PR စနစ်နဲ့ပတ်သက်တဲ့အကြံပြုချက်တွေ ပါတီတွေဆီကတောင်းခံစာ အွန်လိုင်းမှာ ပျံ့နေ

2021.03.01
PR စနစ်နဲ့ပတ်သက်တဲ့အကြံပြုချက်တွေ ပါတီတွေဆီကတောင်းခံစာ အွန်လိုင်းမှာ ပျံ့နေ နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး အဆောက်အအုံ အဝင်ဝကို တွေ့ရစဉ်
Photo: RFA

စစ်ကောင်စီကခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သစ်က အချိုးကျကိုယ်စားပြု PR စနစ်နဲ့ ပတ်သက်တဲ့ စာတမ်းတွေ လေ့လာသုံးသပ် အကြံပြုချက်တွေကို ပေးပို့ဖို့ နိုင်ငံရေးပါတီတွေကို ဖေဖော်ဝါရီ ၂၈ ရက်စွဲနဲ့ ပေးပို့တဲ့ စာတစ်စောင် လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။

နိုင်ငံရေးပါတီတွေကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သစ်ဆီကနေ စာလက်ခံရရှိတာ မရှိသေးဘူး လို့ ပြောကြပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေး ပါတီတွေ တွေ့ဆုံပွဲမှာ တက်ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီတချို့က လက်ရှိ ကျင့်သုံးနေတဲ့ ရွေးကောက်ပွဲစနစ် ဖြစ်တဲ့ မဲအများဆုံး ရရှိသူတစ်ဦးသာ အနိုင်ရကိုယ်စားလှယ်ဖြစ်တဲ့စနစ်အစား အချိုးကျကိုယ်စားပြုစနစ် PR စနစ်ကို ပြောင်းလဲကျင့်သုံးသင့်တဲ့အကြောင်း တင်ပြခဲ့ကြတယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ အတွင်းရေးမှူး ဦးစောဟန်အေးက ပြောပါတယ်။

“UEC ကတော့ သူတို့ထုတ်တဲ့စာ မှန်သမျှပို့မယ်လို့ပြောတယ်။ တကယ်လို့ဒီစာမှန်ခဲ့ရင်တော့ ရောက်မှာပေါ့။ ခုလောလောဆယ်တော့ မရောက်သေးဘူး။ PR စနစ်ပါ ထည့်သွင်းကျင့်သုံးဖို့ ပြောတာပါ။ MIX လုပ်ပြီးတော့ ကျင့်သုံးဖို့ ဒါကိုတင်ပြကြတာပါ။ အဓိက အများစုကတော့ တိုင်းရင်းသားပါတီတွေပေါ့။ PR စနစ်ကြီး တစ်ခုတည်း မဟုတ်ပါဘူး။ လိုအပ်တဲ့နေရာမှာ PR စနစ်ကို ပေါင်းထည့်ကျင့်သုံးဖို့ပေါ့။ ဒါအတွက်လည်း အချိန်ယူရမယ်ပြောပါတယ်။ ဖြစ်နိုင်တယ် မဖြစ်နိုင်တယ်ဆိုတာကတော့ အချိန်ပေါ်မှာ မူတည်ပါလိမ့်မယ်။"

လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့စာနဲ့ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သစ်ကို RFA က အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။

လက်ရှိ ကျင့်သုံးနေတဲ့ ရွေးကောက်ပွဲစနစ်ဟာ မဲအများဆုံးရရှိသူတစ်ဦးသာ အနိုင်ရကိုယ်စားလှယ်ဖြစ်တဲ့ First Past The Post System ( FPTP System ) ဖြစ်ပါတယ်။ အချိုးကျ ကိုယ်စားပြု PR စနစ်ဆိုတာဟာ မဲဆန္ဒနယ်တစ်ခုမှာ မဲအများဆုံး ရရှိတဲ့သူက အနိုင်ရတဲ့ ပုံစံမျိုးမဟုတ်ဘဲ ထောက်ခံမဲ အချိုးကျအပေါ်မှာ မူတည်ပြီး လွှတ်တော်ကိုယ်စားလှယ် ရရှိတဲ့ ပုံစံဖြစ်ပါတယ်။ PR စနစ်ကို ထောက်ခံသူတွေရှိသလို အပြင်းအထန် ဝေဖန်ဆန့်ကျင်သူတွေလည်း ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-03-01 05:48

This is like shrinking a goal post in the middle of a game. Such a brilliant idea when you are losing every time. I can see only Burmese military dictatorship do that. This is winning at all cost strategy.