖက်တလမ်းက သူတို့က ဒီလိုမျိုး အတင်းအဓမ္မ စစ်တပ်ထဲ ဆွဲခေါ်ပြီး ဝင်ပြီး လုပ်ရတဲ့အတွက်လည်း တပိုင်း၊ ပြီးတော့ အတွင်းထဲက အထက်က သူတို့ ဖိနှိပ်ချုပ်ချယ်မှုပေါ့နော်၊ မတရားမှုတွေ ရှိတယ်၊ ပြီးတော့ အလုပ်ကြမ်း ခိုင်းစေတာပေါ့နော်၊ ပြီးတော့ တပ်တွင်းမှာ ရိက္ခာလုံလောက်မှုတို့၊ ငွေကြေး ဖြတ်တောက်ခံရမှုတို့ အဲဒီဖက်ပိုင်းမှာလည်း ရှိတဲ့အတွက် ပြီးတော့ တပ်တွင်းထဲမှာလည်း သူတို့ ပြိုကွဲမှု ရှိတယ် ဆိုတာတော့ ကျွန်တော်တို့ မြင်ရတာပေါ့နော်။”

လက်နက်ချ ပူးပေါင်းလာတဲ့ မြန်မာစစ်သား ခြောက်ယောက်ကတော့ တပ်ကြပ် တင်ကိုလှ (၂၆ နှစ်) နဲ့ ရဲဘော် မိုးစစ်၊ မောင်ထွေး၊ ကျော်သူ၊ တိုးသက်အောင်နဲ့ မြင့်ချစ်ဦးတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-04-21 00:49

verry good soldier god speace you

Anonymous
2011-04-21 01:38

i like this rfa all the poepel god space you