ညောင်ဦးမှာ ဧည့်စာရင်းတိုင်ဖို့နဲ့ PSI စလောင်းတွေ ဖြုတ်ဖို့ လိုက်လံကြေညာ

2021.04.26
ညောင်ဦးမှာ ဧည့်စာရင်းတိုင်ဖို့နဲ့ PSI စလောင်းတွေ ဖြုတ်ဖို့ လိုက်လံကြေညာ သတင်းတွေ ဖမ်းယူနိုင်တဲ့ PSI ဂြိုလ်တုစလောင်းတပ်ဆင်ထားတဲ့ အိမ်တစ်အိမ်ကို တွေ့ရစဉ်
Photo: Citizen Journalist

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ PSI စလောင်းတွေ တပ်ဆင်ထားရင် ဖြုတ်ဖို့နဲ့ ရပ်ကွက်၊ မြို့နယ်ကျော်ပြီး ရောက်ရှိလာသူရှိရင် ဧည့်စာရင်းတိုင်ဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီကနေ့ ဧပြီလ ၂၆ ရက်နေ့ မနက်မှာ ကားနဲ့ လှည့်လည်ကြေညာနေတယ်လို့ သိရပါတယ်။

"အရင်ကတော့ အခုလိုမကြေညာဖူးဘူး။ ဒီနေ့မှ ကြေညာတာပါ။ ဆိုင်တွေအနေနဲ့လည်း PSI စလောင်း တွေ မရောင်းဖို့လည်း ပြောတယ်။ သူတို့က ဖြုတ်ဆိုတော့လည်း တချို့အိမ်တွေက ဖြုတ်နေကြပါတယ်"လို့ ညောင်ဦးဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

စစ်ကောင်စီက ပိတ်ပင်ထားတဲ့ မဇ္ဇိမ သတင်းဌာနနဲ့ DVB သတင်းဌာနဟာ မြန်မာပြည်သူတွေ ပေးပို့လာတဲ့ သတင်းတွေကို PSI စလောင်းကနေ ထုတ်လွှင့်ပြသနေတာမို့ အင်တာနက်မရတဲ့ ဒေသတွေမှာ PSI စလောင်း ဟာ ပြည်သူတွေ ကြည့်ရှုမှုများတဲ့ လိုင်း ဖြစ်နေပါတယ်။

ကျေးရွာနဲ့ မြို့နယ် အချို့တွေမှာ PSI စလောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယ်တိုင် လိုက်လံဖြုတ်သိမ်း ခဲ့တာတွေလည်း ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။