ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု မရရှိ


2013.05.28

မြန်မာအစိုးရရဲ့ တားဆီးကန့်သတ်မှုတွေကြောင့် ရခိုင်ပြည်နယ်အနောက်ပိုင်း ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အခြေခံစောင့်ရှောက်မှုတွေ မရရှိပဲဖြစ်နေတယ်လို့ MSF နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ပြောပါတယ်။

အဲဒီဒေသမှာ ကူးသန်းသွားလာရေးကို ထိန်းချုပ်ထားတဲ့အတွက် ဆေးရုံ၊ စာသင်ကျောင်း၊ ငါးဖမ်း၊ ထင်းခွေစတာတွေ မလုပ်နိုင်ပဲရှိနေတယ်လို့ အဲဒီဒေသက ပြန်ရောက်လာခဲ့တဲ့ နိုင်ငံတကာ ကူညီစောင့်ရှောက်ရေး အဖွဲ့ဖြစ်တဲ့ MSF က ပြောပါတယ်။

အဆုတ်နာ ဝေဒနာရှင်တွေ၊ ကိုယ်ဝန်ဆောင်တွေအတွက်လဲ ကျန်းမာရေးစောင့်ရှောက်မှု မရပဲဖြစ်နေတယ်လို့ ဆိုပါတယ်။

MSF အဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ အနှစ် ၂၀ လောက် အလုပ်လုပ်ခဲ့ပြီး HIV/AIDS ၊ တီဘီ အဆုတ်နာစတဲ့ ရောဂါတွေနဲ့အတူ အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ခဲ့တယ်လို့ AP သတင်းက ဖေါ်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။